[Zawgyi]

ခက္ခက္ခဲခဲလက္တြဲၿပီးမွ ျပတ္စဲခဲ့ရတဲ့ ကိုရီးယားအႏုပညာရွင္မ်ား

အႏုပညာေလာကမွာ ခ်စ္ေရးခ်စ္ရာအရႈပ္ေထြးဆံုးသူေတြကိုျပပါဆိုရင္ေတာ့ Holly Wood အႏုပညာေလာကက ထိပ္ဆံုးရပ္တည္ေနၿပီး သူ႔ေနာက္မွာ သတင္းေမႊးတာကေတာ့ Korea အႏုပညာေလာကပါ။

အဖြဲ႕ဝင္ေတြ၊ အႏုပညာရွင္ေတြ၊ မင္းသား၊ မင္းသမီး၊ အဆိုေတာ္ေတြေပါမ်ားသေလာက္ အခ်စ္ဇာတ္လမ္းေပါင္းမ်ားစြာ မ႐ိုးႏိုင္ေအာင္ၾကားရသူေတြပါ။ ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးရင္းျဖစ္ျဖစ္၊ Talk Show ေတြ၊ Variety Show ေတြကေန ရင္းႏွီးသြားၾကရာကပဲျဖစ္ျဖစ္ နာမည္ႀကီး Korea အႏုပညာအသိုင္းအဝိုင္းရဲ႕ ခ်စ္ဇာတ္လမ္းေတြကလည္း ခ်စ္လြယ္ျပတ္လြယ္ပါ။ အဲ့ဒီထဲကမွ ဒီအႏုပညာရွင္ေတြကေတာ့ နာမည္ႀကီးသူခ်င္း ခ်စ္ကၽြမ္းဝင္ခဲ့ၾကၿပီးမွ အခက္အခဲေတြေၾကာင့္ ခြာၿပဲခဲ့ရသူေတြပါတဲ့။

(၁) Song Hye Kyo နဲ႔ Lee Byung Hun

၂၀၀၃ ဧၿပီလ ၁၄ ရက္ေန႔ကေန ၂၀၀၄ ေမလ ၃၀ ရက္ေန႔ထိ တစ္ႏွစ္ေက်ာ္ၾကာခ်စ္ခဲ့ၾကတဲ့ ဒီနာမည္ႀကီး စံုတြဲကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ လက္ထပ္မႈနဲ႔ အလုပ္ေပၚထားတဲ့သေဘာထားေတြမတူလို႔ လမ္းခြဲခဲ့ၾကတာပါတဲ့။

Song Hye Kyo and Lee Byung Hun

Song Hye Kyo and Lee Byung Hun

(၂) Song Hye Kyo နဲ႔ Hyun Bin

၂၀၀၉ ၾသဂုတ္လ ၅ရက္မွ ၂၀၁၁ မတ္လ ၈ရက္ေန႔ထိ လက္တြဲၿမဲခဲ့ၾကတဲ့ သူတို႔ ၂ ဦးကေတာ့ တြဲတဲ့အခ်ိန္တေလွ်ာက္လံုး ပရိသတ္ေတြ အရမ္းသတိထားမိၾကလြန္းတဲ့အျပင္ အခ်ိန္ျပည့္ အလုပ္ခ်ိန္ဇယားေတြေၾကာင့္ ျပတ္စဲခဲ့ၾကပါတယ္။

Song Hye Kyo and Hyun Bin

Song Hye Kyo and Hyun Bin

(၃) Jong Hyun နဲ႔ Shin Se Kyung

မၾကာေသးခင္က ကိုယ့္ကိုကိုယ္အဆံုးစီရင္ခဲ့တဲ့ Shinee အဖြဲ႕ဝင္ Jong Hyun နဲ႔ မင္းသမီး Shin Se Kyung တို႔ကလည္း ၂၀၁၀ ေအာက္တိုဘာလကေန ၂၀၁၁ ဇြန္လထိ တစ္ႏွစ္ဝန္းက်င္တြဲခဲ့ၿပီး အလုပ္ခ်ိန္ဇယားမ်ားျပားလြန္းလို႔ မေတြ႕ျဖစ္ၾကဘဲ ျပတ္စဲခဲ့ပါတယ္။

