[ZawGyi]

ရန္ကုန္ၿမိဳ႕ရဲ႕ ငါးအူေခ်ာင္းအစံုဆံုး ကိုရီးယားဆိုင္ေလး “Busan Fish Cake”

တစ္သက္နဲ႔ တစ္ကိုယ္ ကိုရီးယားစာေတြဆိုတာ ေစ်းႀကီးႀကီး၊ အရသာခ်ိဳစပ္စပ္ ေပါ့ရႊတ္ရႊတ္လို႔ ထင္ထားခဲ့တာ ၅၀၀၊ ၁၀၀၀ ဝန္းက်င္နဲ႔ ငါးအူေခ်ာင္းေတြ၊ ထမင္းလိပ္ေတြ၊ ပဲေခါက္ဆြဲ၊ ေတာ့ပူကီေတြလို ကိုရီးယားစာ ေကာင္းေကာင္းကို ဗမာပါးစပ္နဲ႔ အရသာရွိရွိ စားလို႔ရမွန္း ခုမွသိရေတာ့တယ္။

ငါးအူေခ်ာင္းေတြ ရွယ္ပဲ။

ကိုရီးယားကားေတြထဲက ပဲေခါက္ဆြဲပ်စ္ပ်စ္ဆိမ့္ဆိမ့္ေလးေတြ၊ ငါးအူေခ်ာင္းအေငြ႕တစ္ေထာင္းေထာင္းေတြ၊ ထမင္းလိပ္နဲ႔ ေတာ့ပူကီအစံုအစိကို ကိုရီးယားေရာက္ေနသလိုေလး အရသာရွိရွိစားဖို႔ဆိုတာ ကိုယ္ေတြလို ကိုရီးယားခ်စ္သူေတြရဲ႕ အိပ္မက္ပဲမလား။

ပဲေခါက္ဆြဲ

အဲ့လိုအရသာ အဲ့ခံစားခ်က္ကို ဟိုတစ္ေန႔က Shopping Mall တစ္ခုက ဆိုင္ေလးေရာက္ေတာ့မွ တကယ့္ ကိုရီးယားေရာက္ေနတဲ့ Feeling ခံစားရေတာ့တယ္။ အပိုမေျပာဘူး ေစ်းၾကည့္မွ အံ့ၾသမိေတာ့တယ္။ ေကာင္တာတစ္ခုုလံုုး ငါးအူေခ်ာင္းေတြကို ေၾကာ္ၿပီး ျပဳတ္ၿပီး ျဖန္႔ခင္းထားတာအျပည့္ဘဲ။ တကယ့္ အလွ်ံပယ္ ေရာင္စံု အခ်ိဳေရာ အစပ္ေရာ စားခ်င္စရာေလးေတြပါပဲ။

Fish Cake

ေစ်းႏုႈန္း ၅၀၀၊ ၁၀၀၀ ကစတယ္။ ေစ်းလံုးဝလံုးဝ မႀကီးတဲ့ ကိုရီးယားစာ တန္၊ ေကာင္း၊ သန္႔ပဲ။ ပံုထဲက မွာတာဆို အားလံုးေပါင္း ၃,၄ ေယာက္စားမွ ၉၀၀၀ ပဲက်ခဲ့တယ္။ အျမည္းစားဖို႔ေလးေတြလည္း ခ်ေပးထားေတာ့ ကိုယ္ႀကိဳက္တာျမည္းၿပီးမွာရံုပဲ။ ဘာေရြးရမွန္းမသိ ေဝခြဲမရျဖစ္ရေအာင္ကို စံုပါတယ္။

၉ ၀၀၀ က်ပ္

ငါးအူေခ်ာင္းျပဳတ္၊ ေၾကာ္၊ ကဏန္းနဲ႔ ငါးဖယ္ အေခ်ာင္းေတြ၊ အျပားေတြ ျပဳတ္တာေရာ၊ ေၾကာ္တာေရာကိုမွ အခ်ိဳရတယ္ အစပ္ရတယ္။ အလွ်ံပယ္ပဲ။ပူပူေႏြးေႏြးနဲ႔ ေမႊးေနေရာ။ ကိုရီးယားကားထဲကလို တစ္ေခ်ာင္းၿပီး တစ္ေခ်ာင္း စားပါလိမ္႔။ ၅၀၀ ဆိုေတာ့ အ၀စားေတာင္ ၃၀၀၀ ၀န္းက်င္ပဲ။

၅၀၀၊ ၁၀၀၀ တန္ေလးေတြ။

ကိုရီးယားအရသာ ငါးအူေခ်ာင္းကို ကိုရီးယားက နည္းနဲ႔ ဒီမွာ ကိုယ့္ေရွ႕တင္ လုပ္ေနတာဆိုေတာ့ လတ္လတ္ဆတ္ဆတ္နဲ႔ စားရတာ အျပားေတြ၊ အတံုးထူထူႀကီးေတြကိုမွ အသားကိုက်စ္ေနတာပါပဲ။

