[Zawgyi]

၀က္စ္ဟမ္းကြင္းလယ္လူ ကူယာေတး Kouyate ကို ေခၚယူႏိုင္ခဲ႔တဲ႔ ခရစၥတယ္ပဲေလ႔စ္

ခရစၥတယ္ပဲေလ႔စ္အသင္းဟာ ၀က္စ္ဟမ္းကြင္းလယ္လူ ကူယာေတး Kouyate ကို ေခၚယူႏိုင္ခဲ႔တယ္လို႔ သိရိွရပါတယ္။ ခရစၥတယ္ပဲေလ႔စ္အသင္းဟာ ကူယာေတး Kouyate ကို (၄)ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူႏိုင္ခဲ႔တာျဖစ္ျပီိး ေျပာင္းေရႊ ႔ေၾကးကိုေတာ႔ ထုတ္ျပန္ေၾကညာခဲ့ၿခင္းမရိွခဲ့ပါဘူး။

Kouyate-Crystal-Palace

Kouyate-Crystal-Palace

အသက္(၂၈)ႏွစ္အရြယ္ ဆီနီေဂါလက္ေရြးစင္ကြင္းလယ္လူက အသင္းေဟာင္း ၀က္စ္ဟမ္းအသင္းမွာ (၄)ရာသီၾကာ ကစားခဲ့ျပီး ပြဲေပါင္း(၁၄၇)ပြဲကစားခဲ႔ကာ သြင္းဂိုး(၁၅)ဂိုးသြင္းယူႏိုင္ခဲ့သူပါ။ ကူယာေတး Kouyate ဟာ ခရစၥတယ္ပဲေလ႔စ္အသင္းရဲ႕ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ ႔ကာလမွာ ဒုတိယေျမာက္ ေခၚယူခဲ့တဲ့ကစားသမား လည္းၿဖစ္လာခဲ့ပါ တယ္။ ကူယာေတး Kouyate က ” ဒီအခ်ိန္ကေျပာင္းေရႊ႕ဖို႔အခ်ိန္ေကာင္းပါ ဘာလို႔လဲဆိုေတာ႔ ကၽြန္ေတာ္႔အေနနဲ႔ စိန္ေခၚမူအသစ္ေတြလိုအပ္လို႔ပါ။ ၀က္စ္ဟမ္းအသင္းနဲ႔အတူ အမွတ္တရေကာင္းေတြရိွပါတယ္ ဒါေပမယ့္ ေၿပာင္းေရႊ႕ဖို႔ ကလိုအပ္ပါတယ္။ ခရစၥတယ္ပဲေလ႔စ္အသင္းအတြက္ အေကာင္းဆံုးေပးဆပ္သြားမွာပါ က်ြန္ေတာ္က ဒီအသင္းရဲ႕စီမံကိန္းေတြကို ၾကိဳက္နွစ္သက္ပါတယ္ လို႔ ” ခရစၥတယ္ပဲေလ႔စ္ TV မွာေျပာၾကားခဲ့ပါတယ္။

REF: BBC SPORTS
Photo: Crystal Palace Twitter , Urgence TV
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဝက်စ်ဟမ်းကွင်းလယ်လူ ကူယာတေး Kouyate ကို ခေါ်ယူနိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ကူယာတေး Kouyate ကို ခေါ်ယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကူယာတေး Kouyate ကို (၄)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိခဲ့ပါဘူး။

Kouyate-Crystal-Palace

Kouyate-Crystal-Palace

အသက်(၂၈)နှစ်အရွယ် ဆီနီဂေါလက်ရွေးစင်ကွင်းလယ်လူက အသင်းဟောင်း ဝက်စ်ဟမ်းအသင်းမှာ (၄)ရာသီကြာ ကစားခဲ့ပြီး ပွဲပေါင်း(၁၄၇)ပွဲကစားခဲ့ကာ သွင်းဂိုး(၁၅)ဂိုးသွင်းယူနိုင်ခဲ့သူပါ။ ကူယာတေး Kouyate ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ဒုတိယမြောက် ခေါ်ယူခဲ့တဲ့ကစားသမား လည်းဖြစ်လာခဲ့ပါ တယ်။ ကူယာတေး Kouyate က ” ဒီအချိန်ကပြောင်းရွှေ့ဖို့အချိန်ကောင်းပါ ဘာလို့လဲဆိုတော့ ကျွန်တော့်အနေနဲ့ စိန်ခေါ်မူအသစ်တွေလိုအပ်လို့ပါ။ ဝက်စ်ဟမ်းအသင်းနဲ့အတူ အမှတ်တရကောင်းတွေရှိပါတယ် ဒါပေမယ့် ပြောင်းရွှေ့ဖို့ ကလိုအပ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် အကောင်းဆုံးပေးဆပ်သွားမှာပါ ကျွန်တော်က ဒီအသင်းရဲ့စီမံကိန်းတွေကို ကြိုက်နှစ်သက်ပါတယ် လို့ ” ခရစ္စတယ်ပဲလေ့စ် TV မှာပြောကြားခဲ့ပါတယ်။

REF: BBC SPORTS
Photo: Crystal Palace Twitter , Urgence TV
Ko Kyue(Akhayar)
www.akhayar.com