[Zawgyi]

ဆိုးရြားတဲ့ေကာလဟလေတြေၾကာင့္ ဘဝမွာနလန္မထူႏိုင္ေအာင္ၿပိဳလဲခဲ့ဖူးတဲ့ Kpop Idol မ်ား

ေကေပါ့ပ္ေလာကမွာ Fan ေတြအားေပးၾကမ္းတာနဲ႔ပတ္သက္ၿပီး ျပႆနာေတြ မၾကာခဏျဖစ္ေလ့ရွိတာကို ျမန္မာႏိုင္ငံက ေကေပ့ါပ္ပရိသတ္ေတြ သိၿပီးျဖစ္ၾကမွာပါ။ ကိုရီးယားႏိုင္ငံမွာ ဒီလို Fan ေတြရဲ႕ အစြန္းေရာက္အားေပးမႈေတြက ႏိုင္ငံတကာပရိသတ္ေတြၾကား ေျပာစရာအေတာ္ေလးျဖစ္ရပါတယ္။ ပရိသတ္ေတြထဲမွာ Fan နဲ႔ Anti-fan ဆိုၿပီး Fan War ေတြ ျဖစ္ၾကတာကိုလည္းေတြ႕ရပါတယ္။ အစြန္းေရာက္တဲ့ Fan ေတြနဲ႔ Anti-fan ေတြၾကားက ျပႆနာ၊ ပဋိပကၡေတြေၾကာင့္ ေကေပါ့ပ္အိုင္ေဒါေတြက ၾကားထဲကေန ေတာင္းပန္ရတာေတြရွိသလို Anti-fan ေတြရဲ႕ ဆိုးဆိုးရြားရြားတုန္႔ျပန္တဲ့ Comment ေတြ၊ ေကာလဟလေတြေၾကာင့္ အေတာ္ေလးအထိနာသြားၾကတဲ့ ေကေပါ့ပ္အိုင္ေဒါေတြလည္း ရွိပါတယ္။

တစ္ခ်ိဳ႕အိုင္ေဒါေတြဆိုရင္ Anti-fan ေတြရဲ႕ မဟုတ္မမွန္သတင္းလႊင့္ၿပီး ေကာလဟလေတြေၾကာင့္ ဘဝမွာ နလန္မထူႏိုင္ေအာင္ၿပိဳလဲခဲ့ဖူးၾကသလို အဲဒီအက်ိဳးဆက္ေတြကို လက္ရွိအခ်ိန္အထိ ခံစားေနၾကရတုန္းပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ခ်စ္တဲ့အႏုပညာရွင္ေတြကို အားေပးၿပီဆိုရင္ အစြန္းေရာက္အားမေပးမိဖို႔ အေရးႀကီးပါတယ္။ အခုေတာ့ ေကေပါ့ပ္ေလာကမွာ အလႈပ္ခတ္ဆံုးျဖစ္ခဲ့တဲ့ ေကာလဟလျဖစ္ရပ္ေတြနဲ႔ အခုခ်ိန္အထိ အဲဒီအက်ိဳးဆက္ေတြကို ခံစားေနရတဲ့ ေကေပါ့ပ္အိုင္ေဒါေတြအေၾကာင္းကို ေဖာ္ျပေပးလုိက္ပါတယ္။

Suho

နာမည္ေက်ာ္ ေကေပါ့ပ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ EXO မွ အဖြဲ႕ဝင္ Suho ဟာ ဖခင္ျဖစ္သူရဲ႕ေကာလာဟလ သတင္းေတြေၾကာင့္ ကိုရီးယားႏိုင္ငံရဲ႕ အင္တာနက္စာမ်က္ႏွာေတြမွာ User ေတြရဲ႕ျပစ္တင္ေဝဖန္ျခင္းကို အလူးအလဲခံခဲ့ရပါတယ္။ အဲဒီေကာလာဟလသတင္းကေတာ့ ဖခင္ျဖစ္သူဟာ ဂ်ပန္အစိုးရရဲ႕သတင္းအခ်က္အလက္ေတြကို အင္တာနက္မွာျဖန္႔ေဝတဲ့သူေတြထဲက ပေရာ္ဖက္ဆာတစ္ဦးျဖစ္တယ္ဆိုတဲ့ သတင္းပဲျဖစ္ပါတယ္။ ဒီသတင္းေတြနဲ႔ပတ္သက္ၿပီး Suho တစ္ေယာက္ ပရိသတ္ေတြရဲ႕ေဝဖန္ပုတ္ခတ္တာေတြကိုလည္း အေတာ္ေလးေျဖရွင္းခဲ့ရပါတယ္။

