[Zawgyi]

ေဟာလိ၀ုဒ္ထိ လူသိမ်ားတဲ့ ေတာင္ကုိရီးယားထိပ္တန္းဆယ္လီမ်ား

ကုိရီးယားအႏုပညာရွင္ေတြရဲ႕ သရုပ္ေဆာင္စြမ္းရည္ကေတာ့ ေဟာလိ၀ုဒ္အထိပါ ထုိးေဖာက္ႏုိင္တာျဖစ္ပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြသတိမထားမိေသးတဲ့ ေဟာလိ၀ုဒ္ရုပ္ရွင္ေလာကအထိပါ ေနရာယူႏုိင္တဲ့ ဒိတ္ဒိတ္က်ဲ ကုိရီးယားအႏုပညာရွင္ေတြကုိ ေဖာ္ျပေပးခ်င္ပါတယ္။

1. Lee Byung Hun

Lee Byung hun

ျမန္မာပရိသတ္ေတြမ်က္စိထဲမွာ လက္ေ၀ွ႕ထုိးတဲ့ ဇာတ္ေကာင္နဲ႕ အရင္ဆုံး မ်က္မွန္းတန္းမိေနၾကတဲ့ နာမည္ၾကီးမင္းသား Lee Byung Hun ဟာ ဒရာမာေတြသာမက အက္ရွင္ဇာတ္ကားေတြကုိပါ ရုိက္ကူးေလ့ရွိပါတယ္။ ေယာက်ာ္းပီသျပီး ဆြဲေဆာင္မႈရွိတဲ့ ေျဗာင္ဟြန္းဟာ (၂၀၁၅)ခုႏွစ္ကရုိက္ကူးခဲ့တဲ့ ေဟာလိ၀ုဒ္ဇာတ္ကား “Terminator Genisys” မွာ ခပ္ဆုိးဆုိးစက္ရုပ္အျဖစ္ အေကာင္းဆုံးသရုပ္ေဆာင္ခဲ့ျပီး ေဟာလိ၀ုဒ္အထိပါ ပရိသတ္အားေပးမႈတခဲနက္ရရွိလာျပန္ပါတယ္။

2. Steven Yeun

Steven Yeun

“The Walking Dead” ရုပ္ရွင္ဇာတ္ကားတြဲေတြကုိ ပရိသတ္ေတြအားလုံးၾကည့္ဖူးၾကမွာပါ။ ဒီဇာတ္ကားတြဲမွာ ကုိရီးယားမင္းသားတစ္လက္ပါ၀င္သရုပ္ေဆာင္ထားတယ္ဆုိတာကုိေတာ့ သိထားသင့္တယ္ေနာ္။ သူကေတာ့ Glenn ဇာတ္ေကာင္နဲ႕ လူသိမ်ားခဲ့ျပီး season 7 မွာေတာ့ သူ႕ရဲ႕ဇာတ္ေကာင္က ေသဆုံးသြားရတာပါ။

3. Ki Hong Lee

Ki Hong Lee

ေဟာလိ၀ုဒ္ရဲ႕ နာမည္ၾကီးဇာတ္ကားတစ္ကားျဖစ္တဲ့ Maze Runner ရုပ္ရွင္ကားၾကီးကုိ ၾကည့္ဖူးၾကတယ္ဟုတ္။ ဒီကားမွာ ေဟာလိ၀ုဒ္သရုပ္ေဆာင္ေတြခ်ည္းပဲ ပါ၀င္ထားရုံသာမက ေတာင္ကုိရီးယား-အေမရိကန္ႏြယ္ဖြား သရုပ္ေဆာင္ Ki Hong Lee ကလည္း ပါ၀င္သရုပ္ေဆာင္ထားတယ္လုိ႕သိရပါတယ္။

4. Rain

ပထမဆုံးလူၾကဳိက္မ်ားေအာင္ျမင္ခဲ့တဲ့ K Pop ေငြၾကယ္ပြင့္ကေတာ့ ေတာင္ကုိရီးယားမင္းသားေခ်ာ Rain ပါပဲ။ ဂီတနဲ႕ သရုပ္ေဆာင္ နယ္ပယ္ႏွစ္ခုလုံးမွာ ထြန္းထြန္းေပါက္ေပါက္ေအာင္ျမင္ခဲ့ရုံသာမကဘဲ Speed Racer နဲ႕ Ninja Assassin ရုပ္ရွင္ကားေတြနဲ႕လည္း ေဟာလိ၀ုဒ္ထိ ထုိးေဖာက္ႏုိင္ခဲ့သူျဖစ္ပါတယ္။ ေဟာလိ၀ုဒ္သရုပ္ေဆာင္ေတြနဲ႕အျပဳိင္ ေခသူမဟုတ္တဲ့ Rain ဟာ အိမ္ေထာင္က်သြားေပမယ့္ လက္ရွိအခ်ိန္ထိ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသဲေက်ာ္ျဖစ္ေနဆဲပါပဲ။ ပရိသတ္ေတြေရာဘယ္သူ႕ကုိ အခ်စ္ဆုံးလဲ။