Jong Hyun and Shin Se Kyung

Jong Hyun and Shin Se Kyung

(၄) Lee Min Ho နဲ႔ Park Min Yaung

အႏုပညာေလာကထဲ သတင္းေမႊးတဲ့ ဒီစံုတြဲဟာလည္း City Hunter ဇာတ္လမ္းတြဲ႐ိုက္ကူးရင္း ၂၀၁၁ ၾသဂုတ္လမွာ စခ်စ္ခဲ့ၾကရာက ၂၀၁၂ ဇန္နဝါရီလမွာဘဲ အလုပ္ခ်ိန္ျပည့္ႏွက္မႈေတြေၾကာင့္ လမ္းခြဲခဲ့ၾကပါတယ္။

Lee-Min-Ho-and-Park-Min-Yaung

Lee-Min-Ho-and-Park-Min-Yaung

(၅) Son Heung Min နဲ႔ Minah

လတ္တေလာနာမည္ႀကီးေနတဲ့ ေတာင္ကိုရီးယားရဲ႕ ႏိုင္ငံ့လက္ေရြးစင္ကမာၻ႔ဖလားေဘာလံုးသမားေလး Son Heung Min နဲ႔ Girls Day အဖြဲ႕ဝင္ Minah တို႔ဟာလည္း ၂၀၁၄ ဇူလိုင္လမွ ေအာက္တိုဘာလအထိ ၃ လခန္႔သာတြဲခဲ့ရၿပီး လူထုစိတ္ဝင္စားမႈမ်ားျပားလြန္းတာရယ္ အေနေဝးမႈေတြရယ္ေၾကာင့္ ျပတ္စဲခဲ့ပါတယ္။

Son-Heung-Min-and-Minah

Son-Heung-Min-and-Minah

(၆) Nickhun နဲ႔ Tiffany

2PM ရဲ႕ Nickhun နဲ႔ Girls Generation ရဲ႕ Tifanny တို႔စံုတြဲကေတာ့ ဟိုးေလးတေၾကာ္ေၾကာ္ပါပဲ။ ၂၀၁၄ ဧၿပီကေန ၂၀၁၅ ေမလထိ လူသိရွင္ၾကား တစ္ႏွစ္ေလာက္အခ်စ္ပိုခဲ့ၾကၿပီးမွ ကိုယ္ေရးကိုယ္တာျပသာနာေတြအျပင္ အလုပ္ခ်ိန္ျပည့္က်ပ္ေနတာေတြေၾကာင့္ ခြာၿပဲခဲ့ပါတယ္။

Nina-Khun-and-Tiffany

Nina-Khun-and-Tiffany

(၇) Lee Saung Gi နဲ႔ Yoona

ေကာင္မေလးေတြေႂကြၾကတဲ့မင္းသား Lee Saung Gi နဲ႔ Girls Generation အဖြဲ႕ဝင္ Yoona တို႔ကေတာ့ ၂၀၁၄ ဇန္နဝါရီကေန ၂၀၁၅ ၾသဂုတ္ထိ တစ္ႏွစ္ေက်ာ္တြဲခဲ့ၿပီးမွ အလုပ္ခ်ိန္ျပည့္က်ပ္မႈေတြေၾကာင့္ အခ်ိန္မေပးႏိုင္လို႔ မတြဲျဖစ္ေတာ့ပါဘူးတဲ့။

