[Zawgyi]

ခ်စ္သက္တမ္းၾကာေပမယ့္ လက္မထပ္ရေသးတဲ့ ကုိရီးယားအႏုပညာရွင္စုံတြဲမ်ား

ကုိရီးယားနာမည္ၾကီးအႏုပညာရွင္ေတြအေနနဲ႕ သူတုိ႕ခ်င္း တြဲခုတ္ေနတဲ့အခါ၊၊ လက္ထပ္ပြဲက်င္းပလုိက္တဲ့အခါမ်ိဳးဆုိရင္ လူမႈကြန္ရက္မွာပါ ဟိုးေလးတစ္ေက်ာ္ျဖစ္ေလ့ရွိပါတယ္။ ၀ါသနာတူအႏုပညာရွင္ေတြအေနနဲ႕ ေန႔စဥ္နဲ႕အမွ် ရႈတင္မွာေတြ႕ဆုံရင္း လက္ထပ္သြားၾကသူေတြရွိသလုိ လမ္းတစ္၀က္ေက်ာ္မွ လက္တြဲျဖဳတ္ေက်ာခုိင္းလုိက္ၾကသူေတြလည္းရွိပါတယ္။ ။ တခ်ိဳ႕ကလည္း အလုပ္ေတြ၊ ကိုယ္ေရးကိုယ္တာကိစၥေတြနဲ႕အခ်ိန္ကုန္ေနတာမုိ႕ ခ်စ္သက္တမ္းၾကာေပမယ့္ လက္မထပ္ရေသးတဲ့သူေတြလည္း ရွိေနတာကုိေတြ႕ရပါတယ္။ အလုပ္ေတြမ်ားလွတဲ့ သူတုိ႕အဖုိ႕ အခ်စ္ေရးဆုိတာ မေရရာမေသခ်ာလွတဲ့ လမ္းခရီးတစ္ခုပါပဲ။
ဒါေပမယ့္ အခုေဖာ္ျပေပးတဲ့ ပရိသတ္အခ်စ္ေတာ္ ကုိရီးယားအႏုပညာရွင္စုံတြဲေတြကုိျမင္ရင္ေတာ့ အားက်မိမွာအမွန္ပါပဲ။

Sooyoung and Jung Kyung Ho

(၁) ကုိရီးယားထိပ္တန္း Kpopအဖြဲ႕ျဖစ္တဲ့ Girls’ Generation အဖြဲ႕၀င္ Sooyoung နဲ႕ မင္းသားေခ်ာ Jung Kyung Ho တုိ႕စုံတြဲကေတာ့ အားက်ေလာက္စရာ ခ်စ္သူသက္တမ္း(၄)ႏွစ္ရွိျပီလုိ႕ သိရပါတယ္။ အႏုပညာေလာကမွာ ေအာင္ျမင္မႈမွတ္တုိင္ကုိယ္စီရွိၾကတဲ့ သူတုိ႕ႏွစ္ေယာက္ဟာ ၂၀၁၄ ခုႏွစ္ကထဲက တြဲခုတ္ခဲ့ေပမယ့္ အလုပ္ကိုယ္စီနဲ႕ မအားလပ္ၾကသူေတြမုိ႕ သူတုိ႕အခ်စ္ေရးက သာမန္စုံတြဲေတြလုိပဲ တည္တည္ျငိမ္ျငိမ္ေလးျဖတ္သန္းေနတာပါ။ ဒါ့ျပင္ သူတုိ႕စုံတြဲဟာ စားေသာက္ဆုိင္ေတြ ၊ေဖ်ာ္ေျဖပြဲေတြကုိ အျမဲလုိုလုိအတူတူသြားေလ့ရွိျပီး တစ္ေယာက္ ေအာင္ျမင္မႈကုိ တစ္ေယာက္က အားေပးေလ့ရွိတဲ့စုံတြဲတစ္တြဲပါပဲ။

