This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အဂၤလန္နဲ႔ကစားမယ့္ အုပ္စုေနာက္ဆုံးပဲြမွာ ကြန္ပနီ Kompany ပါ၀င္ႏုိင္ဖုိ႔ရွိတယ္လုိ႔ ေျပာၾကားခဲ့တဲ့ မာတီနက္ဇ္ Martinez

ဘယ္လ္ဂ်ီယံအသင္းနည္းျပ မာတီနက္ဇ္ Martinez က ၀ါရင့္ေနာက္ခံလူ ကြန္ပနီ Kompany ဟာ အုပ္စုအဖြင့္ပြဲႏွစ္ပဲြကုိ လဲြေခ်ာ္မွာျဖစ္ေပမယ့္လည္း အဂၤလန္နဲ႔ကစားမယ့္ အုပ္စုေနာက္ဆုံးပဲြမွာေတာ့ ပါ၀င္ႏိုင္ဖုိ႔ရွိတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ ကြန္ပနီဟာ အခုဇြန္လအေစာပုိင္းက ေပၚတူဂီနဲ႔ကစားခဲ့တဲ့ေျခစမ္းပဲြမွာ ေပါင္ၿခံဒဏ္ရာရရွိခဲ့ၿပီး ကမၻာ႔ဖလားၿပိဳင္ပဲြကုိ လဲြေခ်ာ္မယ္လုိ႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ နည္းျပမာတီနက္ဇ္က သူ႔ကုိ အၿပီးသတ္လူစာရငး္မွာထည့္သြင္းခဲ့ပါတယ္။ ဒါေပမဲ့ ကြန္ပနီအေနနဲ႔ ရာႏႈန္းျပည့္ႀကံ့ခုိင္မႈမရွိတာေၾကာင့္ (၁၇)ရက္မွာ ကစားမယ့္ ပနားမားနဲ႔ပဲြ၊ (၂၃)ရက္မွာကစားဖုိ႔ရွိေနတဲ့ တူနီးရွားနဲ႔ပဲြေတြကုိ လြဲေခ်ာ္ဖုိ႔ရွိေနၿပီး ေနာက္တစ္ဆင့္တက္ေရးအဆုံးအျဖတ္ျဖစ္ႏုိင္မယ့္ အဂၤလန္နဲ႔ပဲြက်ရင္ ပါ၀င္ကစားႏုိင္ဖုိ႔ရွိေနတာပါ။

Vincent-Kompany-will-be-fit-to-face-England-

Vincent-Kompany-will-be-fit-to-face-England-

ဘယ္လ္ဂ်ီယံအသင္းဟာ ဇြန္လ(၂၈)ရက္မွာ အဂၤလန္နဲ႔ကစားရမွာျဖစ္ၿပီး မာတီနက္ဇ္က “အုပ္စုတတိယပဲြဆုိရင္ေတာ့ ကြန္ပနီ ပါ၀င္ကစားႏုိင္ေလာက္ပါၿပီ”လုိ႔ ေျပာၾကားခဲ့တယ္။ ကြန္ပနီအျပင္ ၀ါရင့္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဗာမယ္လန္း Vermaelen ကလည္း ပနားမားနဲ႔ပဲြကုိ လဲြေခ်ာ္မွာျဖစ္ေပမယ့္ က်န္တဲ့ႏွစ္ပဲြမွာေတာ့ ပါ၀င္ကစားဖုိ႔ရွိေနပါတယ္။

REF:Goal.com
Photo: Goal.com
Naing Linn(Akhayar)

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အင်္ဂလန်နဲ့ကစားမယ့် အုပ်စုနောက်ဆုံးပွဲမှာ ကွန်ပနီ Kompany ပါဝင်နိုင်ဖို့ရှိတယ်လို့ ပြောကြားခဲ့တဲ့ မာတီနက်ဇ် Martinez

ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ် Martinez က ဝါရင့်နောက်ခံလူ ကွန်ပနီ Kompany ဟာ အုပ်စုအဖွင့်ပွဲနှစ်ပွဲကို လွဲချော်မှာဖြစ်ပေမယ့်လည်း အင်္ဂလန်နဲ့ကစားမယ့် အုပ်စုနောက်ဆုံးပွဲမှာတော့ ပါဝင်နိုင်ဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ကွန်ပနီဟာ အခုဇွန်လအစောပိုင်းက ပေါ်တူဂီနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နည်းပြမာတီနက်ဇ်က သူ့ကို အပြီးသတ်လူစာရင်းမှာထည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ကွန်ပနီအနေနဲ့ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိတာကြောင့် (၁၇)ရက်မှာ ကစားမယ့် ပနားမားနဲ့ပွဲ၊ (၂၃)ရက်မှာကစားဖို့ရှိနေတဲ့ တူနီးရှားနဲ့ပွဲတွေကို လွဲချော်ဖို့ရှိနေပြီး နောက်တစ်ဆင့်တက်ရေးအဆုံးအဖြတ်ဖြစ်နိုင်မယ့် အင်္ဂလန်နဲ့ပွဲကျရင် ပါဝင်ကစားနိုင်ဖို့ရှိနေတာပါ။

Vincent-Kompany-will-be-fit-to-face-England-

Vincent-Kompany-will-be-fit-to-face-England-

ဘယ်လ်ဂျီယံအသင်းဟာ ဇွန်လ(၂၈)ရက်မှာ အင်္ဂလန်နဲ့ကစားရမှာဖြစ်ပြီး မာတီနက်ဇ်က “အုပ်စုတတိယပွဲဆိုရင်တော့ ကွန်ပနီ ပါဝင်ကစားနိုင်လောက်ပါပြီ”လို့ ပြောကြားခဲ့တယ်။ ကွန်ပနီအပြင် ဝါရင့်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဗာမယ်လန်း Vermaelen ကလည်း ပနားမားနဲ့ပွဲကို လွဲချော်မှာဖြစ်ပေမယ့် ကျန်တဲ့နှစ်ပွဲမှာတော့ ပါဝင်ကစားဖို့ရှိနေပါတယ်။

REF:Goal.com
Photo: Goal.com
Naing Linn(Akhayar)