[Zawgyi]

ရီးယဲလ္နည္းျပသစ္အျဖစ္ ယာဂန္ကေလာ့ပ္ Jurgen Klopp ကုိ ခန္႔အပ္ဖုိ႔ ရီးယဲလ္ပရိသတ္အမ်ားစု ဆႏၵရွိေန

ရီးယဲလ္ပရိသတ္ေတြဟာ ရာထူးက ႏုတ္ထြက္သြားတဲ့ နည္းျပဇီဒန္း Zidane ေနရာမွာ လီဗာပူးလ္ နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ကုိ ခန္႔အပ္ဖုိ႔ ဆႏၵရွိေနတယ္လုိ႔ စပိန္နာမည္ေက်ာ္အားကစားသတင္းစာ Marca က ေဖာ္ျပခဲ့ပါတယ္။ ရီးယဲလ္အသင္းကုိ ခ်န္ပီယံလိဂ္(၃)ႀကိမ္ဆက္ ရရွိေအာင္ စြမ္းေဆာင္ခဲ့တဲ့ ဇီဒန္းဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ရာထူးကေန ႐ုတ္တရက္ႏုတ္ထြက္ခဲ့တာေၾကာင့္ သူ႔ေနရာကုိ အစားထုိး ဖုိ႔အတြက္ ရီးယဲလ္တာ၀န္ရွိသူေတြက နည္းျပသစ္တစ္ဦး အသည္းအသန္ရွာေဖြေနၾကတယ္။ ရီးယဲလ္အသင္းအေနနဲ႔ စပါးအသင္းနည္းျပ ပုိခ်က္တီႏုိ Pochettino ကုိ ပစ္မွတ္ထားခဲ့ေပမယ့္ စပါးအသင္းက သူ႔ကုိ လက္လႊတ္ခံမွာ မဟုတ္တဲ့အျပင္ ပုိခ်က္တီႏုိကုိယ္တိုင္ကလည္း စပါးအသင္းမွာပဲ ေပ်ာ္ရႊင္ေနၿပီလုိ႔ ဆုိခဲ့တယ္။

Klopp-is-the-preferred-choice-of-the-Real-Madrid-fanbase

Klopp-is-the-preferred-choice-of-the-Real-Madrid-fanbase

ဒါေၾကာင့္ စပိန္နာမည္ေက်ာ္ အားကစားသတင္းစာ Marca က ရီးယဲလ္နည္းျပသစ္အျဖစ္ ဘယ္သူ႔ကုိ ခန္႔အပ္သင့္လဲဆုိတာ ပရိသတ္ေတြကုိ အြန္လုိင္းကေနတစ္ဆင့္ မဲဆႏၵေကာက္ခံခဲ့ၿပီး ပရိသတ္(၄)ေသာင္း ေက်ာ္က မဲေပးၾကတယ္။ ယာဂန္ကေလာ့ပ္ကုိ နညး္ျပသစ္ခန္႔အပ္ဖုိ႔ မဲေပးခဲ့တာက (၂၉%)အထိရွိခဲ့ၿပီး အမ်ားဆုံးျဖစ္ခဲ့ပါတယ္။ သူ႔ေနာက္မွာ ပုိခ်က္တီႏုိက (၂၃%)၊ ရီးယဲလ္လူငယ္အသင္းနည္းျပအျဖစ္ ေဆာင္ရြက္ ေနတဲ့ နာမည္ေက်ာ္ကစားသမားေဟာင္း ဂူတီ Guti က (၂၀%)၊ ဂ်ာမနီအသင္းနည္းျပ ဂ်ိဳအာခ်င္လုိး Joachim Low က (၁၄%)၊ ရီးယဲလ္ နာမည္ေက်ာ္ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ မစ္ရွယ္လ္ Michel က (၉%)ရရွိခဲ့ၾကတယ္။ အသက္(၅၀)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ယာဂန္ကေလာ့ပ္ဟာ လီဗာပူးလ္အသင္းကုိ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြေရာက္ရွိေအာင္ စြမ္းေဆာင္ခဲ့သူျဖစ္ၿပီး အသင္းက ကစားသမားေတြကုိ ၾသဇာလႊမ္းမုိးႏုိင္မႈ၊ Motivation ေပးႏုိင္မႈ၊ နည္းဗ်ဴဟာပုိင္း ၾကြယ္၀မႈေတြေၾကာင့္ ရီးယဲလ္ပရိသတ္ေတြက သူ႔ကုိ နည္းျပသစ္အျဖစ္ ျမင္ေတြ႕လုိေနတာပါ။

