[ZawGyi]

ျပန္စစ္ေဆးခံရေတာ့မယ့္ 2NE1 ရဲ႕ အဆိုေတာ္ေခ်ာေလး Park Bom နဲ႔ ေဆးဝါးအရႈပ္ေတာ္ပံု

ေတာင္ကိုရီးယားရဲ႕ မႈခင္းစစ္ေဆးေရး Program တစ္ခုျဖစ္တဲ့ PD Note ကေတာ့ နာမည္ႀကီး KPop အဖြဲ႔ 2NE1 ရဲ႕ အဆိုေတာ္မေလး Park Bom နဲ႔ မူးယစ္ေဆးဝါးအမႈေတြကို ထပ္မံေဖာ္ထုတ္ဖို႔  ၂၃ရက္ ဧၿပီလမွာ တရားဝင္ ေၾကညာလိုက္ျပန္ပါၿပီ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

MBC က ထုတ္လႊင့္တဲ့ PD Note ဆိုတဲ့ Program ဟာ ေတာင္ကိုရီးယားႏိုင္ငံအတြင္း မေဖာ္ထုတ္ႏိုင္ေသးတဲ့အမႈေတြ၊ အျငင္းပြားဖြယ္ရာ ျပည္ဖံုးကားခ်ခံလိုက္ရတဲ့ အမႈေတြနဲ႔ ျပည္သူေတြေတာင္းဆိုတဲ့ အမႈေတြကို “Prosecutor Reform” ဆိုတဲ့ အပိုင္းေတြနဲ႔ ထုတ္လႊင့္ခဲ့တာ အခုဆို ဒုတိယအႀကိမ္ျဖစ္ပါတယ္။

2010 မွာ စစ္ေဆးခံရစဥ္က။

ဒီတစ္ခါေတာ့ သူတို႔ ျပန္လည္တူးေဖာ္မယ့္အမႈတြဲက ကိုရီးယားရဲ႕ ႏိုင္ငံေက်ာ္အဆိုေတာ္မေလး ျဖစ္တဲ့ 2NE1 Member ေဟာင္း Park Bom သံုးစြဲခဲ့တဲ့ ေဆးဝါးကိစၥနဲ႔ပတ္သက္ၿပီး တရားဥပေဒနဲ႔ မစစ္ေဆး၊ အျပစ္မယူဘဲ ပိတ္သိမ္းခဲ့တဲ့အမႈကို ျပန္လိုက္မွာပဲျဖစ္ပါတယ္။

Park Bom

2NE1 အဖြဲ႔ရဲ႕ Member ေဟာင္းျဖစ္ၿပီး ခ်စ္စဖြယ္မ်က္ႏွာသြင္ျပင္ေလးနဲ႔ အဆိုေတာ္မေလး Park Bom ဟာ စိတ္က်ေဆးဝါးသံုးစြဲမႈေတြနဲ႔ နာမည္ႀကီးသူျဖစ္ၿပီး သူမ ေၾကာင့္ပဲ 2NE1 အဖြဲ႕ၿပိဳကြဲရတယ္လို႔ သတင္းေတြထြက္ခံထားရသူပါ။

Park Bom

2010 ခုႏွစ္မွာ Park Bom ဟာ ဦးေႏွာက္အာရံုေၾကာလံႈ႕ေဆာ္ေဆးျဖစ္တဲ့ Amphetamines ေတြကို အေမရိက ကေနတရားမဝင္ ေမွာင္ခိုသယ္လာၿပီး အသံုးျပဳခဲ့တယ္လို႔ သိရွိခဲ့ရပါတယ္။ Park Bom ဟာ သူမရဲ႕ စိတ္က်ေရာဂါေၾကာင့္ ဒီလိုအလြန္အကြ်ံသံုးစြဲမိတာပါလို႔ ဝန္ခံထားခဲ့ေပမယ့္ တရားစီရင္ေရးကေတာ့ သူမအမႈကို စစ္ေဆးအျပစ္ေပးခဲ့ျခင္း မျပဳလုပ္ခဲ့ပါဘူး။ ဒါေတြအားလံုးဟာ Korea Entertainment Agency ေတြရဲ႕ ထိပ္တန္းတစ္ခုျဖစ္တဲ့ YG Entertainment ရဲ႕ ပါဝါနဲ႔ ထိန္းခ်ဳပ္ထားတာလို႔ သတင္းေတြထြက္ခဲ့ၿပီး လူေတြကေတာ့ ခုထိ သူမ အျပစ္ေပးမခံရတာနဲ႔ပတ္သက္ၿပီး ေမးခြန္းေတြထုတ္ေနၾကဆဲပါ။

