[Zawgyi]
























ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

ကော်ဇောနီပေါ်မှာ ဖိနပ်ချွတ်လျှောက်ခဲ့တဲ့မင်းသမီးလေး Kristen Stewart

Cannes ကိန်းရုပ်ရှင် ပွဲတော် ကို ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ မေလ ၁၄ ရက်နေ့ကကျင်းပခဲ့ပါတယ်။ အဲ့ပွဲကို တက်ရောက်တဲ့ မင်းသား၊ မင်းသမီးတိုင်းဟာ Red Carpet ဖြစ်တဲ့ အတွက် ဝတ်စုံပြည့်ဝတ်ဆင်ပြီးတော့ တက်လေ့ရှိကြသလို ပွဲကိုစီစဉ်ကျင်းပသူတွေရဲ့ သတ်မှတ်ချက်အရ အမျိုးသမီးတွေအနေနဲ့ ဒေါက်ဖိနပ်ဝတ်ဆင်ပြီးတော့ သာပွဲတတ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေကိုလည်း ထားရှိတယ်လို့သိပါတယ်။

the 71st international film festival, Cannes, southern France

the 71st international film festival, Cannes, southern France

စီးလာတဲ့ ဖိနပ်ကို ချွတ်လိုက်တဲ့ မင်းသမီးလေး

စီးလာတဲ့ ဖိနပ်ကို ချွတ်လိုက်တဲ့ မင်းသမီးလေး

ဒါပေမယ့်လည်း ဒီပွဲ ကိုတက်ရောက်ခဲ့တဲ့ မင်းသမီး Kristen Stewart က ပွဲ ကိုတက်လာတုန်းကတော့ သူမဟာ ဒေါက်ဖိနပ်ကို ဝတ်ဆင်ခဲ့ပေမယ့်ကော်ဇောနီ လျှောက်လမ်း ပေါ်ကိုရောက်တဲ့ အခါမှာ ဖိနပ်ကိုချွတ်ပြီး ဒီအတိုင်ခြေဖလာနဲ့ ပွဲတက်ခဲ့တဲ့ ပုံတွေ ဟာ မီဒီယာတွေကြားမှာသတင်းတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။

စီးလာတဲ့ ဖိနပ်ကို ချွတ်လိုက်တဲ့ မင်းသမီးလေး

စီးလာတဲ့ ဖိနပ်ကို ချွတ်လိုက်တဲ့ မင်းသမီးလေး

သူမ ပုံစံ ကြည့်ရတာကတော့ တမင်သပ်သပ် ချွတ်လိုက်တဲ့ ပုံမဟုတ်ပေမယ့် သူမစီးထားတဲ့ ဖိနပ်ဟာ သူမအတွက် သက်သောင့်သက်သာမရှိလို့ ချွတ်လျှောက်လိုက်တဲ့ ပုံကို ပေါ်စေပေမယ့်လည်း Cannes ရုပ်ရှင်ပွဲတော်ရဲ့ ကန့်သတ်ချက်တစ်ခုကိုတော့ ဆန်ကျင်လိုက်သလိုဖြစ်သွားတဲ့ အတွက် အများက အံ့အားသင့်ကြပြီး သူမရဲ့ Fan တွေ ကတော့ သူမရဲ့ ပွင့်လင်းတဲ့ လုပ်ရက် ကို သဘောကျနေကြပါတယ်။

ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တဲ့ သူမရဲ့ စတိုင်

ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တဲ့ သူမရဲ့ စတိုင်

မင်းသမီး Kristen Stewart ဟာ Twilight ဇာတ်ကားနဲ့ လူသိများနာမည်ကြီးခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့ ဒီဇာတ်ကားထဲက မင်းသား Robert Pattinson နဲ့ချစ်ကြိုက်ခဲ့ကြပြီး ၂၀၁၂ ခုနှစ်မှာ လမ်းခွဲကြတဲ့ ဇာတ်လမ်းကလည်း အရမ်းကို နာမည်ကြီးလှပါတယ်။

Twilight ထဲကမင်းသား Robert-pattinson နဲ့ ချစ်ကြိုးသွယ်ခဲ့စဉ်က

Twilight ထဲကမင်းသား Robert-pattinson နဲ့ ချစ်ကြိုးသွယ်ခဲ့စဉ်က

Twilight ထဲကမင်းသား Robert-pattinson နဲ့ ချစ်ကြိုးသွယ်ခဲ့စဉ်က

Twilight ထဲကမင်းသား Robert-pattinson နဲ့ ချစ်ကြိုးသွယ်ခဲ့စဉ်က

Kristen-Stewart ရဲ့ ပြောင်းလဲလာတဲ့ ပုံစံ

Kristen-Stewart ရဲ့ ပြောင်းလဲလာတဲ့ ပုံစံ

Kristen-Stewart နဲ့ သူ့ရဲ့ ချစ်သူ

Kristen-Stewart နဲ့ သူ့ရဲ့ ချစ်သူ

၂၀၁၆ခုနှစ်နှောင်းပိုင်းလောက်ကစပြီးတော့ ယောက်ကျားလေးပုံစံနေထိုင်ပြီး သူမဟာ မိန်းမအချင်းချင်း ချစ်ကြိုက်တဲ့ Bisexual တစ်ဦးဖြစ်ကြောင်းကို လည်း ဝန်ခံပြီးဘဝကို လွတ်လပ်စွာဖြတ်သန်းနေတဲ့ အမျိုးသမီးအနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit: Bankrate .com

ကြည်သာ (Akhayar)

www.akhayar.com