Yoon Kye Sang – Honey Lee

(၂) ဒီစုံတြဲေလးကလည္း တြဲလာတဲ့သက္တမ္းရင့္ေနျပီျဖစ္ျပီး ၂၀၁၃ ခုႏွစ္ ေဖေဖာ္၀ါရီလ ထဲက သူတုိ႕ႏွစ္ေယာက္တြဲေနေၾကာင္း အားလုံးကုိ အသိေပးခဲ့တာျဖစ္ပါတယ္။ သူတုိ႕ႏွစ္ေယာက္ကေတာ့ ကုိရီးယားဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ဖူးတဲ့ မင္းသား Yoon Kye Sangနဲ႕ Honey Lee ျဖစ္ပါတယ္။ တြဲသြားတြဲလာလုပ္တာမ်ားလုိ႕ တကယ္လက္ထပ္ေတာ့မွာလား ဆုိျပီး ပရိသတ္တုိင္းက စိတ္၀င္တစားေစာင့္ၾကည့္ေနရတာပါ။ ခရီးေတြအတူတူထြက္သလုိ ရုပ္ရွင္ဆုေပးပြဲေတြတက္တုိင္းမွာလည္း ႏွစ္ေယာက္အတူအျမဲတမ္းေတြ႕ရတတ္ေပမယ့္ မဂၤလာသတင္းကေတာ့ ၾကန္႕ၾကာေနဆဲပါပဲ။

Kim Woo Bin and Shin Min Ah

(၃) ေတာင္ကုိရီးယားရဲ႕ နာမည္ၾကီး အနုပညာရွင္စုံတြဲျဖစ္တဲ့ Shin Min Ah နဲ႕ Kim Woo Bin ကေတာ့ ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမ်ားမွာ ပရိသတ္မ်က္မွန္းတန္းမိေနတဲ့ သူေတြျဖစ္ပါတယ္။ ေရွ႕သြားေနာက္လုိက္ညီတဲ့ သူတုိ႕ႏွစ္ေယာက္ကုိ အျမန္ဆုံးလက္ထပ္ပြဲေလးလုပ္ေစခ်င္ေပမယ့္ ၀ူဘင္ရဲ႕ က်န္းမာေရးအေျခအေနေၾကာင့္ ရပ္ဆုိင္းထားရပုံပါပဲ။ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသဲေက်ာ္ Kim Woo Bin တစ္ေယာက္ ၿပီးခဲ့တဲ့ႏွစ္ထဲက လည္ေခ်ာင္းကင္ဆာ ခံစားေနရေၾကာင္း သူ႕ရဲ႕ ပရိသတ္ေတြကုိ အသိေပးေၾကညာခဲ့တာပါ။ လက္ရွိအေျခအေနမွာလည္း ေဆးကုသမႈခံယူေနရတဲ့ ၀ူဘင္အတြက္ ပရိသတ္ေတြကေတာ့ စုိးရိမ္ေနမွာျဖစ္သလို ခ်စ္သူျဖစ္တဲ့ မင္းသမီး Shin Min Ah ကလည္း မခြဲႏုိင္မခြာရက္ျဖစ္ေအာင္ အနီးကပ္ျပဳစုေစာင့္ေရွာက္ေပးေနတယ္လုိ႕ သိရပါတယ္။ ခ်စ္သူသက္တမ္းသုံးႏွစ္ေက်ာ္ျပီျဖစ္တဲ့ သူတုိ႕စုံတြဲေလးကုိ အားက်ေနရတဲ့ ပရိသတ္ေတြလည္း ရွိေနတာျဖစ္ပါတယ္။