Suho

Rain

လြန္ခဲ့တဲ့ေလးႏွစ္ ၂၀၁၄ ေလာက္တုန္းက ကိုရီးယားႏိုင္ငံရဲ႕ ထိပ္တန္းမင္းသားေတြထဲကတစ္ဦး လက္ရွိ မင္းသမီးေခ်ာေလး ကင္ေထဟီးရဲ႕ခင္ပြန္းျဖစ္သူ အဆိုေတာ္ရိန္းရဲ႕ အဝတ္ဗလာဓာတ္ပံုေတြထြက္ေပၚခဲ့ပါတယ္။ အင္တာနက္ေပၚမွာပ်ံ႕ႏွံ႕လာတဲ့ ရိန္းရဲ႕ဓာတ္ပံုေတြဟာ မင္းသမီးကင္ေထဟီးေပ်ာက္သြားတဲ့ ဖုန္းထဲကရတယ္ဆိုၿပီး မူရင္းဓာတ္ပံုတင္သူက ျဖန္႔ေဝခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ရိန္းရဲ႕အဝတ္ဗလာနဲ႔ပံုေတြက ရိန္းအစစ္မဟုတ္ဘူးဆိုတာ ေတြ႕ခဲ့ရပါတယ္။ ဒါေပမဲ့ အဲဒီဓာတ္ပံုေတြထြက္ေပၚလာခ်ိန္မွာေတာ့ အဆုိေတာ္ရိန္းတစ္ေယာက္ Fan ေတြ ေဝဖန္တာကို အေတာ္ေလးခံခဲ့ရပါတယ္။

Rain

HyunA

နာမည္ႀကီး မိန္းကေလးေကေပါ့ပ္အဖြဲ႕ 4Minutes အဖြဲ႕ဝင္ HyunA တစ္ေယာက္ Cube Entertainment ရဲ႕အဆိုေတာ္ Jang Hyun-seung နဲ႔ရတဲ့ ကိုယ္ဝန္လြယ္ထားရတယ္ဆိုတဲ့ ေကာလဟလသတင္းေတြကို Cube Entertainment ဘက္ကေန လႊင့္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္အေစာပိုင္းမွာထြက္ခဲ့တဲ့ အဲဒီေကာလဟလသတင္းေတြေၾကာင့္ ေျဖရွင္းခဲ့ေပမယ့္လည္း အခုအခ်ိန္အထိ Jang Hyun-seung နဲ႔ပတ္သက္ၿပီး Fan ေတြရဲ႕ မယံုသကၤာျဖစ္ျခင္းကို ခံေနရဆဲျဖစ္ပါတယ္။

Hyuna

Sulli

လြန္ခဲ့တဲ့ေလးႏွစ္ေလာက္က Sulli ႀကံဳခဲ့ရတဲ့ ေကာလဟလသတင္းဟာ Sulli ကို နလန္မထူႏိုင္ေအာင္ အေတာ္ေလးအထိနာေစခဲ့ပါတယ္။ အဲဒီသတင္းကေတာ့ ဆူလီတစ္ေယာက္ တိတ္တိတ္ပုန္းကိုယ္ဝန္ရေနတယ္ဆိုတဲ့ သတင္းပဲျဖစ္ၿပီးေတာ့ ကိုယ္ဝန္အတြက္ ေဆးခန္းလာျပတယ္ဆိုတဲ့ ဓာတ္ပံုေတြအင္တာနက္မွာ ျပန္႔ႏွံ႕ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ မူရင္းတင္သူက ဓာတ္ပံုေတြျဖဳတ္သြားခဲ့ေပမဲ့ Sulli ကေတာ့ ဒီေကာလဟလသတင္းေတြကို အေတာ္ေလးရွင္းခဲ့ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ Fan ေတြ အေတာ္ေလးေဒါသထြက္ေနခဲ့လို႔ပဲ ျဖစ္ပါတယ္။

