[Zawgyi]

ညိွဳ႕အားျပင္းတဲ့ ပံုေတြကိုလူမႈကြန္ရက္ေပၚတင္လိုက္တဲ့ မင္းသား Song Seung Heon

Obsessed(2014) ဆိုတဲ့ ကိုရီးယားအိမ္ေထာင္ေရးဇာတ္ကားထဲက ပံုတခ်ိဳ႕ကို မင္းသား Song Seung Heon က သူ႔ရဲ ႔လူမႈကြန္ရက္အေကာင့္မွာ ဇူလိုင္လ ၁၆ ရက္ေန႔ ကတင္ထားတာေတြ႔ရပါတယ္။ ဒီဇာတ္ကားထဲက သူသရုပ္ေဆာင္ထားတဲ့ပံုရိပ္တခ်ိဳ႕ကိုေတြ႔ျမင္ရမွာပဲျဖစ္ပါတယ္။

ဒီဇာတ္ကားထဲမွာ မင္းသားဟာ အိမ္ေထာင္ရွိအမ်ိဳးသားတစ္ဦးျဖစ္ေပမယ့္လည္း သူ႔ရဲ ႔ဂ်ဴနီယာျဖစ္သူရဲ ႔မိန္းမနဲ႔ အိမ္ေထာင္ေရးေဖာက္ျပန္တဲ့ ဇာတ္ေကာင္ကို ပီျပင္စြာသရုပ္ေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။  ဘယ္လိုဇာတ္ရုပ္မ်ိဳးကိုမဆိုပီျပင္စြာ သရုပ္ေဆာင္နိုင္တဲ့အတြက္ အခုလိုအိမ္ေထာင္ေရးေဖာက္ျပန္တဲ့ အခါမွာလည္း စိုုးရိမ္စိတ္ရွိတဲ့ပံုေတြ ၊ လိုခ်င္ရမက္ျပင္းျပတဲ့ ပံုစံေတြကတျခားတစ္ေယာက္ကို ေတြ႔ျမင္ေနရတဲ့ အတိုင္းပဲထိထိမိမိသရုပ္ေဆာင္နိုင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။

ဒီဇာတ္ကားထဲမွာ မင္းသားျဖစ္တဲ့ Song Seung Heon ကေတာ့ 35th Blue Dragon Flim Awards မွာ Popular Star Award ကိုရရွိခဲ့ၿပီး မင္းသမီးျဖစ္သူ Lim Ji Yeon ကေတာ့ အကယ္ဒီဆုေတြ မ်ားစြာကို Obsessed(2014)နဲ႔ ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit:Song Seung Heon Facebook Page

www.akhayar.com
[Unicode]

ညှို့အားပြင်းတဲ့ ပုံတွေကိုလူမှုကွန်ရက်ပေါ်တင်လိုက်တဲ့ မင်းသား Song Seung Heon

Obsessed(2014) ဆိုတဲ့ ကိုရီးယားအိမ်ထောင်ရေးဇာတ်ကားထဲက ပုံတချို့ကို မင်းသား Song Seung Heon က သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ဇူလိုင်လ ၁၆ ရက်နေ့ ကတင်ထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားထဲက သူသရုပ်ဆောင်ထားတဲ့ပုံရိပ်တချို့ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ မင်းသားဟာ အိမ်ထောင်ရှိအမျိုးသားတစ်ဦးဖြစ်ပေမယ့်လည်း သူ့ရဲ့ဂျူနီယာဖြစ်သူရဲ့မိန်းမနဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်ကောင်ကို ပီပြင်စွာသရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆိုပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် အခုလိုအိမ်ထောင်ရေးဖောက်ပြန်တဲ့ အခါမှာလည်း စိုးရိမ်စိတ်ရှိတဲ့ပုံတွေ ၊ လိုချင်ရမက်ပြင်းပြတဲ့ ပုံစံတွေကတခြားတစ်ယောက်ကို တွေ့မြင်နေရတဲ့ အတိုင်းပဲထိထိမိမိသရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ မင်းသားဖြစ်တဲ့ Song Seung Heon ကတော့ 35th Blue Dragon Flim Awards မှာ Popular Star Award ကိုရရှိခဲ့ပြီး မင်းသမီးဖြစ်သူ Lim Ji Yeon ကတော့ အကယ်ဒီဆုတွေ များစွာကို Obsessed(2014)နဲ့ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:Song Seung Heon Facebook Page

www.akhayar.com