Lee-Saung-Gi-and-Yoona

Lee-Saung-Gi-and-Yoona

(၈) Lee Dong Gun နဲ႔ Jiyeon

သူတို႔ ၂ဦးကေတာ့ ၂၀၁၅ ဇူလိုင္မွ ၂၀၁၇ ေဖေဖာ္ဝါရီထိ ခပ္ၾကာၾကာတြဲခဲ့ၾကၿပီး ေနာက္ပိုင္းအလုပ္ခ်ိန္မ်ားလြန္းလို႔ အေနေဝးၿပီး ျပတ္ခဲ့ၾကပါတယ္။

Lee-Dong-Gun-and-Jiyeon

Lee-Dong-Gun-and-Jiyeon

(၉) Lee Sung Kyung နဲ႔ Nam Joo Hyuk

၂၀၁၇ ဧၿပီလကေန ၾသဂုတ္လထိ ၄ လတာပဲ တြဲခဲ့တဲ့သူတို႔ကေတာ့ ကိုယ္ေရးကိုယ္တာကိစၥေတြေၾကာင့္ျပတ္ခဲ့တာပါတဲ့။

Lee-Sung-Kyung-and-Nam-Joo-Hyuk

Lee-Sung-Kyung-and-Nam-Joo-Hyuk

(၁၀) Lee Jun Ki နဲ႔ Jeon Hye Bin

သူတို႔ ၂ဦးကလည္း ၂၀၁၇ ဧၿပီလမွ ၾသဂုတ္လထိတြဲခဲ့ၾကၿပီး အလုပ္ခ်ိန္ေတြမ်ားျပားလြန္းလို႔ ေတြ႕ဖို႔ခက္တာေၾကာင့္ျပတ္ခဲ့ပါတယ္တဲ့။

Lee-Jun-Ki-and-Jeon-Hye-Bin

Lee-Jun-Ki-and-Jeon-Hye-Bin

Korea အႏုပညာေလာကကေတာ့ တင္းက်ပ္လြန္းတဲ့အလုပ္ခ်ိန္ဇယားေတြ၊ Agency ေတြရဲ႕ စည္းကမ္းေတြ၊ အခ်ိန္ျပည့္ ႀကိဳးစားအားထုတ္ေနရမႈေတြေၾကာင့္ ခ်စ္သူစံုတြဲေတာ္ေတာ္မ်ားမ်ားရဲ႕ ခ်စ္ေရးခ်စ္ရာကိစၥေတြဟာ လမ္းခြဲျခင္းနဲ႔ပဲ အဆံုးသတ္ရတဲ့အထိ ေနာက္ကြယ္က စိတ္ပင္ပန္းစရာေတြဟာ အျပည့္အႏွက္ပါပဲ။

EiEiKhineMinn (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ခက်ခက်ခဲခဲလက်တွဲပြီးမှ ပြတ်စဲခဲ့ရတဲ့ ကိုရီးယားအနုပညာရှင်များ

အနုပညာလောကမှာ ချစ်ရေးချစ်ရာအရှုပ်ထွေးဆုံးသူတွေကိုပြပါဆိုရင်တော့ Holly Wood အနုပညာလောကက ထိပ်ဆုံးရပ်တည်နေပြီး သူ့နောက်မှာ သတင်းမွှေးတာကတော့ Korea အနုပညာလောကပါ။

အဖွဲ့ဝင်တွေ၊ အနုပညာရှင်တွေ၊ မင်းသား၊ မင်းသမီး၊ အဆိုတော်တွေပေါများသလောက် အချစ်ဇာတ်လမ်းပေါင်းများစွာ မရိုးနိုင်အောင်ကြားရသူတွေပါ။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရင်းဖြစ်ဖြစ်၊ Talk Show တွေ၊ Variety Show တွေကနေ ရင်းနှီးသွားကြရာကပဲဖြစ်ဖြစ် နာမည်ကြီး Korea အနုပညာအသိုင်းအဝိုင်းရဲ့ ချစ်ဇာတ်လမ်းတွေကလည်း ချစ်လွယ်ပြတ်လွယ်ပါ။ အဲ့ဒီထဲကမှ ဒီအနုပညာရှင်တွေကတော့ နာမည်ကြီးသူချင်း ချစ်ကျွမ်းဝင်ခဲ့ကြပြီးမှ အခက်အခဲတွေကြောင့် ခွာပြဲခဲ့ရသူတွေပါတဲ့။