Sulli

Park Bom

လက္ရွိအခ်ိန္မွာ ဖ်က္သိမ္းလိုက္ၿပီျဖစ္တဲ့ 2NE1 ေကေပါ့ပ္အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ေဟာင္း Park Bom ဟာ သူမရဲ႕ပလက္စတစ္ဆာဂ်ရီခြဲစိတ္မႈေတြနဲ႔ပတ္သက္ၿပီး အၿမဲလိုလို ေဝဖန္ခံေနရတဲ့သူတစ္ဦးျဖစ္ပါတယ္။ ဒါေပမဲ့ ဒီတစ္ေခါက္ထြက္လာတဲ့ ေကာလဟလသတင္းေတြကေတာ့ ခါတိုင္း သူမႀကံဳရတဲ့ ေဝဖန္တိုက္ခိုက္မႈေတြထက္ ပိုမိုတုန္လႈပ္ေစခဲ့ပါတယ္။ အဲဒါကေတာ့ Park Bom ဟာ ေဆးေျခာက္သံုးစြဲျဖစ္တယ္ဆိုတဲ့ သတင္းေတြပဲျဖစ္ပါတယ္။ ဒီေကာလဟလသတင္းေတြနဲ႔ပတ္သက္ၿပီး YG Entertainment က ဥပေဒလမ္းေၾကာင္းကေန တုန္႔ျပန္ေျဖရွင္းခဲ့ေပမဲဲ့ သူမတကယ္ ေဆးေျခာက္သံုးစြဲတယ္လို႔ Fan ေတြက ယံုၾကည္ေနပါတယ္။ အရုပ္ကေလးကိုင္ထားတဲ့ပံုဟာ သူမရဲ႕အင္စတာဂရမ္မွာတင္ထားတဲ့ ဓာတ္ပံုျဖစ္ၿပီး သူမေဆးေျခာက္စြဲတာကို ေပၚလြင္ေစတဲ့ ဓာတ္ပံုျဖစ္တယ္လို႔လည္း ေဝဖန္မႈေတြခံေနရတုန္းပဲျဖစ္ပါတယ္။

Park-Bom

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆိုးရွားတဲ့ကောလဟလတွေကြောင့် ဘဝမှာနလန်မထူနိုင်အောင်ပြိုလဲခဲ့ဖူးတဲ့ Kpop Idol များ

ကေပေါ့ပ်လောကမှာ Fan တွေအားပေးကြမ်းတာနဲ့ပတ်သက်ပြီး ပြဿနာတွေ မကြာခဏဖြစ်လေ့ရှိတာကို မြန်မာနိုင်ငံက ကေပေ့ါပ်ပရိသတ်တွေ သိပြီးဖြစ်ကြမှာပါ။ ကိုရီးယားနိုင်ငံမှာ ဒီလို Fan တွေရဲ့ အစွန်းရောက်အားပေးမှုတွေက နိုင်ငံတကာပရိသတ်တွေကြား ပြောစရာအတော်လေးဖြစ်ရပါတယ်။ ပရိသတ်တွေထဲမှာ Fan နဲ့ Anti-fan ဆိုပြီး Fan War တွေ ဖြစ်ကြတာကိုလည်းတွေ့ရပါတယ်။ အစွန်းရောက်တဲ့ Fan တွေနဲ့ Anti-fan တွေကြားက ပြဿနာ၊ ပဋိပက္ခတွေကြောင့် ကေပေါ့ပ်အိုင်ဒေါတွေက ကြားထဲကနေ တောင်းပန်ရတာတွေရှိသလို Anti-fan တွေရဲ့ ဆိုးဆိုးရွားရွားတုန့်ပြန်တဲ့ Comment တွေ၊ ကောလဟလတွေကြောင့် အတော်လေးအထိနာသွားကြတဲ့ ကေပေါ့ပ်အိုင်ဒေါတွေလည်း ရှိပါတယ်။

