[Zawgyi]

မိသားစုဝင္အသစ္တိုးလို႔ေပ်ာ္ရႊင္ခဲ့ရတဲ့ ကိုရီးယားအနုပညာရွင္မ်ား

ၿပီးခဲ့တဲ့ ၂၀၁၇ ခုနွစ္မွာ ကိုရီးယားဆယ္လီေတြထဲ ကေလးေမြးဖြားခဲ့ၾကသူေတြရွိပါတယ္။ ဒီထဲကမွ ပရိသတ္နဲ႔ရင္းနွီးတဲ့ အနုပညာရွင္ေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ သူတို႕ရင္ေသြးေလးေတြကို ဘယ္ေလာက္ေတာင္ခ်စ္ၾကသလဲ ဆိုတာကိုလည္း သိျမင္နိုင္ပါတယ္။

Haha and Byul

Haha နဲ႔ Byul တို႔ရဲ ႔ ဒုတိယကေလးကို ၂၀၁၇ခုနွစ္ မတ္လ၂၂ ရက္ေန႔ မွာေမြးခဲ့တာျဖစ္ပါတယ္။

သားေယာက္က်ားေလးျဖစ္ပါတယ္။ သူတို႔နွစ္ေယာက္ဟာပထမကေလးကိုေတာ့ ၂၀၁၃ ခုနွစ္မွာေမြးခဲ့တာျဖစ္ၿပီး နာမည္ကေတာ့ Dream လို႔ေခၚပါတယ္။ အခုဒုတိယ သားေလး ရဲ ႔အိမ္နာမည္ကိုေတာ့ Soul လို႔ေပးထားတာျဖစ္ပါတယ္။

Yoon Sang Hyun and Maybee

Yoon Sang Hyun နဲ႔ Maybee တို႔က သူတို႔နွစ္ေယာက္ရဲ ႔ဒုတိယ ကေလးကို ၂၁၀၇ခုနွစ္ ေမလ ၂၀ ရက္ေန႔မွာေမြးခဲ့တာျဖစ္ပါတယ္။ Yoon Sang Hyun ကသူ႕ရဲ႕ Instagramမွာ ကေလးေမြးၿပီးၿပီးခ်င္း ရင္ေသြးေလးရဲ႕ ေျခေထာက္ပံုေလးကိုတင္ခဲ့တာျဖစ္ပါတယ္။ ေရးထားတဲ့ စာေလးကလည္း “Our second princess has come into the world”လို႔ေရးထားတာျဖစ္ပါတယ္။

သူတုိ႔နွစ္ေယာက္ကေတာ့ ၂၀၁၅ ခုနွစ္ ေဖေဖာ္ဝါရီလမွာလက္ထပ္ခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ ပထမရင္ေသြးျဖစ္တဲ့ သမီးေလးကိုလည္း ၂၀၁၅ခုနွစ္ ဒီစင္ဘာလမွာ ေမြးခဲ့တာျဖစ္ပါတယ္။

Jung Suk Won and Baek Ji Young

Baek Ji Young ကေတာ့သူတို႔ရဲ႕ ရင္ေသြးေလးကို ၂၀၁၇ခုနွစ္ ေမလ ၂၂ ရက္ေန႔မနက္ပိုင္းမွာေမြးခဲ့တာျဖစ္ပါတယ္။ သမီးေလးရဲ ႔နာမည္ကေတာ့ Ha Im လို႔ေခၚပါတယ္။

Baek Ji Young ဟာ ပထမတစ္ၾကိမ္ကေလး လြယ္ၿပီး ၂၀၁၃ ခုနွစ္ေလာက္က ကို္ယ္ဝန္ပ်က္က်ဖူးပါေသးတယ္။