ယာဂန္ကေလာ့ပ္ဟာ လီဗာပူးလ္အသင္းနဲ႔ ၂၀၂၀ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနၿပီး လီဗာပူးလ္ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ နည္းျပတစ္ဦးျဖစ္တာေၾကာင့္ ရီးယဲလ္အသင္းအေနနဲ႔ သူ႔ကုိ ခက္ခက္ခဲခဲ ႀကိဳးပမ္းရဖုိ႔ေတာ့ ရွိပါတယ္။ ရီးယဲလ္အသင္းဟာ ယာဂန္ကေလာ့ပ္အျပင္ ဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီ Allegri ၊ ခ်ယ္လ္ဆီးနဲ႔ လမ္းခဲြဖုိ႔ နီးစပ္ေနတဲ့ ကြန္တီ Conte၊ နာပုိလီအသင္းနဲ႔ လမ္းခဲြခဲ့တဲ့ ဆာရီ Sarri တို႔ကုိလည္း ပစ္မွတ္ထားေနပါတယ္။

REF:Marca
Photo: The Football Addict,Premier League
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်နည်းပြသစ်အဖြစ် ယာဂန်ကလော့ပ် Jurgen Klopp ကို ခန့်အပ်ဖို့ ရီးယဲလ်ပရိသတ်အများစု ဆန္ဒရှိနေ

ရီးယဲလ်ပရိသတ်တွေဟာ ရာထူးက နုတ်ထွက်သွားတဲ့ နည်းပြဇီဒန်း Zidane နေရာမှာ လီဗာပူးလ် နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ကို ခန့်အပ်ဖို့ ဆန္ဒရှိနေတယ်လို့ စပိန်နာမည်ကျော်အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်(၃)ကြိမ်ဆက် ရရှိအောင် စွမ်းဆောင်ခဲ့တဲ့ ဇီဒန်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရာထူးကနေ ရုတ်တရက်နုတ်ထွက်ခဲ့တာကြောင့် သူ့နေရာကို အစားထိုး ဖို့အတွက် ရီးယဲလ်တာဝန်ရှိသူတွေက နည်းပြသစ်တစ်ဦး အသည်းအသန်ရှာဖွေနေကြတယ်။ ရီးယဲလ်အသင်းအနေနဲ့ စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ကို ပစ်မှတ်ထားခဲ့ပေမယ့် စပါးအသင်းက သူ့ကို လက်လွှတ်ခံမှာ မဟုတ်တဲ့အပြင် ပိုချက်တီနိုကိုယ်တိုင်ကလည်း စပါးအသင်းမှာပဲ ပျော်ရွှင်နေပြီလို့ ဆိုခဲ့တယ်။

Klopp-is-the-preferred-choice-of-the-Real-Madrid-fanbase

Klopp-is-the-preferred-choice-of-the-Real-Madrid-fanbase

ဒါကြောင့် စပိန်နာမည်ကျော် အားကစားသတင်းစာ Marca က ရီးယဲလ်နည်းပြသစ်အဖြစ် ဘယ်သူ့ကို ခန့်အပ်သင့်လဲဆိုတာ ပရိသတ်တွေကို အွန်လိုင်းကနေတစ်ဆင့် မဲဆန္ဒကောက်ခံခဲ့ပြီး ပရိသတ်(၄)သောင်း ကျော်က မဲပေးကြတယ်။ ယာဂန်ကလော့ပ်ကို နည်းပြသစ်ခန့်အပ်ဖို့ မဲပေးခဲ့တာက (၂၉%)အထိရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ သူ့နောက်မှာ ပိုချက်တီနိုက (၂၃%)၊ ရီးယဲလ်လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက် နေတဲ့ နာမည်ကျော်ကစားသမားဟောင်း ဂူတီ Guti က (၂၀%)၊ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုး Joachim Low က (၁၄%)၊ ရီးယဲလ် နာမည်ကျော် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မစ်ရှယ်လ် Michel က (၉%)ရရှိခဲ့ကြတယ်။ အသက်(၅၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်ခဲ့သူဖြစ်ပြီး အသင်းက ကစားသမားတွေကို သြဇာလွှမ်းမိုးနိုင်မှု၊ Motivation ပေးနိုင်မှု၊ နည်းဗျူဟာပိုင်း ကြွယ်ဝမှုတွေကြောင့် ရီးယဲလ်ပရိသတ်တွေက သူ့ကို နည်းပြသစ်အဖြစ် မြင်တွေ့လိုနေတာပါ။

ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး လီဗာပူးလ်ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ နည်းပြတစ်ဦးဖြစ်တာကြောင့် ရီးယဲလ်အသင်းအနေနဲ့ သူ့ကို ခက်ခက်ခဲခဲ ကြိုးပမ်းရဖို့တော့ ရှိပါတယ်။ ရီးယဲလ်အသင်းဟာ ယာဂန်ကလော့ပ်အပြင် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ Allegri ၊ ချယ်လ်ဆီးနဲ့ လမ်းခွဲဖို့ နီးစပ်နေတဲ့ ကွန်တီ Conte၊ နာပိုလီအသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဆာရီ Sarri တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။

REF:Marca
Photo: The Football Addict,Premier League
Naing Linn(Akhayar)
www.akhayar.com