[ZawGyi]





(၃) သကြား- ၇၀ မီလီ။
(၄) ရေခဲ – အနည်းငယ်။

Lipton-Yellow-Tea

Lipton-Yellow-Tea

ပြုလုပ်နည်း





www.akhayar.com

[Unicode]

ဝမ်းမှန်ရင်အေး မန်ကျည်း Ice Tea လေး ဖျော်သောက်ကြမယ်

မြန်မာလူမျိုးတွေ နှစ်နှစ်ခြိုက်ခြိုက် သောက်လေ့ရှိတဲ့ သဘာဝကပေးတဲ့ ဝမ်းမှန်ဆေး ဖျော်ရည်အေးအေးဆို ခံတွင်းရှင်း၊ အမူးမော်ပြေစေတဲ့ မန်ကျည်းဖျော်ရည်ချိုချဉ်လေးတွေကိုပဲ ပြေးမြင်မိမှာပါ။ ဒါပေမယ့် မန်ကျည်းနှစ်လုပ်ရ၊ မန်ကျည်းစေ့ဖယ်ရ၊ ဖျော်ရ၊ ပြုရ ကရိကထများတဲ့အခြေအနေမျိုးမှာ လွယ်လွယ်ကူကူအဆင်ပြေပြေသောက်နိုင်ဖို့ဆို မန်ကျည်းအနှစ်ချက်လို့ရတဲ့အပြင် ဖျော်ရည်အဖြစ်ဖျော်သောက်လို့ပါရတဲ့ မန်ကျည်းထုပ်လေးတွေပေါ်လာတာတော့ ဝမ်းသာစရာပါပဲ။ နေ့လယ်စာစားပြီးချိန်မျိုး၊ ရာသီဥတုပူပူဒဏ်ကို ဖြေလျော့ဖို့လိုတဲ့အချိန်မျိုးဆို လူတော်တော်များများက ချိုချဉ်အရသာလေးနဲ့အအီပြေအမောပြေစေတဲ့ Ice Tea လေးတွေကိုတောင့်တလာတတ်ကြစမြဲပါ။ ဒါကြောင့်ဒီရာသီမှာလူကြိုက်များပြီး ရောင်းကောင်းတဲ့ ဖျော်ရည်အေးကိုတစ်မူထူးခြားတဲ့အရသာလေးတွေဖန်တီးနိုင်ဖို့အတွက် စားဖိုမှူးတွေအတွက်ရော၊ဆိုင်တွေအတွက်ပါအဆင်ပြေစေမယ့်  မန်ကျည်း Ice Tea လေးဖျော်ဖို့ ဒီနည်းလေးတွေအတိုင်း ကြိုးစားကြရအောင်။

Knorr-Concentrated-Tamarind-Sauce

Knorr-Concentrated-Tamarind-Sauce

လိုအပ်သောပစ္စည်းများ
(၁) Knorr မန်ကျည်း- ၅၀ မီလီ။
(၂) Lipton Yellow Label လက်ဖက်ရည်အိတ်- ၂ အိတ်။
(၃) သကြား- ၇၀ မီလီ။
(၄) ရေခဲ – အနည်းငယ်။

Lipton-Yellow-Tea

Lipton-Yellow-Tea

ပြုလုပ်နည်း
(၁) ရေနွေးဆူဆူထဲကို Lipton Tea ၂ အိတ်ထည့်ပြီး ၃ မိနစ်မှ ၄ မိနစ်ထိထားပါ။ ပြီးရင် ၁၅ မိနစ်လောက်အအေးခံထားပါ။

(၂) Knorr မန်ကျည်း၊ Lipton Tea၊ သကြားနဲ့ ရေခဲတို့ကို အချိုးကျထည့်ပြီး ရေအေးအေးနဲ့ သကြားပျော်သည်အထိမွှေပါ။

(၃) အရသာရှိရှိ ချိုချဉ်အေးမွှေးလှတဲ့ သဘာဝမန်ကျည်း Ice Tea လေး ကိုတည်ခင်းနိုင်ပါပြီ။

စားဖိုမှူးတွေအနေနဲ့ Kitchen Tips တွေနဲ့ဟင်းလျာတွေအကြောင်းကိုဖတ်ရှုချင်ရင်၊စားသောက်ဆိုင်တွေအနေနဲ့ UFS ထုတ်ကုန်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီ  Page  ကနေဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။

EiEiKhineMinn ( Akhayar )

www.akhayar.com