[Zawgyi]

Twilight မင္းသမီးေခ်ာေလး Kristen Stewart ရဲ႕ အမုိက္စား ဆံပင္ပုံစံအမ်ိဳးမ်ိဳး

အေမရိကန္နာမည္ေက်ာ္မင္းသမီး Kristen Stewart ဟာ Twilight Saga ရုပ္ရွင္ဇာတ္ကားတြဲေတြနဲ႕ပရိသတ္အားေပးမႈရရွိခဲ့ျပီး ၀င္ေငြအေကာင္းဆုံး အမ်ိဳးသမီးအႏုပညာရွင္စာရင္းမွာ ရပ္တည္ေနသူျဖစ္ပါတယ္။ သူမကုိျမင္လုိက္တာနဲ႕ ဘယ္ေတ့ာမဆုိ ထသြားထလာ ဖက္ရွင္ကအစ သူမ်ားနဲ႕မတူဘဲ အထာက်ေနတတ္ကုိ သတိထားမိၾကမွာပါ။

အဲ့ဒီထက္ ပုိျပီး သူ႕ခႏၶာကိုယ္တစ္ခုလုံးမွာ လူၾကည့္ခံရတဲ့ အခ်က္က သူ႕ရဲ႕ မ်က္ႏွာက်ေလးနဲ႕ လုိက္ဖက္တဲ့ ဆံပင္ပုံစံေတြေၾကာင့္ျဖစ္ပါတယ္။ သူမဟာ တက္သစ္စ ဘ၀မွာ မိန္းကေလးဆန္တဲ့ဖက္ရွင္နဲ႕ဆံပင္ပုံစံေလးေၾကာင့္ ခ်စ္စရာေကာင္းခဲ့သလုိ ၂၀၁၂ ခုနွစ္ေနာက္ပုိင္းမွာေတာ့ ဆံပင္တုိေလးညွပ္ျပီး ခပ္မုိက္မုိက္ ေကာင္မေလးတစ္ေယာက္အသြင္အျဖစ္ ေျပာင္းလဲသြားခဲ့တာကုိေတြ႕ရပါတယ္။

Kristen Stewart and Robbert Pattin Son

သူမကိုယ္တုိင္ကလည္းLGBT ကုိ ေထာက္ခံတဲ့သူတစ္ေယာက္ျဖစ္သလုိ လိင္တူလိင္ကြဲ ႏွစ္မ်ုိဳးစလုံးလက္ခံထားသူျဖစ္တယ္လုိ႕ ၀န္ခံထားတာျဖစ္ပါတယ္။ Stewart တစ္ေယာက္ Twilight ရုပ္ရွင္ဇာတ္ကားေတြရုိက္ကူးေနရင္းနဲ႕ ေသြးစုပ္ဖုတ္ေကာင္ဇာတ္ေကာင္မင္းသားေခ်ာ Robert Pattinson နဲ႕လူသိရွင္ၾကားတြဲခဲ့ပါတယ္။

သူတုိ႕ႏွစ္ေယာက္ကုိ ပရိသတ္တုိင္းက သေဘာတူၾကေပမယ့္ သူမထက္အသက္(၁၉)ႏွစ္ပုိၾကီးတဲ့ Snow White and the Huntsman ဒါရုိက္တာ Rupert Sanders နဲ႕ ယူလုိက္ျပီဆုိတဲ့ သတင္းေတြထြက္ခဲ့တာေၾကာင့္ လမ္းခြဲခဲ့ၾကပါတယ္။ တကယ့္ဒိတ္ဒိတ္က်ဲ အမ်ိဳးသားေတြနဲ႕ပဲ တြဲခုတ္ခဲ့တဲ့ သူမဟာ ၂၀၁၆ ခုႏွစ္ေႏွာင္းပိုင္းမွာေတာ့ နာမည္ၾကီးေမာ္ဒယ္လ္မေလး Stella Maxwell နဲ႕ ခ်စ္သူေတြျဖစ္ခဲ့ျပီး လက္ရွိအခ်ိန္ထိ အတြဲညီေနတာကုိေတြ႕ရပါတယ္။

ေဟာလိ၀ုဒ္ရဲ႕ အေက်ာ္ၾကားဆုံးမင္းသမီးအျဖစ္ Forbes မဂၢဇင္းက ေဖာ္ျပတဲ့စာရင္းမွာ နံပါတ္ တစ္ေနရာ ရပ္တည္ခဲ့ပါတယ္။ အရည္အခ်င္းရွိတဲ့မင္းသမီးတစ္လက္ျဖစ္သလုိ ဖက္ရွင္မွာလည္း သူမ်ားနဲ႕မတူ ကြဲထြက္ေနေအာင္ ၀တ္ဆင္ေ့လရွိတာမုိ႕ သူမညွပ္တဲ့ ဆံပင္ေကမွန္သမွ်ဟာ မိန္းကေလးတုိင္း အတုယူျပီး လုိက္ညွပ္ခ်င္စိတ္ေပါက္ေလာက္ေအာင္ အထာက်က်လန္းေနသူတစ္ေယာက္ပါပဲ။