Park Bom

သူမရဲ႕အမႈကို ၾကားနာစစ္ေဆးတုန္းက ေရွ႕ေနျဖစ္တဲ့ Bae Seung Hee က “သူမဟာ အေမရိကမွာ ေဆးၫႊန္းနဲ႔ Amphetamines ေဆးေတြကို သယ္ယူခဲ့ၿပီး အေကာက္ခြန္လြတ္ဖို႔အတြက္ ဂ်ယ္လီသၾကားလံုးေတြထဲ ထည့္ခဲ့ပါတယ္။ ပံုမွန္အေျခအေနမွာေတာ့ ဒီလိုသယ္ယူလာမႈဟာ သူမရဲ႕ စိတ္က်ေရာဂါကို ကုစားဖို႔ဆိုတဲ့ အေၾကာင္းရင္းကေတာ့ ယံုရခက္ပါတယ္” လို႔ ေျဖၾကားခဲ့ပါတယ္။

Park Bom

Amphetamines ေဆးေတြဟာ US မွာေတာ့ တရားဝင္ေပမယ့္ ကိုရီးယားမွာေတာ့ ဆရာဝန္အၫႊန္းလည္းမရတဲ့ တရားမဝင္ေဆးဝါးျဖစ္ပါတယ္။ ဒါကို Park Bom ေရာ သူမမိသားစုကပါ သိရက္နဲ႔ ဂ႐ုမျပဳခဲ့ၾကတာျဖစ္ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

“PD Note” Program ကေတာ့ ဒီအမႈကို ထပ္မံတူးေဖာ္စံုစမ္းခဲ့ရသမွ်ကို အပိုင္းေတြနဲ႔ ျပသေတာ့မယ္ဆိုတာမို႔ 2NE1 ရဲ႕ အဆိုေတာ္ေခ်ာေလး Park Bom အတြက္ေတာ့ ရင္ေလးစရာပါပဲ။

EiEiKhineMinn ( Akhayar )

Akhayar.com

[Unicode]

ပြန်စစ်ဆေးခံရတော့မယ့် 2NE1 ရဲ့ အဆိုတော်ချောလေး Park Bom နဲ့ ဆေးဝါးအရှုပ်တော်ပုံ

တောင်ကိုရီးယားရဲ့ မှုခင်းစစ်ဆေးရေး Program တစ်ခုဖြစ်တဲ့ PD Note ကတော့ နာမည်ကြီး KPop အဖွဲ့ 2NE1 ရဲ့ အဆိုတော်မလေး Park Bom နဲ့ မူးယစ်ဆေးဝါးအမှုတွေကို ထပ်မံဖော်ထုတ်ဖို့  ၂၃ရက် ဧပြီလမှာ တရားဝင် ကြေညာလိုက်ပြန်ပါပြီ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

MBC က ထုတ်လွှင့်တဲ့ PD Note ဆိုတဲ့ Program ဟာ တောင်ကိုရီးယားနိုင်ငံအတွင်း မဖော်ထုတ်နိုင်သေးတဲ့အမှုတွေ၊ အငြင်းပွားဖွယ်ရာ ပြည်ဖုံးကားချခံလိုက်ရတဲ့ အမှုတွေနဲ့ ပြည်သူတွေတောင်းဆိုတဲ့ အမှုတွေကို “Prosecutor Reform” ဆိုတဲ့ အပိုင်းတွေနဲ့ ထုတ်လွှင့်ခဲ့တာ အခုဆို ဒုတိယအကြိမ်ဖြစ်ပါတယ်။