ငါးအူေခ်ာင္းေၾကာ္ေဆာ့စ္ဆမ္း

ေစ်းေတြကလည္း ၅၀၀၊ ၇၀၀၊ ၁၀၀၀ ပဲရွိတယ္။ ငါးအူေခ်ာင္းေၾကာ္ေဆာ့စ္ဆမ္းဆို ၄လံုးမွ ၁၀၀၀ တဲ့။ အရသာကေတာ့ ျပဳတ္တာထက္ ေၾကာ္တာက ပိုအရသာရွိတယ္ထင္တာပဲ။ ျပဳတ္တာက် ဆီမပါေတာ့ အရသာေပါ့ေပါ့နဲ႔ တမ်ိဳးေလးေပါ့။ အဲ့ဒါေတြ ၃,၄ ေခ်ာင္းေလာက္မွာၿပီးရင္ေတာ့ ဝါးရတာ ပါးစပ္တေညာင္းပဲ။ ငါးအူေခ်ာင္းအျပားလိုက္ႀကီးေၾကာ္တာဆို ၇၀၀ ပဲေပးရတယ္။

ငါးအူေခ်ာင္းအျပားလိုက္ႀကီးေၾကာ္ ၇၀၀ က်ပ္။

ထမင္းလိပ္ေလးလည္း စားေကာင္းတယ္။ Mini Kimbap ေပါ့။ သူ႔ထမင္းလိပ္ေလးက ေသးေသးေလး။ ကင္ခ်ီနဲ႔ ႐ိုး႐ိုး ၂မ်ိဳးရတယ္။ ကင္ခ်ီကေတာ့ ရႈးရွဲသမားေတြ မမွာမျဖစ္ မွာရမယ္။ စပ္ၿပီး အရမ္းအရသာရွိတာပဲ။ တစ္လိပ္မွ ၅၀၀ တဲ့။

Mini Kimbap ၁၀၀၀ က်ပ္။

ပဲေခါက္ဆြဲကေတာ့ အလြတ္ဆို ၂၀၀၀။ အသားပါရင္ ၂၅၀၀တဲ့။ ေခါက္ဆြဲလံုးႀကီးႀကီး အရသာေပါ့ေပါ့နဲ႔ ပဲေခါက္ဆြဲ မစစ္တာမို႔ သိပ္မႀကိဳက္ခဲ့ဘူး။ အမ်ားႀကီးေတာ့ပါတယ္။

ပဲေခါက္ဆြဲ ၂၅၀၀ က်ပ္။

ေတာ္ေတာ္ေလးႀကိဳက္မိတာ ေတာ့ပုကီပါပဲ။ တျခားေတာ့ပုကီေတြလို ေပါ့ေပါ့ခ်ိဳစပ္ႀကီးမဟုတ္ဘဲ င႐ုတ္သီးအႏွစ္ေလးကအစ အရသာရွိတယ္။ ငါးအူေခ်ာင္းအဖတ္ေတြမ်ားတယ္။ တစ္ပြဲ ၂၀၀၀ နဲ႔ ဝဝလင္လင္စားရတယ္။ ဗမာပါးစပ္နဲ႔ ကြက္တိ။ ႏွမ္းနက္ေစ့ေလးေတြနဲ႔ ေတာ့ပုကီေကာင္းေကာင္းစားခ်င္ရင္ဒီကိုသာ လာလိုက္ေတာ့။

ေတာ့ပုကီ အေကာင္းဆံုး ၂၀၀၀ က်ပ္။

ဆိုင္ေလး နာမည္က “Busan Fish Cake” တဲ့။ စံရိပ္ၿငိမ္ ဂမုန္းပြင့္ စတုတၳထပ္မွာဖြင့္ထားတာပါ။ အဲ့ဒီဆိုင္ေလးမွာ မာလာရွမ္းေကာလည္း Set နဲ႔ေရာ၊ Gram နဲ႔ေရာရတယ္။ ဟိုဘက္သူနဲ႔ေက်ာဘက္ အျခမ္းမွာက ပဲေခါက္ဆြဲဆိုင္ေလးရွိတယ္။ တၿခား ေခါက္ဆြဲျပဳတ္ေတြ ကိုရီးယားစာေတြလည္း Busan Fish Cake မွာ ရေသးတယ္။

