[Zawgyi]

ခြဲစိတ္ျပဳျပင္ထားျခင္းမရွိဘဲ သဘာဝအတိုင္းလွပေနၾကတဲ့ ကိုရီးယားမင္းသမီး ၃ ေယာက္

ခြဲစိတ္ျပဳျပင္ထားျခင္းမရွိဘဲ သဘာဝအတိုင္းလွပေနၾကတဲ့ ကိုရီးယားအမ်ိဳးသမီးအနုပညာရွင္ေတြ ကိုေဖာ္ျပေပးခ်င္ပါတယ္။ နာမည္ႀကီး ကိုရီးယားမင္းသမီးတခိ်ဳ႕ထဲကမွ သဘာဝအတိုင္းလွေနတဲ့ မင္းသမီးေတြပါ။  ဒီထဲကမွ ပရိသတ္နဲ႔ရင္းနွီးတဲ့ မင္းသမီး သံုးဦးကေတာ့ ….

Ha Ji Won

ကိုရီးယားနိုင္ငံရဲ ႔နာမည္ႀကီးမင္းသမီးတစ္လက္ျဖစ္တဲ့ ဟာဂ်ီဝန္းဟာမ်က္နွာကိုဘာမွျပဳျပင္ထားျခင္းမ်ိဳးမရွိဘဲ သဘာဝအတိုင္းလွပေနတာျဖစ္ပါတယ္။ သူမရဲ ႔ ေကာင္းမြန္တဲ့ သရုပ္ေဆာင္ပညာအရည္အခ်င္းေတြေၾကာင့္ နာမည္ေက်ာ္ၾကားသူ တစ္ဦးလည္းျဖစ္ပါတယ္။

သရုပ္ေဆာင္တဲ့ အခါမွာ ဇာတ္ရုပ္မ်ိဳးစံကိုပိုင္နုိင္စြာ သရုပ္ေဆာင္နို္င္တဲ့အျပင္ အလြမ္းအေဆြး ၊ ဟာသ ၊ အက္ရွင္ အစရွိတာေတြကိုစြယ္စံုလုပ္ေဆာင္နုိင္တဲ့ မင္းသမီးတစ္လက္ျဖစ္ပါတယ္။ အခုဆိုရင္ သူမရဲ ႔အသက္က ၃၉ နွစ္ရွိပါၿပီ။ သူမကိုေတာ့ ၁၉၇၈ ခုနွစ္ ဇြန္လ ၂၈ ရက္ေန႔ မွာေမြးဖြားခဲ့တာျဖစ္ပါတယ္။

Jun Ji Hyun

သူမကိုေတာ့ ၁၉၈၁ခုနွစ္ ေအာက္တိုဘာလ ၃၀ ရက္ေန႕မွာေမြးခဲ့တာျဖစ္ပါတယ္။ My Sassy Girl(2001) ဇာတ္ကားနဲ႔ နာမည္ႀကီးလူႀကိဳက္မ်ားခဲ့တဲ့ မင္းသမီးတစ္လက္လည္းျဖစ္ပါတယ္။

သူမ ကလည္း ခြဲစိတ္ျပဳျပင္ထားျခင္းမရွိတဲ့ အလွတရားကို ပိုင္ဆိုင္ထားသူတစ္ဦးျဖစ္ပါတယ္။ သူမပါဝင္ဖူးတဲ့ ဇာတ္ကားေတြကေတာ့ The Thieves (2012) ၊ The Berlin File (2013) ၊ Windstruck (2004) အစရွိတာေတြပဲျဖစ္ပါတယ္။ My Love From the Star (2013) ဆိုတဲ့ ရုပ္သံဇာတ္လမ္းတြဲနဲ႔လည္း ေအာင္ျမင္မႈေတြကိုအေတာ္ရရွိခဲ့တဲ့ မင္းသမီးလည္းျဖစ္ပါတယ္။

Song Hye Kyo

ေနာက္ထပ္တစ္ေယာက္ကေတာ့ Song Hye Kyo ပဲျဖစ္ပါတယ္။ သူမကို ၁၉၈၁ ခုနွစ္ နိုဝင္ဘာလ ၂၂ ရက္ေန႔မွာေမြးဖြားခဲ့တာပါ။ ကိုရီးယားနိုင္ငံရဲ ႔နာမည္ႀကီးမင္းသမီး တစ္လက္ျဖစ္ၿပီးေတာ့  အခုဆိုရင္အသက္ ၃၆ နွစ္ရွိၿပီ ျဖစ္ပါတယ္။ သူမရဲ ႔လွပတဲ့မ်က္နွာနဲ႔ သရုပ္ေဆာင္မႈေတြေၾကာင့္ပရိသတ္ရဲ ႔ စိတ္ဝင္စားမႈကို ရရွိထားသူတစ္ဦးျဖစ္ပါတယ္။

