[Zawgyi]

အဆိုေတာ္ က်ားေပါက္ရဲ့ ပထမဆံုးပန္းခ်ီျပပြဲ မတ္လ ၉ရက္ေန႔မွာ လာေတာ့မယ္

ဒီပြဲကေတာ့ က်ားေပါက္ရဲ့ ပထမဆံုးပန္းခ်ီျပပြဲျဖစ္သလို စီစဥ္တဲ့ WE Creation အတြက္လည္း ပထမဆံုးပြဲျဖစ္ပါတယ္။ ဒီပြဲကိုေတာ့ Outelligence လို႔ အမည္ေပးထားျပီး က်ားေပါက္ဆြဲထားတဲ့ ပန္းခ်ီကားေတြကို စုစည္းျပသမွာ ျဖစ္ပါတယ္။

ထူးျခားဆန္းသစ္တဲ့ ဂီတမ်ားစြာကို ဖန္တီးခဲ့တဲ့ က်ားေပါက္ရဲ႕ လက္ထဲက ထြက္ရိွလာတဲ့ အေရာင္ အတြဲအစပ္ အသစ္မ်ား၊ ရုပ္ပံုအသစ္မ်ားတို႔ကို စုစည္းျပသမယ့္ ပန္းခ်ီျပပြဲ ျဖစ္တယ္လို႔ဆိုထားတဲ့ ဒီျပပြဲကို မတ္လ ၉ရက္ကေန မတ္လ ၁၁ ရက္ေန႔ထိျပသသြားမွာပါ။

ျပသမယ့္ ေနရာကေတာ့ အမွတ္ (၁၇) ၊ တကၠသုိလ္ရိပ္သာလမ္း၊ ဗဟန္းျမိဳ႕နယ္မွာ တည္ရွိျပီးေတာ့ ကမာၻေအးဘုရားလမ္းနဲ႔ တကၠသိုလ္ရိပ္သာလမ္းေထာင့္မီးပြိဳင့္နားက Gallery ပါ။ ဖြင့္ပြဲအခမ္းအနားကိုေတာ့ မတ္လ ၉ရက္ေန႔ ညေန၆နာရီမွာက်င္းပသြားမယ္လို႔ သိရျပီး ပြဲအထိမ္းအမွတ္ လြယ္အိတ္နဲ႔ အက်ီၤေတြကိုလည္း ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

ရိုးလူ (Akhayar)

www.akhayar.com
[Unicode]

အဆိုတော် ကျားပေါက်ရဲ့ ပထမဆုံးပန်းချီပြပွဲ မတ်လ ၉ရက်နေ့မှာ လာတော့မယ်

ဒီပွဲကတော့ ကျားပေါက်ရဲ့ ပထမဆုံးပန်းချီပြပွဲဖြစ်သလို စီစဉ်တဲ့ WE Creation အတွက်လည်း ပထမဆုံးပွဲဖြစ်ပါတယ်။ ဒီပွဲကိုတော့ Outelligence လို့ အမည်ပေးထားပြီး ကျားပေါက်ဆွဲထားတဲ့ ပန်းချီကားတွေကို စုစည်းပြသမှာ ဖြစ်ပါတယ်။

ထူးခြားဆန်းသစ်တဲ့ ဂီတများစွာကို ဖန်တီးခဲ့တဲ့ ကျားပေါက်ရဲ့ လက်ထဲက ထွက်ရှိလာတဲ့ အရောင် အတွဲအစပ် အသစ်များ၊ ရုပ်ပုံအသစ်များတို့ကို စုစည်းပြသမယ့် ပန်းချီပြပွဲ ဖြစ်တယ်လို့ဆိုထားတဲ့ ဒီပြပွဲကို မတ်လ ၉ရက်ကနေ မတ်လ ၁၁ ရက်နေ့ထိပြသသွားမှာပါ။

ပြသမယ့် နေရာကတော့ အမှတ် (၁၇) ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိပြီးတော့ ကမ္ဘာအေးဘုရားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်မီးပွိုင့်နားက Gallery ပါ။ ဖွင့်ပွဲအခမ်းအနားကိုတော့ မတ်လ ၉ရက်နေ့ ညနေ၆နာရီမှာကျင်းပသွားမယ်လို့ သိရပြီး ပွဲအထိမ်းအမှတ် လွယ်အိတ်နဲ့ အကျီၤတွေကိုလည်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ရိုးလူ (Akhayar)

www.akhayar.com