Busan Fish Cake

႐ုပ္ရွင္ရံုရွိတဲ့အထပ္မွာဆိုေတာ့ ႐ုပ္ရွင္ၾကည့္ရင္း ကိုရီးယားေရာက္ေနသလို ေစ်းတန္တန္နဲ႔ ေတာ့ပုကီ၊ ငါးအူေခ်ာင္း အဝစားဖို႔ ခံတြင္းက ေတာင့္တေနၿပီဆိုရင္ေတာ့ ရန္ကုန္ၿမိဳ႕ရဲ႕ ငါးအူေခ်ာင္းအစံုဆံုး Busan Fish Cake ကို သြားစားၾကည့္ၾကပါလို႔။

ထိုင္လို႔လည္းေကာင္းတယ္။

EiEiKhineMinn ( Akhayar )

[Unicode]

ရန်ကုန်မြို့ရဲ့ ငါးအူချောင်းအစုံဆုံး ကိုရီးယားဆိုင်လေး “Busan Fish Cake”

တစ်သက်နဲ့ တစ်ကိုယ် ကိုရီးယားစာတွေဆိုတာ ဈေးကြီးကြီး၊ အရသာချိုစပ်စပ် ပေါ့ရွှတ်ရွှတ်လို့ ထင်ထားခဲ့တာ ၅၀၀၊ ၁၀၀၀ ဝန်းကျင်နဲ့ ငါးအူချောင်းတွေ၊ ထမင်းလိပ်တွေ၊ ပဲခေါက်ဆွဲ၊ တော့ပူကီတွေလို ကိုရီးယားစာ ကောင်းကောင်းကို ဗမာပါးစပ်နဲ့ အရသာရှိရှိ စားလို့ရမှန်း ခုမှသိရတော့တယ်။

ငါးအူချောင်းတွေ ရှယ်ပဲ။

ကိုရီးယားကားတွေထဲက ပဲခေါက်ဆွဲပျစ်ပျစ်ဆိမ့်ဆိမ့်လေးတွေ၊ ငါးအူချောင်းအငွေ့တစ်ထောင်းထောင်းတွေ၊ ထမင်းလိပ်နဲ့ တော့ပူကီအစုံအစိကို ကိုရီးယားရောက်နေသလိုလေး အရသာရှိရှိစားဖို့ဆိုတာ ကိုယ်တွေလို ကိုရီးယားချစ်သူတွေရဲ့ အိပ်မက်ပဲမလား။

ပဲခေါက်ဆွဲ

အဲ့လိုအရသာ အဲ့ခံစားချက်ကို ဟိုတစ္နေ့က Shopping Mall တစ်ခုက ဆိုင်လေးရောက်တော့မှ တကယ့် ကိုရီးယားရောက်နေတဲ့ Feeling ခံစားရတော့တယ်။ အပိုမပြောဘူး ဈေးကြည့်မှ အံ့သြမိတော့တယ်။ ကောင်တာတစ်ခုုလုံုး ငါးအူချောင်းတွေကို ကြော်ပြီး ပြုတ်ပြီး ဖြန့်ခင်းထားတာအပြည့်ဘဲ။ တကယ့် အလျှံပယ် ရောင်စုံ အချိုရော အစပ်ရော စားချင်စရာလေးတွေပါပဲ။

Fish Cake

ဈေးနုှုန်း ၅၀၀၊ ၁၀၀၀ ကစတယ်။ ဈေးလုံးဝလုံးဝ မကြီးတဲ့ ကိုရီးယားစာ တန်၊ ကောင်း၊ သန့်ပဲ။ ပုံထဲက မှာတာဆို အားလုံးပေါင်း ၃,၄ ယောက်စားမှ ၉၀၀၀ ပဲကျခဲ့တယ်။ အမြည်းစားဖို့လေးတွေလည်း ချပေးထားတော့ ကိုယ်ကြိုက်တာမြည်းပြီးမှာရုံပဲ။ ဘာရွေးရမှန်းမသိ ဝေခွဲမရဖြစ်ရအောင်ကို စုံပါတယ်။

၉ ၀၀၀ ကျပ်

ငါးအူချောင်းပြုတ်၊ ကြော်၊ ကဏန်းနဲ့ ငါးဖယ် အချောင်းတွေ၊ အပြားတွေ ပြုတ်တာရော၊ ကြော်တာရောကိုမှ အချိုရတယ် အစပ်ရတယ်။ အလျှံပယ်ပဲ။ပူပူနွေးနွေးနဲ့ မွှေးနေရော။ ကိုရီးယားကားထဲကလို တစ်ချောင်းပြီး တစ်ချောင်း စားပါလိမ့်။ ၅၀၀ ဆိုတော့ အဝစားတောင် ၃၀၀၀ ဝန်းကျင်ပဲ။

၅၀၀၊ ၁၀၀၀ တန်လေးတွေ။

ကိုရီးယားအရသာ ငါးအူချောင်းကို ကိုရီးယားက နည်းနဲ့ ဒီမှာ ကိုယ့်ရှေ့တင် လုပ်နေတာဆိုတော့ လတ်လတ်ဆတ်ဆတ်နဲ့ စားရတာ အပြားတွေ၊ အတုံးထူထူကြီးတွေကိုမှ အသားကိုကျစ်နေတာပါပဲ။