Stella (Akhayar)

www.Akhyar.com

[Unicode]

Twilight မင်းသမီးချောလေး Kristen Stewart ရဲ့ အမိုက်စား ဆံပင်ပုံစံအမျိုးမျိုး

အမေရိကန်နာမည်ကျော်မင်းသမီး Kristen Stewart ဟာ Twilight Saga ရုပ်ရှင်ဇာတ်ကားတွဲတွေနဲ့ပရိသတ်အားပေးမှုရရှိခဲ့ပြီး ဝင်ငွေအကောင်းဆုံး အမျိုးသမီးအနုပညာရှင်စာရင်းမှာ ရပ်တည်နေသူဖြစ်ပါတယ်။ သူမကိုမြင်လိုက်တာနဲ့ ဘယ်တေ့ာမဆို ထသွားထလာ ဖက်ရှင်ကအစ သူများနဲ့မတူဘဲ အထာကျနေတတ်ကို သတိထားမိကြမှာပါ။

အဲ့ဒီထက် ပိုပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လူကြည့်ခံရတဲ့ အချက်က သူ့ရဲ့ မျက်နှာကျလေးနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံတွေကြောင့်ဖြစ်ပါတယ်။ သူမဟာ တက်သစ်စ ဘဝမှာ မိန်းကလေးဆန်တဲ့ဖက်ရှင်နဲ့ဆံပင်ပုံစံလေးကြောင့် ချစ်စရာကောင်းခဲ့သလို ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာတော့ ဆံပင်တိုလေးညှပ်ပြီး ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက်အသွင်အဖြစ် ပြောင်းလဲသွားခဲ့တာကိုတွေ့ရပါတယ်။

သူတို့နှစ်ယောက်ကို ပရိသတ်တိုင်းက သဘောတူကြပေမယ့် သူမထက်အသက်(၁၉)နှစ်ပိုကြီးတဲ့ Snow White and the Huntsman ဒါရိုက်တာ Rupert Sanders နဲ့ ယူလိုက်ပြီဆိုတဲ့ သတင်းတွေထွက်ခဲ့တာကြောင့် လမ်းခွဲခဲ့ကြပါတယ်။ တကယ့်ဒိတ်ဒိတ်ကျဲ အမျိုးသားတွေနဲ့ပဲ တွဲခုတ်ခဲ့တဲ့ သူမဟာ ၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာတော့ နာမည်ကြီးမော်ဒယ်လ်မလေး Stella Maxwell နဲ့ ချစ်သူတွေဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ အတွဲညီနေတာကိုတွေ့ရပါတယ်။

သူမကိုယ်တိုင်ကလည်းLGBT ကို ထောက်ခံတဲ့သူတစ်ယောက်ဖြစ်သလို လိင်တူလိင်ကွဲ နှစ်မျိုးလက်ခံထားသူဖြစ်တယ်လို့ ဝန်ခံထားတာဖြစ်ပါတယ်။ Stewart တစ်ယောက် Twilight ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရင်းနဲ့ သွေးစုပ်ဖုတ်ကောင်ဇာတ်ကောင်မင်းသားချော Robert Pattinson နဲ့လူသိရှင်ကြားတွဲခဲ့ပါတယ်။

ဟောလိဝုဒ်ရဲ့ အကျော်ကြားဆုံးမင်းသမီးအဖြစ် Forbes မဂ္ဂဇင်းက ဖော်ပြတဲ့စာရင်းမှာ နံပါတ် တစ်နေရာ ရပ်တည်ခဲ့ပါတယ်။ အရည်အချင်းရှိတဲ့မင်းသမီးတစ်လက်ဖြစ်သလို ဖက်ရှင်မှာလည်း သူများနဲ့မတူ ကွဲထွက်နေအောင် ဝတ်ဆင်ေ့လရှိတာမို့ သူမညှပ်တဲ့ ဆံပင်ကေမှန်သမျှဟာ မိန်းကလေးတိုင်း အတုယူပြီး လိုက်ညှပ်ချင်စိတ်ပေါက်လောက်အောင် အထာကျကျလန်းနေသူတစ်ယောက်ပါပဲ။

Stella (Akhayar)

www.Akhyar.com