Lee Da hae and Se7en

(၄) ခ်ဳိ၀မ္လုိ႕ ျမန္မာပရိသတ္ေတြသိထားၾကတဲ့ ထိပ္တန္းမင္းသမီး Lee Da Hae နဲ႕ Se7en ကေတာ့ သူတုိ႕ႏွစ္ေယာက္ခ်စ္ၾကဳိက္ေနေၾကာင္းကုိ ၂၀၁၆ ခုႏွစ္ထဲက ပရိသတ္ကုိအသိေပးခဲ့တာပါ။ သူတုိ႕စုံတြဲဟာ သက္တူရြယ္တူျဖစ္ျပီး သူတုိ႕ဟာ သူငယ္ခ်င္းဘ၀ကေန ခ်စ္သူေတြအျဖစ္ကုိေရာက္ရွိခဲ့တာျဖစ္ပါတယ္။ သူတုိ႕ႏွစ္ေယာက္ကေတာ့ ေပၚေပၚထင္ထင္ပဲတြဲေနၾကတာျဖစ္ျပီး တစ္ေယာက္ကုိတစ္ေယာက္ ေဖးေဖးမမနဲ႕ အရမ္းခ်စ္ၾကတဲ့ စုံတြဲေလးလုိ႕လည္း လူသိမ်ားပါတယ္။ ပရိသတ္ၾကီးေရ ဘယ္အတြဲကုိ အခ်စ္ဆုံးလဲ ေျပာခဲ့ေနာ္။

Stella (Akhayar)

www.Akhyar.com

[Unicode]

ချစ်သက်တမ်းကြာပေမယ့် လက်မထပ်ရသေးတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲများ

ကိုရီးယားနာမည်ကြီးအနုပညာရှင်တွေအနေနဲ့ သူတို့ချင်း တွဲခုတ်နေတဲ့အခါ၊၊ လက်ထပ်ပွဲကျင်းပလိုက်တဲ့အခါမျိုးဆိုရင် လူမှုကွန်ရက်မှာပါ ဟိုးလေးတစ်ကျော်ဖြစ်လေ့ရှိပါတယ်။ ဝါသနာတူအနုပညာရှင်တွေအနေနဲ့ နေ့စဉ်နဲ့အမျှ ရှုတင်မှာတွေ့ဆုံရင်း လက်ထပ်သွားကြသူတွေရှိသလို လမ်းတစ်ဝက်ကျော်မှ လက်တွဲဖြုတ်ကျောခိုင်းလိုက်ကြသူတွေလည်းရှိပါတယ်။ ။ တချို့ကလည်း အလုပ်တွေ ၊ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့အချိန်ကုန်နေတာမို့ ချစ်သက်တမ်းကြာပေမယ့် လက်မထပ်ရသေးတဲ့သူတွေလည်း ရှိနေတာကိုတွေ့ရပါတယ်။ အလုပ်တွေများလှတဲ့ သူတို့အဖို့ အချစ်ရေးဆိုတာ မရေရာမသေချာလှတဲ့ လမ်းခရီးတစ်ခုပါပဲ။
ဒါပေမယ့် အခုဖော်ပြပေးတဲ့ ပရိသတ်အချစ်တော် ကိုရီးယားအနုပညာရှင်စုံတွဲတွေကိုမြင်ရင်တော့ အားကျမိမှာအမှန်ပါပဲ။

Sooyoung-Jung-Kyung-Ho

(၁) ကိုရီးယားထိပ်တန်း Kpop အဖွဲ့ဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung နဲ့ မင်းသားချော Jung Kyung Ho တို့စုံတွဲကတော့ အားကျလောက်စရာ ချစ်သူသက်တမ်း(၄)နှစ်ရှိပြီလို့ သိရပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုမှတ်တိုင်ကိုယ်စီရှိကြတဲ့ သူတို့နှစ်ယောက်ဟာ ၂၀၁၄ ခုနှစ်ကထဲက တွဲခုတ်ခဲ့ပေမယ့် အလုပ်ကိုယ်စီနဲ့ မအားလပ်ကြသူတွေမို့ သူတို့အချစ်ရေးက သာမန်စုံတွဲတွေလိုပဲ တည်တည်ငြိမ်ငြိမ်လေးဖြတ်သန်းနေတာပါ။  ဒါ့ပြင် သူတို့စုံတွဲဟာ  စားသောက်ဆိုင်တွေ၊ ဖျော်ဖြေပွဲတွေကို အမြဲလိုလိုအတူတူသွားလေ့ရှိပြီး တစ်ယောက် အောင်မြင်မှုကို တစ်ယောက်က အားပေးလေ့ရှိတဲ့စုံတွဲတစ်တွဲပါပဲ။

