[Zawgyi]



 





ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

ကြွေရုပ်ရှင် ဇာတ်ကားထဲ က နာမည်ကြီးနေတဲ့ ခင်ရင်တင် ဆိုတဲ့ ကောင်မလေး သရုပ်ဆောင်အိချောပို

ကြွေရုပ်ရှင်ဇာတ်ကားလက်မှတ်ထိုးပွဲ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သရုပ်ဆောင်အိချောပိုရဲ့အလှဓါတ်ပုံတွေနဲ့ ပရိသတ်တွေအတူတူရိုက်ထားကြတဲ့ သဘာဝကျတဲ့ ဓါတ်ပုံတချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

ကြွေရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကို ပိုစတာထွက်ရှိကတည်းကရရှိခဲ့တဲ့ဇာတ်ကားတစ်ခုဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသတဲ့ ရက်မှာလည်း ပရိသတ်တွေ အားပေးကြတာကို တွေ့ရပါတယ်။

ကြွေဇာတ်ကားအတွက် လက်မှတ်ထိုးပွဲတွေတက်ရောက်ခဲ့တဲ့ အိချောပိုလည်း သူမရဲ့လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေကြောင့်ပျော်ရွှင်ရပါတယ်ဆိုပြီး အခုလိုဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

“ဒီနေ့ “ကြွေ” ရုပ်ရှင်ကားလတ်မှတ်ထိုးပွဲမှာ…
ချစ်ပရိတ်သတ်တွေကြောင့်ပျော်ခဲ့ရတယ်…
အားလုံးကျေးဇူးပါရှင့်.”

အခုလိုလက်မှတ်ထိုးပွဲတွေကိုတော့ မန္တလေးက ရုပ်ရှင်ရုံ ၃ ရုံ နဲ့ ရန်ကုန်က ရုပ်ရှင်ရုံတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာလည်း “သန်လျင်(မြဟံသာ), မြောက်ဥက္ကလာ(ကန်သာယာ), မှော်ဘီ(paradiso) မှာ ချစ်ပရိတ်သတ်များနဲ့ထပ်မံတွေ့ဆုံမယ်လို့” သရုပ်ဆောင်အိချောပိုက သူမရဲ့လူမှုကွန်ရက်မှာရေးသား ထားပါသေးတယ်။

ကြည်သာ (Akhayar)

Photo Credit: Ei Chaw Po (Amazing Grace) (Zaw G) Facebook

www.akhayar.com