တစ်ချို့အိုင်ဒေါတွေဆိုရင် Anti-fan တွေရဲ့ မဟုတ်မမှန်သတင်းလွှင့်ပြီး ကောလဟလတွေကြောင့် ဘဝမှာ နလန်မထူနိုင်အောင်ပြိုလဲခဲ့ဖူးကြသလို အဲဒီအကျိုးဆက်တွေကို လက်ရှိအချိန်အထိ ခံစားနေကြရတုန်းပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့အနုပညာရှင်တွေကို အားပေးပြီဆိုရင် အစွန်းရောက်အားမပေးမိဖို့ အရေးကြီးပါတယ်။ အခုတော့ ကေပေါ့ပ်လောကမှာ အလှုပ်ခတ်ဆုံးဖြစ်ခဲ့တဲ့ ကောလဟလဖြစ်ရပ်တွေနဲ့ အခုချိန်အထိ အဲဒီအကျိုးဆက်တွေကို ခံစားနေရတဲ့ ကေပေါ့ပ်အိုင်ဒေါတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Suho

နာမည်ကျော် ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO မှ အဖွဲ့ဝင် Suho ဟာ ဖခင်ဖြစ်သူရဲ့ကောလာဟလ သတင်းတွေကြောင့် ကိုရီးယားနိုင်ငံရဲ့ အင်တာနက်စာမျက်နှာတွေမှာ User တွေရဲ့ပြစ်တင်ဝေဖန်ခြင်းကို အလူးအလဲခံခဲ့ရပါတယ်။ အဲဒီကောလာဟလသတင်းကတော့ ဖခင်ဖြစ်သူဟာ ဂျပန်အစိုးရရဲ့သတင်းအချက်အလက်တွေကို အင်တာနက်မှာဖြန့်ဝေတဲ့သူတွေထဲက ပရော်ဖက်ဆာတစ်ဦးဖြစ်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး Suho တစ်ယောက် ပရိသတ်တွေရဲ့ဝေဖန်ပုတ်ခတ်တာတွေကိုလည်း အတော်လေးဖြေရှင်းခဲ့ရပါတယ်။

Suho

Rain

လွန်ခဲ့တဲ့လေးနှစ် ၂၀၁၄ လောက်တုန်းက ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားတွေထဲကတစ်ဦး လက်ရှိ မင်းသမီးချောလေး ကင်ထေဟီးရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်ရိန်းရဲ့ အဝတ်ဗလာဓာတ်ပုံတွေထွက်ပေါ်ခဲ့ပါတယ်။ အင်တာနက်ပေါ်မှာပျံ့နှံ့လာတဲ့ ရိန်းရဲ့ဓာတ်ပုံတွေဟာ မင်းသမီးကင်ထေဟီးပျောက်သွားတဲ့ ဖုန်းထဲကရတယ်ဆိုပြီး မူရင်းဓာတ်ပုံတင်သူက ဖြန့်ဝေခဲ့ပါတယ်။ နောက်ပိုင်းမှာ ရိန်းရဲ့အဝတ်ဗလာနဲ့ပုံတွေက ရိန်းအစစ်မဟုတ်ဘူးဆိုတာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီဓာတ်ပုံတွေထွက်ပေါ်လာချိန်မှာတော့ အဆိုတော်ရိန်းတစ်ယောက် Fan တွေ ဝေဖန်တာကို အတော်လေးခံခဲ့ရပါတယ်။