ငါးအူချောင်းကြော်ဆော့စ်ဆမ်း

ဈေးတွေကလည်း ၅၀၀၊ ၇၀၀၊ ၁၀၀၀ ပဲရှိတယ်။ ငါးအူချောင်းကြော်ဆော့စ်ဆမ်းဆို ၄လုံးမှ ၁၀၀၀ တဲ့။ အရသာကတော့ ပြုတ်တာထက် ကြော်တာက ပိုအရသာရှိတယ်ထင်တာပဲ။ ပြုတ်တာကျ ဆီမပါတော့ အရသာပေါ့ပေါ့နဲ့ တမျိုးလေးပေါ့။ အဲ့ဒါတွေ ၃,၄ ချောင်းလောက်မှာပြီးရင်တော့ ဝါးရတာ ပါးစပ်တညောင်းပဲ။ ငါးအူချောင်းအပြားလိုက်ကြီးကြော်တာဆို ၇၀၀ ပဲပေးရတယ်။

ငါးအူချောင်းအပြားလိုက်ကြီးကြော် ၇၀၀ ကျပ်။

ထမင်းလိပ်လေးလဲ စားကောင်းတယ်။ Mini Kimbap ပေါ့။ သူ့ထမင်းလိပ်လေးက သေးသေးလေး။ ကင်ချီနဲ့ ရိုးရိုး ၂မျိုးရတယ်။ ကင်ချီကတော့ ရှုးရှဲသမားတွေ မမှာမဖြစ် မှာရမယ်။ စပ်ပြီး အရမ်းအရသာရှိတာပဲ။ တစ်လိပ်မှ ၅၀၀ တဲ့။

Mini Kimbap ၁၀၀၀ ကျပ်။

ပဲခေါက်ဆွဲကတော့ အလွတ်ဆို ၂၀၀၀။ အသားပါရင် ၂၅၀၀တဲ့။ ခေါက်ဆွဲလုံးကြီးကြီး အရသာပေါ့ပေါ့နဲ့ ပဲခေါက်ဆွဲ မစစ်တာမို့ သိပ်မကြိုက်ခဲ့ဘူး။ အများကြီးတော့ပါတယ်။

ပဲခေါက်ဆွဲ ၂၅၀၀ ကျပ်။

တော်တော်လေးကြိုက်မိတာ တော့ပုကီပါပဲ။ တခြားတော့ပုကီတွေလို ပေါ့ပေါ့ချိုစပ်ကြီးမဟုတ်ဘဲ ငရုတ်သီးအနှစ်လေးကအစ အရသာရှိတယ်။ ငါးအူချောင်းအဖတ်တွေများတယ်။ တစ်ပွဲ ၂၀၀၀ နဲ့ ဝဝလင်လင်စားရတယ်။ ဗမာပါးစပ်နဲ့ ကွက်တိ။ နှမ်းနက်စေ့လေးတွေနဲ့ တော့ပုကီကောင်းကောင်းစားချင်ရင်ဒီကိုသာ လာလိုက်တော့။

တော့ပုကီ အကောင်းဆုံး ၂၀၀၀ ကျပ်။

ဆိုင်လေး နာမည်က “Busan Fish Cake” တဲ့။ စံရိပ်ငြိမ် ဂမုန်းပွင့် စတုတ္ထထပ်မှာဖွင့်ထားတာပါ။ အဲ့ဒီဆိုင်လေးမှာ မာလာရှမ်းကောလည်း Set နဲ့ရော၊ Gram နဲ့ရောရတယ်။ ဟိုဘက်သူနဲ့ကျောဘက် အခြမ်းမှာက ပဲခေါက်ဆွဲဆိုင်လေးရှိတယ်။ တခြား ခေါက်ဆွဲပြုတ်တွေ ကိုရီးယားစာတွေလည်း Busan Fish Cake မှာ ရသေးတယ်။

Busan Fish Cake

ရုပ်ရှင်ရုံရှိတဲ့အထပ်မှာဆိုတော့ ရုပ်ရှင်ကြည့်ရင်း ကိုရီးယားရောက်နေသလို ဈေးတန်တန်နဲ့ တော့ပုကီ၊ ငါးအူချောင်း အဝစားဖို့ ခံတွင်းက တောင့်တနေပြီဆိုရင်တော့ ရန်ကုန်မြို့ရဲ့ ငါးအူချောင်းအစုံဆုံး Busan Fish Cake ကို သွားစားကြည့်ကြပါလို့။

ထိုင်လို့လည်းကောင်းတယ်။

EiEiKhineMinn ( Akhayar )