[Zawgyi]

ေဒါ့မြန္နဲ႔ ေျခစမ္းပဲြမွာ ဒဏ္ရာရရွိခဲ့တဲ့ လီဗာပူးလ္ေနာက္ခံလူ မာတစ္ Matip

လီဗာပူးလ္အသင္းရဲ႕ ကင္မရြန္းေနာက္ခံလူ ဂ်ိဳ၀ဲလ္မာတစ္ Joel Matip ဟာ ေဒ့ါမြန္နဲ႔ကစားခဲ့တဲ့ ေျခစမ္းပဲြမွာ ၾကြက္သားဒဏ္ရာရရွိခဲ့တာေၾကာင့္ နညး္ျပယာဂန္ကေလာ့ပ္ Jurgen Klopp အတြက္ စုိးရိမ္စရာျဖစ္ခဲ့ရတယ္။ ေဒါ့မြန္ကုိ (၃-၁)ဂုိးနဲ႔႐ႈံးနိမ့္ခဲ့တဲ့ပဲြမွာ မာတစ္ဟာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ပဲြအစ(၂၂)မိနစ္မွာပဲ လူစားလဲခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ဒဏ္ရာျပႆနာေၾကာင့္ ပုံမွန္ပဲြထြက္ခြင့္ေပ်ာက္ဆုံးခဲ့တဲ့ မာတစ္ဟာ သူ႔ရဲ႕ဒဏ္ရာကုိ ခဲြစိတ္ကုသမႈခံယူအၿပီး ဒီရာသီအစေျခစမး္ပဲြေတြမွာ အသင္းအတြက္ ျပန္ကစားခဲ့ေပမယ့္ ဒဏ္ရာျပန္ရခဲ့တာေၾကာင့္ စိတ္ပ်က္စရာျဖစ္ခဲ့ရတယ္။

Joel-Matip

Joel-Matip

ေဒ့ါမြန္နဲ႔ပဲြအၿပီးမွာ ယာဂန္ကေလာ့ပ္က “မာတစ္ရဲ႕ဒဏ္ရာက အရင္ဒဏ္ရာေဟာင္းေတာ့ မဟုတ္ပါဘူး။ ေနာက္ထပ္ ၾကြက္သားဒဏ္ရာရခဲ့တာပါ။ အေသးစားဒဏ္ရာျဖစ္ပါေစလုိ႔ပဲ ေမွ်ာ္လင့္ပါတယ္။ ဘယ္လုိအေျခအေနရွိမလဲဆုိတာေတာ့ မသိေသးဘဲ အခုေလာေလာဆယ္ ဘာကုိမွ အတိအက်မေျပာႏုိင္ေသးပါဘူး။ ေဘာလုံးသမားတစ္ဦးအတြက္ ဒဏ္ရာဆုိတာက ေရွာင္လႊဲလုိ႔မရေပမယ့္ ဒဏ္ရာျပႆနာနဲ႔ ဘယ္သူမွမႀကံဳေတြ႕လုိတာေတာ့ အမွန္ပါပဲ”လုိ႔ ေျပာၾကားခဲ့ပါတယ္။ လီဗာပူးလ္အသင္းအတြက္ မာတစ္ ေနာက္ဆုံးကစားခဲ့တာက ၿပီးခဲ့တဲ့ မတ္လတုန္းက ခရစၥတယ္ပဲေလ့စ္နဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပဲြစဥ္မွာျဖစ္ၿပီး အဲဒီပဲြမွာ ေပါင္ဒဏ္ရာရရွိခဲ့တာေၾကာင့္ ခဲြစိတ္ကုသမႈခံယူခဲ့ရတယ္။ အဲဒီေနာက္ပုိင္းကတည္းက အနားယူခဲ့ရတဲ့ မာတစ္ဟာ အခုဇူလုိင္လ(၁၄)ရက္တုန္းက ဘာရီနဲ႔ကစားခဲ့တဲ့ေျခစမ္းပဲြမွာ လီဗာပူးလ္အသင္းအတြက္ ျပန္လည္ကစားႏုိင္ခဲ့ၿပီး ဘလက္ဘန္းကုိ (၂-၀)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြမွာလည္း ပါ၀င္ကစားခဲ့ပါတယ္။ လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ မာတစ္ရဲ႕ဒဏ္ရာ မျပင္းထန္ပါေစနဲ႔လုိ႔ပဲ ဆုေတာင္းရေတာ့မွာပါ။

REF:Sky Sports
Photo:Getty Images,The Independent
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒေါ့မွန်နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ လီဗာပူးလ်နောက်ခံလူ မာတစ် Matip

လီဗာပူးလ်အသင်းရဲ့ ကင်မရွန်းနောက်ခံလူ ဂျိုဝဲလ်မာတစ် Joel Matip ဟာ ဒေ့ါမွန်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် နည်းပြယာဂန်ကလော့ပ် Jurgen Klopp အတွက် စိုးရိမ်စရာဖြစ်ခဲ့ရတယ်။ ဒေါ့မွန်ကို (၃-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မာတစ်ဟာ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲအစ(၂၂)မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာပြဿနာကြောင့် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့တဲ့ မာတစ်ဟာ သူ့ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူအပြီး ဒီရာသီအစခြေစမ်းပွဲတွေမှာ အသင်းအတွက် ပြန်ကစားခဲ့ပေမယ့် ဒဏ်ရာပြန်ရခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရတယ်။

Joel-Matip

Joel-Matip

ဒေ့ါမွန်နဲ့ပွဲအပြီးမှာ ယာဂန်ကလော့ပ်က “မာတစ်ရဲ့ဒဏ်ရာက အရင်ဒဏ်ရာဟောင်းတော့ မဟုတ်ပါဘူး။ နောက်ထပ် ကြွက်သားဒဏ်ရာရခဲ့တာပါ။ အသေးစားဒဏ်ရာဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ ဘယ်လိုအခြေအနေရှိမလဲဆိုတာတော့ မသိသေးဘဲ အခုလောလောဆယ် ဘာကိုမှ အတိအကျမပြောနိုင်သေးပါဘူး။ ဘောလုံးသမားတစ်ဦးအတွက် ဒဏ်ရာဆိုတာက ရှောင်လွှဲလို့မရပေမယ့် ဒဏ်ရာပြဿနာနဲ့ ဘယ်သူမှမကြုံတွေ့လိုတာတော့ အမှန်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် မာတစ် နောက်ဆုံးကစားခဲ့တာက ပြီးခဲ့တဲ့ မတ်လတုန်းက ခရစ္စတယ်ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာဖြစ်ပြီး အဲဒီပွဲမှာ ပေါင်ဒဏ်ရာရရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်။ အဲဒီနောက်ပိုင်းကတည်းက အနားယူခဲ့ရတဲ့ မာတစ်ဟာ အခုဇူလိုင်လ(၁၄)ရက်တုန်းက ဘာရီနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ လီဗာပူးလ်အသင်းအတွက် ပြန်လည်ကစားနိုင်ခဲ့ပြီး ဘလက်ဘန်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ပါဝင်ကစားခဲ့ပါတယ်။ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ မာတစ်ရဲ့ဒဏ်ရာ မပြင်းထန်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပါ။

REF:Sky Sports
Photo:Getty Images,The Independent
Naing Linn(Akhayar)
www.akhayar.com