2010 မှာ စစ်ဆေးခံရစဉ်က။

ဒီတစ်ခါတော့ သူတို့ ပြန်လည်တူးဖော်မယ့်အမှုတွဲက ကိုရီးယားရဲ့ နိုင်ငံကျော်အဆိုတော်မလေး ဖြစ်တဲ့ 2NE1 Member ဟောင်း Park Bom သုံးစွဲခဲ့တဲ့ ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေနဲ့ မစစ်ဆေး၊ အပြစ်မယူဘဲ ပိတ်သိမ်းခဲ့တဲ့အမှုကို ပြန်လိုက်မှာပဲဖြစ်ပါတယ်။

Park Bom

2NE1 အဖွဲ့ရဲ့ Member ဟောင်းဖြစ်ပြီး ချစ်စဖွယ်မျက်နှာသွင်ပြင်လေးနဲ့ အဆိုတော်မလေး Park Bom ဟာ စိတ်ကျဆေးဝါးသုံးစွဲမှုတွေနဲ့ နာမည်ကြီးသူဖြစ်ပြီး သူမ ကြောင့်ပဲ 2NE1 အဖွဲ့ပြိုကွဲရတယ်လို့ သတင်းတွေထွက်ခံထားရသူပါ။

Park Bom

2010 ခုနှစ်မှာ Park Bom ဟာ ဦးနှောက်အာရုံကြောလှုံ့ဆော်ဆေးဖြစ်တဲ့ Amphetamines တွေကို အမေရိက ကနေတရားမဝင် မှောင်ခိုသယ်လာပြီး အသုံးပြုခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ Park Bom ဟာ သူမရဲ့ စိတ်ကျရောဂါကြောင့် ဒီလိုအလွန်အကျွံသုံးစွဲမိတာပါလို့ ဝန်ခံထားခဲ့ပေမယ့် တရားစီရင်ရေးကတော့ သူမအမှုကို စစ်ဆေးအပြစ်ပေးခဲ့ခြင်း မပြုလုပ်ခဲ့ပါဘူး။ ဒါတွေအားလုံးဟာ Korea Entertainment Agency တွေရဲ့ ထိပ်တန်းတစ်ခုဖြစ်တဲ့ YG Entertainment ရဲ့ ပါဝါနဲ့ ထိန်းချုပ်ထားတာလို့ သတင်းတွေထွက်ခဲ့ပြီး လူတွေကတော့ ခုထိ သူမ အပြစ်ပေးမခံရတာနဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်နေကြဆဲပါ။

Park Bom

သူမရဲ့အမှုကို ကြားနာစစ်ဆေးတုန်းက ရှေ့နေဖြစ်တဲ့ Bae Seung Hee က “သူမဟာ အမေရိကမှာ ဆေးညွှန်းနဲ့ Amphetamines ဆေးတွေကို သယ်ယူခဲ့ပြီး အကောက်ခွန်လွတ်ဖို့အတွက် ဂျယ်လီသကြားလုံးတွေထဲ ထည့်ခဲ့ပါတယ်။ ပုံမှန်အခြေအနေမှာတော့ ဒီလိုသယ်ယူလာမှုဟာ သူမရဲ့ စိတ်ကျရောဂါကို ကုစားဖို့ဆိုတဲ့ အကြောင်းရင်းကတော့ ယုံရခက်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

Park Bom

Amphetamines ဆေးတွေဟာ US မှာတော့ တရားဝင်ပေမယ့် ကိုရီးယားမှာတော့ ဆရာဝန်အညွှန်းလည်းမရတဲ့ တရားမဝင်ဆေးဝါးဖြစ်ပါတယ်။ ဒါကို Park Bom ရော သူမမိသားစုကပါ သိရက်နဲ့ ဂရုမပြုခဲ့ကြတာဖြစ်ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

“PD Note” Program ကတော့ ဒီအမှုကို ထပ်မံတူးဖော်စုံစမ်းခဲ့ရသမျှကို အပိုင်းတွေနဲ့ ပြသတော့မယ်ဆိုတာမို့ 2NE1 ရဲ့ အဆိုတော်ချောလေး Park Bom အတွက်တော့ ရင်လေးစရာပါပဲ။

EiEiKhineMinn ( Akhayar )

 

Akhayar.com