[Zawgyi]

ထာဝရ ႏုနယ္ေနတဲ႔ အလွတရားကိုပိုင္ဆိုင္ေအာင္ ေဆာင္းေဟကိုက်င့္သံုးတဲ႔ လွည့္ကြက္မ်ား

ျမန္မာပရိသတ္ေတြ ရင္ထဲကို အြန္ေစာဆိုတဲ႔နာမည္နဲ႔ ဝင္ေရာက္လာသူ အသက္ (၃၆) ႏွစ္အရြယ္မမ Song Hye Kyo ဟာ ဘယ္နားကပဲၾကည့္ၾကည္႔ အျပစ္ေျပာစရာမရွိေအာင္ တည္ၿငိမ္တဲ႔အလွကို ပိုင္ဆိုင္ထားပါတယ္။

Song Hye Ko

Song Hye Ko

အသက္ (၃၆) ႏွစ္အရြယ္လို႔သာဆိုတယ္ အသက္အရြယ္နဲ႔မလုိက္ေအာင္ ၾကည္လင္ေတာက္ပၿပီး ေၾကြအသားအေရပုိင္ရွင္လို႔ေတာင္ တင္စားရေလာက္တဲ႔အထိ ေကာင္းမြန္ၿပီးျပည့္စံုတဲ့ အလွစစ္ကို ပိုင္ဆိုင္ထားတဲ႔ သူမဟာ ဘယ္လိုနည္းလမ္းေကာင္းေတြကို အသံုးျပဳၿပီး အသားအေရကို ထိန္းသိမ္းေလ့ရွိလဲဆိုတာ အလွအပရူးသြပ္သူတိုင္း သိခ်င္ၾကတဲ႔ အေၾကာင္းအရာပဲ ျဖစ္ပါတယ္။ သူမ ဒီအသက္ဒီအရြယ္ေရာက္တဲ႔အထိ ထိန္းသိမ္းတဲ႔နည္းလမ္ေလးေတြက လြယ္ကူရုိးရွင္းၿပီး လူတိုင္းလိုက္လုပ္ရတဲ႔ နည္းလမ္းေလးေတြျဖစ္လို႔ ႏုပ်ဳိခ်င္သူတိုင္း ေလ့လာမွတ္သားၿပီး စမ္းလုပ္ၾကည္႔သင့္ပါတယ္။

Song Hey Kyo

Song Hye Kyo

သူမဟာ ေန႔တစ္ေန႔ရဲ႕အစကို ဂ်င္းဆင္းပါဝင္တဲ႔ မ်က္ႏွာသစ္ေဆးနဲ႔သစ္ၿပီး ဂ်င္းဆင္းပါဝင္တဲ႔ Serum ၊ Cream ေတြနဲ႔ Mask ေတြကပ္ကာ ေန႔တစ္ေန႔ကို အစျပဳေလးရွိပါတယ္။ အဲဒီလိုအစျပဳေလ့ရွိတဲ႔အတြက္ ေနာက္တစ္ေန႔မနက္မွာ သူမရဲ႕အသားအေရဟာ တင္းရင္းၿပီး ေရဓာတ္ျပည္႔ဝကာ က်န္းမာတဲ႔ အသားအေရကို ပိုင္ဆိုင္ေနရျခင္း ျဖစ္ပါတယ္။

Song Hey Kyo

Song Hye Kyo

သူမဟာ တျခားအမ်ဳိးသမီးေတြ အသားအေရထိန္းသိမ္းသလိုမ်ဳိးပဲ ထိန္းသိမ္းတတ္သူျဖစ္ၿပီး ထူးျခားတာကေတာ့ Skin Care ျပဳလုပ္ဖို႔ကို ဘယ္ေတာ့မွ မပ်င္းရိတတ္ျခင္းပဲ ျဖစ္ပါတယ္။ သူမေျပာေလ့ရွိတာတစ္ခုကေတာ့ ႏုနယ္ပ်ဳိျမစ္တဲ႔ အလွတရားကိုပိုင္ဆိုင္ခ်င္ရင္ ပ်င္းရိေနလို႔ မရပါဘူး။ ပ်င္းရိသူတုိင္းက လူတကာေငးေမာအားက်ရတဲ႔ အလွစစ္ကို ပိုင္ဆိုင္ႏိုင္ဖို႔ မေသခ်ာပါဘူးဆိုၿပီး ေျပာေလ့ရွိပါတယ္။ ဒါ့အျပင္ သူမလက္ကိုင္ထားတာကေတာ့ ငယ္ရြယ္စဥ္ကတည္းက အသားအေရကို ေသခ်ာထိန္းသိမ္းမွ အသက္ႀကီးလာရင္ အလြယ္တကူ အိုမင္းရင့္ေရာ္သြားႏိုင္မွာ မဟုတ္ပါဘူးဆိုတဲ႔ အခ်က္ပဲျဖစ္ပါတယ္။ မိန္းကေလးေတြဟာ အသက္အရြယ္ႀကီးလာတာနဲ႔အမွ် အသားအေရဟာ ငယ္ရြယ္စဥ္တုန္းကလို မဟုတ္ဘဲ အေျပာင္းအလဲျမန္တဲ႔အတြက္ မ်က္ႏွာနဲ႔ အသားအေရထိိန္းသိမ္းမႈကို ႀကိဳးစားလုပ္ေဆာင္ထားသင့္ပါတယ္။