Stella(Akhayar)

www.Akhayar.com 

[Unicode]

ဟောလိဝုဒ်ထိ လူသိများတဲ့ တောင်ကိုရီးယားထိပ်တန်းဆယ်လီများ

ကိုရီးယားအနုပညာရှင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ ဟောလိဝုဒ်အထိပါ ထိုးဖောက်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေသတိမထားမိသေးတဲ့ ဟောလိဝုဒ်ရုပ်ရှင်လောကအထိပါ နေရာယူနိုင်တဲ့ ဒိတ်ဒိတ်ကျဲ ကိုရီးယားအနုပညာရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

1. Lee Byung Hun

Lee Byung hun

မြန်မာပရိသတ်တွေမျက်စိထဲမှာ လက်ဝှေ့ထိုးတဲ့ ဇာတ်ကောင်နဲ့ အရင်ဆုံး မျက်မှန်းတန်းမိနေကြတဲ့ နာမည်ကြီးမင်းသား Lee Byung Hun ဟာ ဒရာမာတွေသာမက အက်ရှင်ဇာတ်ကားတွေကိုပါ ရိုက်ကူးလေ့ရှိပါတယ်။ ယောကျာ်းပီသပြီး ဆွဲဆောင်မှုရှိတဲ့ ဗြောင်ဟွန်းဟာ (၂၀၁၅)ခုနှစ်ကရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်ဇာတ်ကား “Terminator Genisys” မှာ ခပ်ဆိုးဆိုးစက်ရုပ်အဖြစ် အကောင်းဆုံးသရုပ်ဆောင်ခဲ့ပြီး ဟောလိဝုဒ်အထိပါ ပရိသတ်အားပေးမှုတခဲနက်ရရှိလာပြန်ပါတယ်။

2. Steven Yeun

Steven Yeun

“The Walking Dead” ရုပ်ရှင်ဇာတ်ကားတွဲတွေကို ပရိသတ်တွေအားလုံးကြည့်ဖူးကြမှာပါ။ ဒီဇာတ်ကားတွဲမှာ ကိုရီးယားမင်းသားတစ်လက်ပါဝင်သရုပ်ဆောင်ထားတယ်ဆိုတာကိုတော့ သိထားသင့်တယ်နော်။ သူကတော့ Glenn ဇာတ်ကောင်နဲ့ လူသိများခဲ့ပြီး season 7 မှာတော့ သူ့ရဲ့ဇာတ်ကောင်က သေဆုံးသွားရတာပါ။

3. Ki Hong Lee

Ki Hong Lee

ဟောလိဝုဒ်ရဲ့ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Maze Runner ရုပ်ရှင်ကားကြီးကို ကြည့်ဖူးကြတယ်ဟုတ်။ ဒီကားမှာ ဟောလိဝုဒ်သရုပ်ဆောင်တွေချည်းပဲ ပါဝင်ထားရုံသာမက တောင်ကိုရီးယား-အမေရိကန်နွယ်ဖွား သရုပ်ဆောင် Ki Hong Lee ကလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

4. Rain

Rain

ပထမဆုံးလူကြိုက်များအောင်မြင်ခဲ့တဲ့ K Pop ငွေကြယ်ပွင့်ကတော့ တောင်ကိုရီးယားမင်းသားချော Rain ပါပဲ။ ဂီတနဲ့ သရုပ်ဆောင် နယ်ပယ်နှစ်ခုလုံးမှာ ထွန်းထွန်းပေါက်ပေါက်အောင်မြင်ခဲ့ရုံသာမကဘဲ Speed Racer နဲ့ Ninja Assassin ရုပ်ရှင်ကားတွေနဲ့လည်း ဟောလိဝုဒ်ထိ ထိုးဖောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဟောလိဝုဒ်သရုပ်ဆောင်တွေနဲ့အပြိုင် ခေသူမဟုတ်တဲ့ Rain ဟာ အိမ်ထောင်ကျသွားပေမယ့် လက်ရှိအချိန်ထိ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော်ဖြစ်နေဆဲပါပဲ။ ပရိသတ်တွေရောဘယ်သူ့ကို အချစ်ဆုံးလဲ။

Stella(Akhayar)

www.Akhayar.com