In Gyo Jin and So Yi Hyun

So Yi Hyun ဟာ သမီးေလးကို ၂၀၁၇ ခုနွစ္ေအာက္တိုဘာလ ၂ ရက္ေန႔ ကေမြးခဲ့တာျဖစ္ပါတယ္။ So Yi Hyun နဲ႔ In Gyo Jin တို႔နွစ္ေယာက္ဟာ ၂၀၁၄ ခုနွစ္ေအာက္တိုဘာလ မွာ လက္ထပ္ခဲ့တာျဖစ္ပါတယ္။

သူတို႔နွစ္ေယာက္ရဲ ႔ ပထမ သမီးေလးကိုေတာ့ ၂၀၁၅ ခုနွစ္ဒီစင္လာလမွာ ေမြးခဲ့ၿပီးနာမည္ကေတာ့ In Ha Eun လို႔ေခၚပါတယ္။ သူတို႔နွစ္ေယာက္ကေတာ့ Aeja’s Older Sister,Minja (2008) မွာေတြ႕ၿပီးခ်စ္ကြ်မ္းဝင္ခဲ့ၾကတာျဖစ္ပါတယ္။

 

Rain and Kim Tae Hee

Rain နဲ႔ Kim Tae Hee တို႔ကေတာ့သူတို႔ရဲ ႔ သမီးဦးေလးကို ၂၀၁၇ ခုနွစ္ေအာက္တုိဘာလ ၂၄ ရက္ေန႔မွာေမြးခဲ့တာျဖစ္ပါတယ္။

ကေလးေမြးၿပီးေနာက္တစ္ရက္မွာ မင္းသား Rain က သူ႔ရဲ ႔ Instagram အေကာင့္မွာ ခ်စ္စရာေကာင္းတဲ့ ကေလးဖိနပ္ေလးတစ္စံုနဲ႔ ေရးထားတဲ့ စာေလးကေတာ့ “Thank you ….She’s a beautiful princess ,We’ll raise her to be a child that helps the world.# Blessed” ဆိုၿပီးေတာ့ ျဖစ္ပါတယ္။

Kang Gary

Kang Gary ကေတာ့ ၂၀၁၇ ခုနွစ္ နိုဝင္ဘာလ ၁၇ ရက္ေန႔မွာ သူ႔ရဲ ႔ Instagram မွာတင္ခဲ့တဲ့ ပံုေၾကာင့္သူ႕ရဲ  ႔ Fan ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ ဒါကေတာ့ “Gary Junior” ဆိုၿပီး တင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ၿပီးေတာ့ သူ႔ရဲ ႔ Fan ေတြကိုအသိေပးခဲ့တာကလည္း သူဟာ သားေယာက္က်ားေလးတစ္ေယာက္ရဲ ႔ အေဖျဖစ္ေနပါၿပီ ဆိုတာပဲျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:KpopStar

www.akhayar.com
[Unicode]

မိသားစုဝင်အသစ်တိုးလို့ပျော်ရွှင်ခဲ့ရတဲ့ ကိုရီးယားအနုပညာရှင်များ

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ကိုရီးယားဆယ်လီတွေထဲ ကလေးမွေးဖွားခဲ့ကြသူတွေရှိပါတယ်။ ဒီထဲကမှ ပရိသတ်နဲ့ရင်းနှီးတဲ့ အနုပညာရှင်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သူတို့ရင်သွေးလေးတွေကို ဘယ်လောက်တောင်ချစ်ကြသလဲ ဆိုတာကိုလည်း သိမြင်နိုင်ပါတယ်။

Haha and Byul

Haha နဲ့ Byul တို့ရဲ့ ဒုတိယကလေးကို ၂၀၁၇ခုနှစ် မတ်လ၂၂ ရက်နေ့ မှာမွေးခဲ့တာဖြစ်ပါတယ်။

သားယောက်ကျားလေးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာပထမကလေးကိုတော့ ၂၀၁၃ ခုနှစ်မှာမွေးခဲ့တာဖြစ်ပြီး နာမည်ကတော့ Dream လို့ခေါ်ပါတယ်။ အခုဒုတိယ သားလေး ရဲ့အိမ်နာမည်ကိုတော့ Soul လို့ပေးထားတာဖြစ်ပါတယ်။