Rain

HyunA

နာမည်ကြီး မိန်းကလေးကေပေါ့ပ်အဖွဲ့ 4Minutes အဖွဲ့ဝင် HyunA တစ်ယောက် Cube Entertainment ရဲ့အဆိုတော် Jang Hyun-seung နဲ့ရတဲ့ ကိုယ်ဝန်လွယ်ထားရတယ်ဆိုတဲ့ ကောလဟလသတင်းတွေကို Cube Entertainment ဘက်ကနေ လွှင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အစောပိုင်းမှာထွက်ခဲ့တဲ့ အဲဒီကောလဟလသတင်းတွေကြောင့် ဖြေရှင်းခဲ့ပေမယ့်လည်း အခုအချိန်အထိ Jang Hyun-seung နဲ့ပတ်သက်ပြီး Fan တွေရဲ့ မယုံသင်္ကာဖြစ်ခြင်းကို ခံနေရဆဲဖြစ်ပါတယ်။

Hyuna

Sulli

လွန်ခဲ့တဲ့လေးနှစ်လောက်က Sulli ကြုံခဲ့ရတဲ့ ကောလဟလသတင်းဟာ Sulli ကို နလန်မထူနိုင်အောင် အတော်လေးအထိနာစေခဲ့ပါတယ်။ အဲဒီသတင်းကတော့ ဆူလီတစ်ယောက် တိတ်တိတ်ပုန်းကိုယ်ဝန်ရနေတယ်ဆိုတဲ့ သတင်းပဲဖြစ်ပြီးတော့ ကိုယ်ဝန်အတွက် ဆေးခန်းလာပြတယ်ဆိုတဲ့ ဓာတ်ပုံတွေအင်တာနက်မှာ ပြန့်နှံ့ခဲ့ပါတယ်။ နောက်ပိုင်းမှာ မူရင်းတင်သူက ဓာတ်ပုံတွေဖြုတ်သွားခဲ့ပေမဲ့ Sulli ကတော့ ဒီကောလဟလသတင်းတွေကို အတော်လေးရှင်းခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Fan တွေ အတော်လေးဒေါသထွက်နေခဲ့လို့ပဲ ဖြစ်ပါတယ်။

Sulli

Park Bom

လက်ရှိအချိန်မှာ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ 2NE1 ကေပေါ့ပ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Park Bom ဟာ သူမရဲ့ပလက်စတစ်ဆာဂျရီခွဲစိတ်မှုတွေနဲ့ပတ်သက်ပြီး အမြဲလိုလို ဝေဖန်ခံနေရတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ထွက်လာတဲ့ ကောလဟလသတင်းတွေကတော့ ခါတိုင်း သူမကြုံရတဲ့ ဝေဖန်တိုက်ခိုက်မှုတွေထက် ပိုမိုတုန်လှုပ်စေခဲ့ပါတယ်။ အဲဒါကတော့ Park Bom ဟာ ဆေးခြောက်သုံးစွဲဖြစ်တယ်ဆိုတဲ့ သတင်းတွေပဲဖြစ်ပါတယ်။ ဒီကောလဟလသတင်းတွေနဲ့ပတ်သက်ပြီး YG Entertainment က ဥပဒေလမ်းကြောင်းကနေ တုန့်ပြန်ဖြေရှင်းခဲ့ပေမဲ့ သူမတကယ် ဆေးခြောက်သုံးစွဲတယ်လို့ Fan တွေက ယုံကြည်နေပါတယ်။ အရုပ်ကလေးကိုင်ထားတဲ့ပုံဟာ သူမရဲ့အင်စတာဂရမ်မှာတင်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး သူမဆေးခြောက်စွဲတာကို ပေါ်လွင်စေတဲ့ ဓာတ်ပုံဖြစ်တယ်လို့လည်း ဝေဖန်မှုတွေခံနေရတုန်းပဲဖြစ်ပါတယ်။

Park-Bom

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။