(၁) Song Hye Kyo နဲ့ Lee Byung Hun

၂၀၀၃ ဧပြီလ ၁၄ ရက်နေ့ကနေ ၂၀၀၄ မေလ ၃၀ ရက်နေ့ထိ တစ်နှစ်ကျော်ကြာချစ်ခဲ့ကြတဲ့ ဒီနာမည်ကြီး စုံတွဲကတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လက်ထပ်မှုနဲ့ အလုပ်ပေါ်ထားတဲ့သဘောထားတွေမတူလို့ လမ်းခွဲခဲ့ကြတာပါတဲ့။

Song Hye Kyo and Lee Byung Hun

Song Hye Kyo and Lee Byung Hun

(၂) Song Hye Kyo နဲ့ Hyun Bin

၂၀၀၉ သြဂုတ်လ ၅ရက်မှ ၂၀၁၁ မတ်လ ၈ရက်နေ့ထိ လက်တွဲမြဲခဲ့ကြတဲ့ သူတို့ ၂ ဦးကတော့ တွဲတဲ့အချိန်တလျှောက်လုံး ပရိသတ်တွေ အရမ်းသတိထားမိကြလွန်းတဲ့အပြင် အချိန်ပြည့် အလုပ်ချိန်ဇယားတွေကြောင့် ပြတ်စဲခဲ့ကြပါတယ်။

Song Hye Kyo and Hyun Bin

Song Hye Kyo and Hyun Bin

(၃) Jong Hyun နဲ့ Shin Se Kyung

မကြာသေးခင်က ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တဲ့ Shinee အဖွဲ့ဝင် Jong Hyun နဲ့ မင်းသမီး Shin Se Kyung တို့ကလည်း ၂၀၁၀ အောက်တိုဘာလကနေ ၂၀၁၁ ဇွန်လထိ တစ်နှစ်ဝန်းကျင်တွဲခဲ့ပြီး အလုပ်ချိန်ဇယားများပြားလွန်းလို့ မတွေ့ဖြစ်ကြဘဲ ပြတ်စဲခဲ့ပါတယ်။

Jong Hyun and Shin Se Kyung

Jong Hyun and Shin Se Kyung

(၄) Lee Min Ho နဲ့ Park Min Yaung

အနုပညာလောကထဲ သတင်းမွှေးတဲ့ ဒီစုံတွဲဟာလည်း City Hunter ဇာတ်လမ်းတွဲရိုက်ကူးရင်း ၂၀၁၁ သြဂုတ်လမှာ စချစ်ခဲ့ကြရာက ၂၀၁၂ ဇန်နဝါရီလမှာဘဲ အလုပ်ချိန်ပြည့်နှက်မှုတွေကြောင့် လမ်းခွဲခဲ့ကြပါတယ်။

Lee-Min-Ho-and-Park-Min-Yaung

Lee-Min-Ho-and-Park-Min-Yaung

(၅) Son Heung Min နဲ့ Minah

လတ်တလောနာမည်ကြီးနေတဲ့ တောင်ကိုရီးယားရဲ့ နိုင်ငံ့လက်ရွေးစင်ကမ္ဘာ့ဖလားဘောလုံးသမားလေး Son Heung Min နဲ့ Girls Day အဖွဲ့ဝင် Minah တို့ဟာလည်း ၂၀၁၄ ဇူလိုင်လမှ အောက်တိုဘာလအထိ ၃ လခန့်သာတွဲခဲ့ရပြီး လူထုစိတ်ဝင်စားမှုများပြားလွန်းတာရယ် အနေဝေးမှုတွေရယ်ကြောင့် ပြတ်စဲခဲ့ပါတယ်။