သူမဟာလည္း မ်က္နွာကို ခြဲစိတ္ျပဳျပင္ထားျခင္းမရွိတဲ့ သဘာဝအလွတရားကိုပိုင္ဆိုင္ထားသူ မင္းသမီးတစ္လက္ပါ။ သူမပါဝင္ဖူးတဲ့ဇာတ္ကားေတြကေတာ့ Autumn in My Heart (2000) ၊ All in (2003) ၊ Full House (2004) ၊ The Winter ,The Wind Blows (2013) နဲ႔ အိမ္ေထာင္ဖက္ျဖစ္သူ မင္းသားေဆာင္ဂြ်န္ဂီ(Song Joong Ki) နဲ႔ အတူသရုပ္ေဆာင္ခဲ့တဲ့ Descendants of the Sun (2016) အစရွိတဲ့ရုပ္သံဇာတ္လမ္းတြဲေတြနဲ႔ေအာင္ျမင္မႈေတြကို ရရွိခဲ့တဲ့ မင္းသမီးပဲျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Blogger.com

www.akhayar.com
[Unicode]

ခွဲစိတ်ပြုပြင်ထားခြင်းမရှိဘဲ သဘာဝအတိုင်းလှပနေကြတဲ့ ကိုရီးယားမင်းသမီး ၃ ယောက်

ခွဲစိတ်ပြုပြင်ထားခြင်းမရှိဘဲ သဘာဝအတိုင်းလှပနေကြတဲ့ ကိုရီးယားအမျိုးသမီးအနုပညာရှင်တွေ ကိုဖော်ပြပေးချင်ပါတယ်။ နာမည်ကြီး ကိုရီးယားမင်းသမီးတချို့ထဲကမှ သဘာဝအတိုင်းလှနေတဲ့ မင်းသမီးတွေပါ။ ဒီထဲကမှ ပရိသတ်နဲ့ရင်းနှီးတဲ့ မင်းသမီး သုံးဦးကတော့ ….

Ha Ji Won

ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ ဟာဂျီဝန်းဟာမျက်နှာကိုဘာမှပြုပြင်ထားခြင်းမျိုးမရှိဘဲ သဘာဝအတိုင်းလှပနေတာဖြစ်ပါတယ်။ သူမရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်ပညာအရည်အချင်းတွေကြောင့် နာမည်ကျော်ကြားသူ တစ်ဦးလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တဲ့ အခါမှာ ဇာတ်ရုပ်မျိုးစံကိုပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့အပြင် အလွမ်းအဆွေး ၊ ဟာသ ၊ အက်ရှင် အစရှိတာတွေကိုစွယ်စုံလုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့အသက်က ၃၉ နှစ်ရှိပါပြီ။ သူမကိုတော့ ၁၉၇၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။

Jun Ji Hyun

သူမကိုတော့ ၁၉၈၁ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။ My Sassy Girl(2001) ဇာတ်ကားနဲ့ နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

သူမ ကလည်း ခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ သူမပါဝင်ဖူးတဲ့ ဇာတ်ကားတွေကတော့ The Thieves (2012) ၊ The Berlin File (2013) ၊ Windstruck (2004) အစရှိတာတွေပဲဖြစ်ပါတယ်။ My Love From the Star (2013) ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲနဲ့လည်း အောင်မြင်မှုတွေကိုအတော်ရရှိခဲ့တဲ့ မင်းသမီးလည်းဖြစ်ပါတယ်။

Song Hye Kyo

နောက်ထပ်တစ်ယောက်ကတော့ Song Hye Kyo ပဲဖြစ်ပါတယ်။ သူမကို ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာမွေးဖွားခဲ့တာပါ။ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသမီး တစ်လက်ဖြစ်ပြီးတော့ အခုဆိုရင်အသက် ၃၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူမရဲ့လှပတဲ့မျက်နှာနဲ့ သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

သူမဟာလည်း မျက်နှာကို ခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ သဘာဝအလှတရားကိုပိုင်ဆိုင်ထားသူ မင်းသမီးတစ်လက်ပါ။ သူမပါဝင်ဖူးတဲ့ဇာတ်ကားတွေကတော့ Autumn in My Heart (2000) ၊ All in (2003) ၊ Full House (2004) ၊ The Winter ,The Wind Blows (2013) နဲ့ အိမ်ထောင်ဖက်ဖြစ်သူ မင်းသားဆောင်ဂျွန်ဂီ(Song Joong Ki) နဲ့ အတူသရုပ်ဆောင်ခဲ့တဲ့ Descendants of the Sun (2016) အစရှိတဲ့ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ မင်းသမီးပဲဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Blogger.com

www.akhayar.com