Song Hye Kyo

Song Hye Kyo

အသက္သံုးဆယ္ေက်ာ္ၿပီး ေလးဆယ္နားကပ္ေနေပမယ့္ အခုခ်ိန္ထိ အရြယ္တင္ေနရတဲ႔ ေနာက္ထပ္လွ်ဳိ႕ဝွက္ခ်က္တစ္ခုကေတာ့ မိတ္ကပ္ကို တျခားအမ်ဳိးသမီးေတြလိမ္းသလိုမ်ဳိး အမ်ားႀကီးမလိမ္းဘဲ တတ္ႏိုင္သမွ် ခပ္ပါးပါးေလးပဲ လိမ္းပါတယ္။ ရႈတင္မရွိတဲ့ရက္ေတြဆိုရင္ မိတ္ကပ္လံုးဝမလိမ္းဘဲ Skin Care ေလးေတြပဲ လိမ္းၿပီးေနပါတယ္။ မိတ္ကပ္လိမ္းရင္လည္း Skin Care Effect ပါဝင္တဲ့ BB Cushion ၊ CC Cushion ေတြနဲ႔ Foundation ပါးပါးေလးေတြပဲ လိမ္းပါတယ္။ ဒီလို လိမ္းေပးျခင္းကလည္း ႏုပ်ဳိဖို႔အတြက္ သူမက်င္႔သံုးေလ့ရွိတဲ႔ နည္းလမ္းေကာင္းေလးတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ သဘာဝအသီးအႏွံေလးေတြကို တတ္ႏိုင္သမွ် သံုးၿပီး Mask အမ်ဳိးမ်ဳိးျပဳလုပ္ကာ ေန႔တိုင္း မ်က္ႏွာ ေပါင္းတင္ေလ့ရွိပါတယ္။ အရြယ္မတုိင္မီ အိုမင္းရင့္ေရာ္ျခင္းမျဖစ္ေစဖုိ႔အတြက္ Sunscreen ကိုလည္း မွန္မွန္လိမ္းေပးသင္႔ပါတယ္။

Song Hye Kyo

Song Hye Kyo

သူမဟာ အသက္ (၃၀) ေက်ာ္တဲ႔အထိ ဆယ္ေက်ာ္သက္ေတြနဲ႔ တန္းတူႏုပ်ဳိေအာင္ Skincare ကိုပဲ အားကိုးအားထားျပဳတာမဟုတ္ဘဲ ေလ့က်င့္ခန္းမွန္မွန္ျပဳလုပ္ၿပီးေတာ့လည္း ထိန္းသိမ္္းပါေသးတယ္။ ေလ့က်င္ခန္းက ႏုပ်ဳိလွပေနဆဲ အလွတရားကို ပိုင္ဆုိင္ဖို႔အတြက္ ေဆးစြမ္းေကာင္းတစ္လက္လို အေရးပါတယ္ဆိုတာ ေကာင္းေကာင္းသိၿပီး အသံုးခ်ႏိုင္သူပါ။ သူမျပဳလုပ္ေလ့ရွိတဲ႔ ကိုယ္လက္လႈပ္ရွားမႈေတြကေတာ့ Yoga နဲ႔ အေျပးေလ့က်င္ခန္းေတြပဲ ျဖစ္ပါတယ္။ ေလ့က်င့္ခန္းလုပ္ၿပီး ေခၽြးထြက္သြားရင္ အသားအေရက ပိိုမိုက်န္းမာလာတယ္လုိ႔ သူမက ယူဆပါတယ္။

