[Zawgyi]

ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္ေဟာင္း Kofi Annan ကြယ္လြန္သြားၿပီ

ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္ေဟာင္း Kofi Annan ဟာ ၂ဝ၁၈ခုႏွစ္ ၾသဂုတ္လ (၁၈) ရက္ေန႔မွာ အဖ်ားေရာဂါနဲ႔ ကြယ္လြန္သြားပါတယ္။ သူဟာ ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္ရာထူးကုိ ၁၉၉၇ခုႏွစ္မွ ၂ဝဝ၆ခုႏွစ္အထိ ထမ္းေဆာင္ခဲ့တဲ့ ပထမဆုံးလူမည္းအျဖစ္ မွတ္တမ္းဝင္ခဲ့သူျဖစ္ပါတယ္။

အသက္ (၈ဝ) ရွိလာၿပီျဖစ္တဲ့ Kofi Annan ဟာ ဆြစ္ဇာလန္ႏုိင္ငံမွာ ကြယ္လြန္သြားတာျဖစ္ပါတယ္။ သူဟာ လူ႕အခြင့္အေရးနဲ႔ ဆင္းရဲသားပေပ်ာက္ေရးကိစၥေတြမွာ ႀကိဳးပမ္းအားထုတ္ႏုိင္မႈေၾကာင့္ ၂ဝဝ၁ခုႏွစ္မွာ ၿငိမ္းခ်မ္းေရႏုိဘယ္ဆုကုိ ဆြတ္ခူးထားပါေသးတယ္။ သူဟာ စေနေန႔မနက္ခင္းမွာ အဖ်ားေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီး သူ႕ရဲ႕ေနာက္ဆုံးအခ်ိန္မွာ ဇနီးသည္ Nane Maria Lagergren နဲ႔ သားသမီးသုံးေယာက္ရွိေနခဲ့တယ္လုိ႔ ေဖာ္ျပထားပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Theresa May ကေတာ့ “Kofi Annan ကြယ္လြန္သြားတဲ့ သတင္းကုိ ၾကားမိတဲ့အတြက္ စိတ္မေကာင္းျဖစ္ရပါတယ္။ ပုိမုိေကာင္းမြန္တဲ့ ကမၻာႀကီးတစ္ခုကုိ ဖန္တီးခ်င္တဲ့ လူတစ္ေယာက္ကုိ ဆုံးရႈံးရတဲ့အထိ မိသားစုနဲ႔ထပ္တူ ဝမ္းနည္းမိပါတယ္” လုိ႔ လူမႈကြန္ရက္ Twitter မွာ ေဖာ္ျပထားပါတယ္။ “ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္ေဟာင္း ႏုိဘယ္ဆုရွင္ႀကီး Kofi Annan ကြယ္လြန္သြားတဲ့အတြက္ အတုိင္းမသိဝမ္းနည္းမိပါတယ္။ လူသားအက်ိဳးျပဳလုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့ အဖရိကသံတမန္တစ္ေယာက္ ဆုံးရႈံးလုိက္ရတင္မကဘဲ ၿငိမ္းခ်မ္းေရးတည္ေဆာက္ေနတဲ့ လူသားတစ္ဦးပါ ေပ်ာက္ကြယ္သြားတာပါ” လုိ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi က ေရးသားထားပါတယ္။

ဒါ့အျပင္ ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္ António Guterres ၊ ဂါနာႏုိင္ငံ သမၼတႀကီး Nana Akufo-Addo ၊ ဆြီဒင္ႏုိင္ငံျခားေရးဝန္ႀကီး Margot Wallstrom နဲ႔ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ Jacinda Ardern တုိ႔ကလည္း ဝမ္းနည္းေၾကာင္း ေရးသားထားၾကပါေသးတယ္။

သတင္း (ဓာတ္ပုံ) – BBC ၊ The Wall Street Journal

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ကွယ်လွန်သွားပြီ

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဟာ ၂ဝ၁၈ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့မှာ အဖျားရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ သူဟာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးကို ၁၉၉၇ခုနှစ်မှ ၂ဝဝ၆ခုနှစ်အထိ ထမ်းဆောင်ခဲ့တဲ့ ပထမဆုံးလူမည်းအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။

အသက် (၈ဝ) ရှိလာပြီဖြစ်တဲ့ Kofi Annan ဟာ ဆွစ်ဇာလန်နိုင်ငံမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ သူဟာ လူ့အခွင့်အရေးနဲ့ ဆင်းရဲသားပပျောက်ရေးကိစ္စတွေမှာ ကြိုးပမ်းအားထုတ်နိုင်မှုကြောင့် ၂ဝဝ၁ခုနှစ်မှာ ငြိမ်းချမ်းရေနိုဘယ်ဆုကို ဆွတ်ခူးထားပါသေးတယ်။ သူဟာ စနေနေ့မနက်ခင်းမှာ အဖျားရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့နောက်ဆုံးအချိန်မှာ ဇနီးသည် Nane Maria Lagergren နဲ့ သားသမီးသုံးယောက်ရှိနေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Theresa May ကတော့ “Kofi Annan ကွယ်လွန်သွားတဲ့ သတင်းကို ကြားမိတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးချင်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးရတဲ့အထိ မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်” လို့ လူမှုကွန်ရက် Twitter မှာ ဖော်ပြထားပါတယ်။ “ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်ဆုရှင်ကြီး Kofi Annan ကွယ်လွန်သွားတဲ့အတွက် အတိုင်းမသိဝမ်းနည်းမိပါတယ်။ လူသားအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖရိကသံတမန်တစ်ယောက် ဆုံးရှုံးလိုက်ရတင်မကဘဲ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ လူသားတစ်ဦးပါ ပျောက်ကွယ်သွားတာပါ” လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ရေးသားထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် António Guterres ၊ ဂါနာနိုင်ငံ သမ္မတကြီး Nana Akufo-Addo ၊ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Margot Wallstrom နဲ့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern တို့ကလည်း ဝမ်းနည်းကြောင်း ရေးသားထားကြပါသေးတယ်။

သတင်း (ဓာတ်ပုံ) – BBC ၊ The Wall Street Journal

ကျော်စိုးအောင် (အခရာ)

www.akhayar.com