Yoon Kye Sang – Honey Lee

(၂)ဒီစုံတွဲလေးကလည်း တွဲလာတဲ့သက်တမ်းရင့်နေပြီဖြစ်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ထဲက စပြီး သူတို့နှစ်ယောက်တွဲနေကြောင်း အားလုံးကို အသိပေးခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ကိုရီးယားဇာတ်ကားတော်တော်များများမှာ တွေ့ဖူးတဲ့ မင်းသား Honey Lee နဲ့ Yoon Kye Sang ဖြစ်ပါတယ်။ တွဲသွားတွဲလာလုပ်တာများလို့ တကယ်လက်ထပ်တော့မှာလား ဆိုပြီး ပရိသတ်တိုင်းက စိတ်ဝင်တစားစောင့်ကြည့်နေရတာပါ။ ခရီးတွေအတူတူထွက်သလို ရုပ်ရှင်ဆုပေးပွဲတွေတက်တိုင်းမှာလည်း နှစ်ယောက်အတူအမြဲတမ်းတွေ့ရတတ်ပေမယ့် မင်္ဂသတင်းကတော့ ကြန့်ကြာနေဆဲပါပဲ။

Lee Da hae and Se7en

(၃) တောင်ကိုရီးယားရဲ့ နာမည်ကြီး အနုပညာရှင်စုံတွဲဖြစ်တဲ့ Shin Min Ah နဲ့ Kim Woo Bin ကတော့ ဇာတ်လမ်းတွဲတော်တော်များများမှာ ပရိသတ်မျက်မှန်းတန်းမိနေတဲ့ သူတွေဖြစ်ပါတယ်။ ရှေ့သွားနောက်လိုက်ညီတဲ့ သူတို့နှစ်ယောက်ကို အမြန်ဆုံးလက်ထပ်ပွဲလေးလုပ်စေချင်ပေမယ့် ဝူဘင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရပ်ဆိုင်းထားရပုံပါပဲ။ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် Kim Woo Bin တစ်ယောက် ပြီးခဲ့တဲ့နှစ်ထဲက လည်ချောင်းကင်ဆာ ခံစားနေရကြောင်း သူ့ရဲ့ ပရိသတ်တွေကို အသိပေးကြေညာခဲ့တာပါ။ လက်ရှိအခြေအနေမှာလည်း ဆေးကုသမှုခံယူနေရတဲ့ ဝူဘင်အတွက် ပရိသတ်တွေကတော့ စိုးရိမ်နေမှာဖြစ်သလို ချစ်သူဖြစ်တဲ့ မင်းသမီး Shin Min Ah ကလည်း မခွဲနိုင်မခွာရက်ဖြစ်အောင် အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ချစ်သူသက်တမ်းသုံးနှစ်ကျော်ပြီဖြစ်တဲ့ သူတို့စုံတွဲလေးကို အားကျနေရတဲ့ ပရိသတ်တွေလည်း ရှိနေတာဖြစ်ပါတယ်။

Kim Woo Bin and Shin Min Ah

(၄) ချိုဝမ်လို့ မြန်မာပရိသတ်တွေသိထားကြတဲ့ ထိပ်တန်းမင်းသမီး Lee Da Hae နဲ့ Se7en ကတော့ သူတို့နှစ်ယောက်ချစ်ကြိုက်နေကြောင်းကို ၂၀၁၆ ခုနှစ်ထဲက ပရိသတ်ကိုအသိပေးခဲ့တာပါ။ သူတို့စုံတွဲဟာ သက်တူရွယ်တူဖြစ်ပြီး သူတို့ဟာ သူငယ်ချင်းဘဝကနေ ချစ်သူတွေအဖြစ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ပေါ်ပေါ်ထင်ထင်ပဲတွဲနေကြတာဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမနဲ့ အရမ်းချစ်ကြတဲ့ စုံတွဲလေးလို့လည်း လူသိများပါတယ်။

ပရိသတ်ကြီးရေ ဘယ်အတွဲကို အချစ်ဆုံးလဲ ပြောခဲ့နော်။

Stella (Akhayar)

www.Akhyar.com