Yoon Sang Hyun and Maybee

Yoon Sang Hyun နဲ့ Maybee တို့က သူတို့နှစ်ယောက်ရဲ့ဒုတိယ ကလေးကို ၂၁၀၇ခုနှစ် မေလ ၂၀ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။ Yoon Sang Hyun ကသူ့ရဲ့ Instagramမှာ ကလေးမွေးပြီးပြီးချင်း ရင်သွေးလေးရဲ့ ခြေထောက်ပုံလေးကိုတင်ခဲ့တာဖြစ်ပါတယ်။ ရေးထားတဲ့ စာလေးကလည်း “Our second princess has come into the world”လို့ရေးထားတာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကတော့ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာလက်ထပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ပထမရင်သွေးဖြစ်တဲ့ သမီးလေးကိုလည်း ၂၀၁၅ခုနှစ် ဒီစင်ဘာလမှာ မွေးခဲ့တာဖြစ်ပါတယ်။

Jung Suk Won and Baek Ji Young

Baek Ji Young ကတော့သူတို့ရဲ့ ရင်သွေးလေးကို ၂၀၁၇ခုနှစ် မေလ ၂၂ ရက်နေ့မနက်ပိုင်းမှာမွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့နာမည်ကတော့ Ha Im လို့ခေါ်ပါတယ်။

Baek Ji Young ဟာ ပထမတစ်ကြိမ်ကလေး လွယ်ပြီး ၂၀၁၃ ခုနှစ်လောက်က ကိုယ်ဝန်ပျက်ကျဖူးပါသေးတယ်။

In Gyo Jin and So Yi Hyun

So Yi Hyun ဟာ သမီးလေးကို ၂၀၁၇ ခုနှစ်အောက်တိုဘာလ ၂ ရက်နေ့ ကမွေးခဲ့တာဖြစ်ပါတယ်။ So Yi Hyun နဲ့ In Gyo Jin တို့နှစ်ယောက်ဟာ ၂၀၁၄ ခုနှစ်အောက်တိုဘာလ မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ပထမ သမီးလေးကိုတော့ ၂၀၁၅ ခုနှစ်ဒီစင်လာလမှာ မွေးခဲ့ပြီးနာမည်ကတော့ In Ha Eun လို့ခေါ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ Aeja’s Older Sister,Minja (2008) မှာတွေ့ပြီးချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။

 

Rain and Kim Tae Hee

Rain နဲ့ Kim Tae Hee တို့ကတော့သူတို့ရဲ့ သမီးဦးလေးကို ၂၀၁၇ ခုနှစ်အောက်တိုဘာလ ၂၄ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။

ကလေးမွေးပြီးနောက်တစ်ရက်မှာ မင်းသား Rain က သူ့ရဲ့ Instagram အကောင့်မှာ ချစ်စရာကောင်းတဲ့ ကလေးဖိနပ်လေးတစ်စုံနဲ့ ရေးထားတဲ့ စာလေးကတော့ “Thank you ….She’s a beautiful princess ,We’ll raise her to be a child that helps the world.# Blessed” ဆိုပြီးတော့ ဖြစ်ပါတယ်။

Kang Gary

Kang Gary ကတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ သူ့ရဲ့ Instagram မှာတင်ခဲ့တဲ့ ပုံကြောင့်သူ့ရဲ့ Fan တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဒါကတော့ “Gary Junior” ဆိုပြီး တင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ပြီးတော့ သူ့ရဲ့ Fan တွေကိုအသိပေးခဲ့တာကလည်း သူဟာ သားယောက်ကျားလေးတစ်ယောက်ရဲ့ အဖေဖြစ်နေပါပြီ ဆိုတာပဲဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:KpopStar

www.akhayar.com