အႏွစ္ခ်ဳပ္ရမယ္ဆုိရင္ ဒီအသက္ဒီအရြယ္ထိ အရြယ္တင္ႏုပ်ဳိေနၿပီး ဆယ္ေက်ာ္သက္ေတြနဲ႔ အၿပိဳင္ရပ္တည္ေနႏိုင္ေအာင္ သူမက်င့္သံုးတဲ႔ နည္းလမ္းေကာင္းေတြကေတာ့ အသားအေရကို မပ်င္းမရိထိန္းသိမ္းျခင္းနဲ႔ ေလ့က်င္ခန္းျပဳလုပ္ျခင္းတို႔ပဲ ျဖစ္တယ္လို႔ ေျပာလို႔ရပါတယ္။ လွခ်င္ရက္စက္စက္ယိုေလးေတြလည္း မမ Song Hye Kyo လိုအရြယ္ထိ လွပေနဖုိ႔ မပ်င္းမရိနဲ႔ သူလို႔လုပ္ႏိုင္ဖိို႔ေတာ့ လိုမယ္ေနာ္။ အခုခ်ိန္ကစၿပီး လွပဖို႔အတြက္ အပ်င္းမႀကီးၾကနဲ႔ေတာ့ေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ထာဝရ နုနယ်နေတဲ့ အလှတရားကိုပိုင်ဆိုင်အောင် ဆောင်းဟေကိုကျင့်သုံးတဲ့ လှည့်ကွက်များ

မြန်မာပရိသတ်တွေ ရင်ထဲကို အွန်စောဆိုတဲ့နာမည်နဲ့ ဝင်ရောက်လာသူ အသက် (၃၆) နှစ်အရွယ်မမ Song Hye Kyo ဟာ ဘယ်နားကပဲကြည့်ကြည့် အပြစ်ပြောစရာမရှိအောင် တည်ငြိမ်တဲ့အလှကို ပိုင်ဆိုင်ထားပါတယ်။

Song Hye Ko

Song Hye Ko

အသက် (၃၆) နှစ်အရွယ်လို့သာဆိုတယ် အသက်အရွယ်နဲ့မလိုက်အောင် ကြည်လင်တောက်ပပြီး ကြွေအသားအရေပိုင်ရှင်လို့တောင် တင်စားရလောက်တဲ့အထိ ကောင်းမွန်ပြီးပြည့်စုံတဲ့ အလှစစ်ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ ဘယ်လိုနည်းလမ်းကောင်းတွေကို အသုံးပြုပြီး အသားအရေကို ထိန်းသိမ်းလေ့ရှိလဲဆိုတာ အလှအပရူးသွပ်သူတိုင်း သိချင်ကြတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ သူမ ဒီအသက်ဒီအရွယ်ရောက်တဲ့အထိ ထိန်းသိမ်းတဲ့နည်းလမ်လေးတွေက လွယ်ကူရိုးရှင်းပြီး လူတိုင်းလိုက်လုပ်ရတဲ့ နည်းလမ်းလေးတွေဖြစ်လို့ နုပျိုချင်သူတိုင်း လေ့လာမှတ်သားပြီး စမ်းလုပ်ကြည့်သင့်ပါတယ်။

Song Hey Kyo

Song Hye Kyo

သူမဟာ နေ့တစ်နေ့ရဲ့အစကို ဂျင်းဆင်းပါဝင်တဲ့ မျက်နှာသစ်ဆေးနဲ့သစ်ပြီး ဂျင်းဆင်းပါဝင်တဲ့ Serum ၊ Cream တွေနဲ့ Mask တွေကပ်ကာ နေ့တစ်နေ့ကို အစပြုလေးရှိပါတယ်။ အဲဒီလိုအစပြုလေ့ရှိတဲ့အတွက် နောက်တစ်နေ့မနက်မှာ သူမရဲ့အသားအရေဟာ တင်းရင်းပြီး ရေဓာတ်ပြည့်ဝကာ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။

Song Hey Kyo

Song Hye Kyo

သူမဟာ တခြားအမျိုးသမီးတွေ အသားအရေထိန်းသိမ်းသလိုမျိုးပဲ ထိန်းသိမ်းတတ်သူဖြစ်ပြီး ထူးခြားတာကတော့ Skin Care ပြုလုပ်ဖို့ကို ဘယ်တော့မှ မပျင်းရိတတ်ခြင်းပဲ ဖြစ်ပါတယ်။ သူမပြောလေ့ရှိတာတစ်ခုကတော့ နုနယ်ပျိုမြစ်တဲ့ အလှတရားကိုပိုင်ဆိုင်ချင်ရင် ပျင်းရိနေလို့ မရပါဘူး။ ပျင်းရိသူတိုင်းက လူတကာငေးမောအားကျရတဲ့ အလှစစ်ကို ပိုင်ဆိုင်နိုင်ဖို့ မသေချာပါဘူးဆိုပြီး ပြောလေ့ရှိပါတယ်။ ဒါ့အပြင် သူမလက်ကိုင်ထားတာကတော့ ငယ်ရွယ်စဉ်ကတည်းက အသားအရေကို သေချာထိန်းသိမ်းမှ အသက်ကြီးလာရင် အလွယ်တကူ အိုမင်းရင့်ရော်သွားနိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ မိန်းကလေးတွေဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ အသားအရေဟာ ငယ်ရွယ်စဉ်တုန်းကလို မဟုတ်ဘဲ အပြောင်းအလဲမြန်တဲ့အတွက် မျက်နှာနဲ့ အသားအရေထိန်းသိမ်းမှုကို ကြိုးစားလုပ်ဆောင်ထားသင့်ပါတယ်။

