[Zawgyi]

အသံဆူညံလြန္းမႈေၾကာင့္ ပိတ္လိုက္ရတဲ့ Krispy Kreme ဒိုးနတ္

ရန္ကုန္မွာ နာမည္ၾကီး Krispy Kreme ဒိုုးနတ္ဆိုင္ဖြင့္တဲ့အခ်ိန္မွာ ရုတ္ရုတ္သဲသဲ တန္းစီၾကတယ္ဆိုတာ အလြန္မဟုတ္ပါဘူး။ ဥေရာပႏုိင္ငံတစ္ခုျဖစ္တဲ့ အုိင္ယာလန္မွာလည္း Krispy Kreme ေၾကာင့္ ပြက္ေလာရိုက္ရတဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။

အုိင္ယာလန္ႏိုင္ငံ၊ ဒပ္ဗလင္ျမိဳ႕မွာ Krispy Kreme က 24 Hour Drive Through ဆိုင္လာဖြင့္ပါတယ္တဲ့။ Drive Through ဆိုတာကေတာ့ ကားေပၚကေန လူဆင္းစရာမလိုဘဲ ဝယ္ယူလို႔ရတဲ့ ဆုိင္အမ်ိိဳးအစားျဖစ္ပါတယ္။ ဒီမွာတင္ အခ်ိဳၾကိဳက္တဲ့၊ ဒိုးနတ္ၾကိဳက္တဲ့ ဒပ္ဗလင္ျမိဳ႕သားေတြဟာ ကားေတြနဲ႔ တန္းစီျပီး တန္းစီရင္း ဟြန္းေတြလည္း တီးလို တီးနဲ႔မို႔ အသံဆူညံမႈနဲ႔ ကားလမး္ပိတ္ဆို႔မႈျဖစ္တဲ့အတြက္ 24 Hour Service ေပးျခင္းကို တစ္ပတ္အၾကာမွာ ရပ္လိုက္ရပါေတာ့တယ္။

အခုေတာ့ ၂၄နာရီ ေရာင္းခ်မႈမျပဳေတာ့ဘဲ ည ၁၁း၃၀ ဆိုရင္ ဆုိင္ပိတ္ရျပီျဖစ္ပါတယ္။ ဒီကိစၥအတြက္ Krispy Kreme ရဲ႕ CEO Richard Cheshire ကေတာ့ ဒီလို အုိင္းရစ္ရွ္လူမ်ိဳးေတြရဲ႕ဒိုးနတ္ၾကိဳက္မႈဟာ ေမွွ်ာ္လင့္ထားတာထက္ အမ်ားၾကီးပိုတယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒီလို ကားတနး္အရွည္ၾကီးနဲ႔ ရုတ္ရုတ္သဲသဲျဖစ္သြားတာကိုလည္း Social Media မွာ မွ်ေဝျပီး အံ့ၾသေနၾကပါတယ္။

ဒါေၾကာင့္ ဒိုးနတ္ၾကိဳက္သူေတြကို အကဲပိုတတ္ရန္ေကာလို႔ မေတြးဘဲ ဒါမ်ိဳးေလးေတြ ရွိတယ္ဆုိျပီး နားလည္ေပးမယ္ဆုိရင္ျဖင့္..

www.akhayar.com

Source : Mashable
[Unicode]

အသံဆူညံလွန်းမှုကြောင့် ပိတ်လိုက်ရတဲ့ Krispy Kreme ဒိုးနတ်

ရန်ကုန်မှာ နာမည်ကြီး Krispy Kreme ဒိုးနတ်ဆိုင်ဖွင့်တဲ့အချိန်မှာ ရုတ်ရုတ်သဲသဲ တန်းစီကြတယ်ဆိုတာ အလွန်မဟုတ်ပါဘူး။ ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ အိုင်ယာလန်မှာလည်း Krispy Kreme ကြောင့် ပွက်လောရိုက်ရတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့မှာ Krispy Kreme က 24 Hour Drive Through ဆိုင်လာဖွင့်ပါတယ်တဲ့။ Drive Through ဆိုတာကတော့ ကားပေါ်ကနေ လူဆင်းစရာမလိုဘဲ ဝယ်ယူလို့ရတဲ့ ဆိုင်အမျိုးအစားဖြစ်ပါတယ်။ ဒီမှာတင် အချိုကြိုက်တဲ့၊ ဒိုးနတ်ကြိုက်တဲ့ ဒပ်ဗလင်မြို့သားတွေဟာ ကားတွေနဲ့ တန်းစီပြီး တန်းစီရင်း ဟွန်းတွေလည်း တီးလို တီးနဲ့မို့ အသံဆူညံမှုနဲ့ ကားလမ်းပိတ်ဆို့မှုဖြစ်တဲ့အတွက် 24 Hour Service ပေးခြင်းကို တစ်ပတ်အကြာမှာ ရပ်လိုက်ရပါတော့တယ်။

အခုတော့ ၂၄နာရီ ရောင်းချမှုမပြုတော့ဘဲ ည ၁၁း၃၀ ဆိုရင် ဆိုင်ပိတ်ရပြီဖြစ်ပါတယ်။ ဒီကိစ္စအတွက် Krispy Kreme ရဲ့ CEO Richard Cheshire ကတော့ ဒီလို အိုင်းရစ်ရှ်လူမျိုးတွေရဲ့ဒိုးနတ်ကြိုက်မှုဟာ မျှော်လင့်ထားတာထက် အများကြီးပိုတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီလို ကားတန်းအရှည်ကြီးနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားတာကိုလည်း Social Media မှာ မျှဝေပြီး အံ့သြနေကြပါတယ်။

ဒါကြောင့် ဒိုးနတ်ကြိုက်သူတွေကို အကဲပိုတတ်ရန်ကောလို့ မတွေးဘဲ ဒါမျိုးလေးတွေ ရှိတယ်ဆိုပြီး နားလည်ပေးမယ်ဆိုရင်ဖြင့်..

www.akhayar.com

Source : Mashable