[Zawgyi]

ဆံပင္ရွည္ေလးနဲ႕ ပရိသတ္ေရွ႕ထြက္ေပၚလာတဲ့ Park Bo Gum

Love in the Moonlight ဇာတ္ကားနဲ႕ ပရိသတ္အားေပးမႈတခဲနက္ရရွိခဲ့တဲ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသဲေက်ာ္ Park Bo Gum ကေတာ့ မိန္းကေလးပရိသတ္ေတြေၾကြခ်င္ေလာက္စရာပါပဲ။လူျမင္ကြင္းမွာ မေတြ႕တာၾကာျပီျဖစ္တဲ့ သူ႕ကုိ ဒီရက္ပုိင္းအတြင္း ဆံပင္ရွည္ေလးနဲ႕ ေတြ႕လုိက္ရတာမုိ႕ လူမႈကြန္ရက္မွာေတာ့ သူ႕ပုံရိပ္ေတြက ေရပန္းစားေနျပန္ပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ Park Bo Gum ဟာ ခါတုိင္းဆံပင္တုိေလးနဲ႕ေနခဲ့ေပမယ့္ အခုလုိ ဆံပင္ရွည္ေလးထားေနေတာ့ ပရိသတ္ေတြအျမင္မွာ အံ့အားသင့္ေလာက္ေအာင္ ဆြဲေဆာင္မႈရွိေနတာျဖစ္ပါတယ္။ အႏုပညာလႈပ္ရွားမႈအေနနဲ႕ မၾကာခင္လပုိင္းအတြင္းမွာ မင္းသမီးေခ်ာ Song Hye Kyo နဲ႕အတူ My Boyfriend ဆိုတဲ့ ဒရာမာ ဇာတ္လမ္းတြဲမွာ အတူတူသရုပ္ေဆာင္ရမွာျဖစ္တယ္လုိ႕သိရပါတယ္။

သူဟာ ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမ်ားမွာ ပရိသတ္အၾကဳိက္ေတြ႕ေအာင္သရုပ္ေဆာင္ႏုိင္ခဲ့သလုိ Forbes မဂၢဇင္းက ေဖာ္ျပတဲ့ ကုိရီးယားရဲ႕နာမည္ေက်ာ္အႏုပညာရွင္စာရင္းမွာလည္း ထိပ္ဆံုးကအျမဲရပ္တည္ေနခဲ့တာျဖစ္ပါတယ္။ ဆံပင္ရွည္ေလးနဲ႕ ရုိးရုိးရွင္းရွင္းေလး ခ်စ္စရာေကာင္းေနတဲ့ Bo Gum ရဲ႕ ပုံေလးေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

Stella(Akhayar)

www.akhayar.com

[Unicode]

ဆံပင်ရှည်လေးနဲ့ ပရိသတ်ရှေ့ထွက်ပေါ်လာတဲ့ Park Bo Gum

Love in the Moonlight ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုတခဲနက်ရရှိခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် Park Bo Gum ကတော့ မိန်းကလေးပရိသတ်တွေကြွေချင်လောက်စရာပါပဲ။လူမြင်ကွင်းမှာ မတွေ့တာကြာပြီဖြစ်တဲ့ သူ့ကို ဒီရက်ပိုင်းအတွင်း ဆံပင်ရှည်လေးနဲ့ တွေ့လိုက်ရတာမို့ လူမှုကွန်ရက်မှာတော့ သူ့ပုံရိပ်တွေက ရေပန်းစားနေပြန်ပါတယ်။

အသက်(၂၅)နှစ်အရွယ် Park Bo Gum ဟာ ခါတိုင်းဆံပင်တိုလေးနဲ့နေခဲ့ပေမယ့် အခုလို ဆံပင်ရှည်လေးထားနေတော့ ပရိသတ်တွေအမြင်မှာ အံ့အားသင့်လောက်အောင် ဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ မကြာခင်လပိုင်းအတွင်းမှာ မင်းသမီးချော Song Hye Kyo နဲ့အတူ My Boyfriend ဆိုတဲ့ ဒရာမာ ဇာတ်လမ်းတွဲမှာ အတူတူသရုပ်ဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။

သူဟာ ဇာတ်လမ်းတွဲတော်တော်များများမှာ ပရိသတ်အကြိုက်တွေ့အောင်သရုပ်ဆောင်နိုင်ခဲ့သလို Forbes မဂ္ဂဇင်းက ဖော်ပြတဲ့ ကိုရီးယားရဲ့နာမည်ကျော်အနုပညာရှင်စာရင်းမှာလည်း ထိပ်ဆုံးကအမြဲရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ဆံပင်ရှည်လေးနဲ့ ရိုးရိုးရှင်းရှင်းလေး ချစ်စရာကောင်းနေတဲ့ Bo Gum ရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Stella(Akhayar)

www.akhayar.com