Son-Heung-Min-and-Minah

Son-Heung-Min-and-Minah

(၆) Nickhun နဲ့ Tiffany

2PM ရဲ့ Nickhun နဲ့ Girls Generation ရဲ့ Tifanny တို့စုံတွဲကတော့ ဟိုးလေးတကြော်ကြော်ပါပဲ။ ၂၀၁၄ ဧပြီကနေ ၂၀၁၅ မေလထိ လူသိရှင်ကြား တစ်နှစ်လောက်အချစ်ပိုခဲ့ကြပြီးမှ ကိုယ်ရေးကိုယ်တာပြသာနာတွေအပြင် အလုပ်ချိန်ပြည့်ကျပ်နေတာတွေကြောင့် ခွာပြဲခဲ့ပါတယ်။

Nina-Khun-and-Tiffany

Nina-Khun-and-Tiffany

(၇) Lee Saung Gi နဲ့ Yoona

ကောင်မလေးတွေကြွေကြတဲ့မင်းသား Lee Saung Gi နဲ့ Girls Generation အဖွဲ့ဝင် Yoona တို့ကတော့ ၂၀၁၄ ဇန်နဝါရီကနေ ၂၀၁၅ သြဂုတ်ထိ တစ်နှစ်ကျော်တွဲခဲ့ပြီးမှ အလုပ်ချိန်ပြည့်ကျပ်မှုတွေကြောင့် အချိန်မပေးနိုင်လို့ မတွဲဖြစ်တော့ပါဘူးတဲ့။

Lee-Saung-Gi-and-Yoona

Lee-Saung-Gi-and-Yoona

(၈) Lee Dong Gun နဲ့ Jiyeon

သူတို့ ၂ဦးကတော့ ၂၀၁၅ ဇူလိုင်မှ ၂၀၁၇ ဖေဖော်ဝါရီထိ ခပ်ကြာကြာတွဲခဲ့ကြပြီး နောက်ပိုင်းအလုပ်ချိန်များလွန်းလို့ အနေဝေးပြီး ပြတ်ခဲ့ကြပါတယ်။

Lee-Dong-Gun-and-Jiyeon

Lee-Dong-Gun-and-Jiyeon

(၉) Lee Sung Kyung နဲ့ Nam Joo Hyuk

၂၀၁၇ ဧပြီလကနေ သြဂုတ်လထိ ၄ လတာပဲ တွဲခဲ့တဲ့သူတို့ကတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်ပြတ်ခဲ့တာပါတဲ့။

Lee-Sung-Kyung-and-Nam-Joo-Hyuk

Lee-Sung-Kyung-and-Nam-Joo-Hyuk

(၁၀) Lee Jun Ki နဲ့ Jeon Hye Bin

သူတို့ ၂ဦးကလည်း ၂၀၁၇ ဧပြီလမှ သြဂုတ်လထိတွဲခဲ့ကြပြီး အလုပ်ချိန်တွေများပြားလွန်းလို့ တွေ့ဖို့ခက်တာကြောင့်ပြတ်ခဲ့ပါတယ်တဲ့။

Lee-Jun-Ki-and-Jeon-Hye-Bin

Lee-Jun-Ki-and-Jeon-Hye-Bin

Korea အနုပညာလောကကတော့ တင်းကျပ်လွန်းတဲ့အလုပ်ချိန်ဇယားတွေ၊ Agency တွေရဲ့ စည်းကမ်းတွေ၊ အချိန်ပြည့် ကြိုးစားအားထုတ်နေရမှုတွေကြောင့် ချစ်သူစုံတွဲတော်တော်များများရဲ့ ချစ်ရေးချစ်ရာကိစ္စတွေဟာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရတဲ့အထိ နောက်ကွယ်က စိတ်ပင်ပန်းစရာတွေဟာ အပြည့်အနှက်ပါပဲ။

EiEiKhineMinn (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။