Song Hye Kyo

Song Hye Kyo

အသက်သုံးဆယ်ကျော်ပြီး လေးဆယ်နားကပ်နေပေမယ့် အခုချိန်ထိ အရွယ်တင်နေရတဲ့ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကတော့ မိတ်ကပ်ကို တခြားအမျိုးသမီးတွေလိမ်းသလိုမျိုး အများကြီးမလိမ်းဘဲ တတ်နိုင်သမျှ ခပ်ပါးပါးလေးပဲ လိမ်းပါတယ်။ ရှုတင်မရှိတဲ့ရက်တွေဆိုရင် မိတ်ကပ်လုံးဝမလိမ်းဘဲ Skin Care လေးတွေပဲ လိမ်းပြီးနေပါတယ်။ မိတ်ကပ်လိမ်းရင်လည်း Skin Care Effect ပါဝင်တဲ့ BB Cushion ၊ CC Cushion တွေနဲ့ Foundation ပါးပါးလေးတွေပဲ လိမ်းပါတယ်။ ဒီလို လိမ်းပေးခြင်းကလည်း နုပျိုဖို့အတွက် သူမကျင့်သုံးလေ့ရှိတဲ့ နည်းလမ်းကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝအသီးအနှံလေးတွေကို တတ်နိုင်သမျှ သုံးပြီး Mask အမျိုးမျိုးပြုလုပ်ကာ နေ့တိုင်း မျက်နှာ ပေါင်းတင်လေ့ရှိပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမဖြစ်စေဖို့အတွက် Sunscreen ကိုလည်း မှန်မှန်လိမ်းပေးသင့်ပါတယ်။

Song Hye Kyo

Song Hye Kyo

သူမဟာ အသက် (၃၀) ကျော်တဲ့အထိ ဆယ်ကျော်သက်တွေနဲ့ တန်းတူနုပျိုအောင် Skincare ကိုပဲ အားကိုးအားထားပြုတာမဟုတ်ဘဲ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပြီးတော့လည်း ထိန်းသိမ်းပါသေးတယ်။ လေ့ကျင်ခန်းက နုပျိုလှပနေဆဲ အလှတရားကို ပိုင်ဆိုင်ဖို့အတွက် ဆေးစွမ်းကောင်းတစ်လက်လို အရေးပါတယ်ဆိုတာ ကောင်းကောင်းသိပြီး အသုံးချနိုင်သူပါ။ သူမပြုလုပ်လေ့ရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကတော့ Yoga နဲ့ အပြေးလေ့ကျင်ခန်းတွေပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်သွားရင် အသားအရေက ပိုမိုကျန်းမာလာတယ်လို့ သူမက ယူဆပါတယ်။

အနှစ်ချုပ်ရမယ်ဆိုရင် ဒီအသက်ဒီအရွယ်ထိ အရွယ်တင်နုပျိုနေပြီး ဆယ်ကျော်သက်တွေနဲ့ အပြိုင်ရပ်တည်နေနိုင်အောင် သူမကျင့်သုံးတဲ့ နည်းလမ်းကောင်းတွေကတော့ အသားအရေကို မပျင်းမရိထိန်းသိမ်းခြင်းနဲ့ လေ့ကျင်ခန်းပြုလုပ်ခြင်းတို့ပဲ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ လှချင်ရက်စက်စက်ယိုလေးတွေလည်း မမ Song Hye Kyo လိုအရွယ်ထိ လှပနေဖို့ မပျင်းမရိနဲ့ သူလို့လုပ်နိုင်ဖို့တော့ လိုမယ်နော်။ အခုချိန်ကစပြီး လှပဖို့အတွက် အပျင်းမကြီးကြနဲ့တော့နော်။

H.H(Akhayar)

www.akhayar.com