[Zawgyi]

ပရီးမီးယားလိဂ္ခ်န္ပီယံဆုကုိ စိန္ေခၚႏုိင္စြမ္းရွိလာမယ္လုိ႔ ယုံၾကည္မႈအျပည့္ရွိေနတဲ့ Jurgen Klopp

ဒီေႏြရာသီမွာ ကစားသမားသစ္ေတြကုိ ေျပာင္းေရႊ႕ေၾကးအမ်ားႀကီး အသုံးျပဳၿပီး ေခၚယူထားတဲ့ လီဗာပူးလ္ Liverpool အသင္းနည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp က သူတို႔အသငး္ဟာ လာမယ့္ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ ခ်န္ပီယံဆုကုိ စိန္ေခၚႏုိင္စြမ္းရွိႏိုင္မယ္လုိ႔ ယုံၾကည္ေမွ်ာ္လင့္ေနပါတယ္။ လီဗာပူးလ္အသင္ဟာ အခုေႏြရာသီအေျပာင္းအေရႊ႕အတြင္း နာဘီကီတာ Naby Keïta ၊ ဖာဘင္ဟုိ Fabinho ၊ ရွာကီရီ Shaqiri ၊ အယ္လစ္ဆန္ Alisson တို႔ကုိ ေခၚယူထားၿပီး ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၂၀၀)နီးပါး အသုံးျပဳထားတယ္။ ဒါ့အျပင္ အသင္းရဲ႕အဓိက ကစားသမားေတြျဖစ္တဲ့ ဆာလာ Salah ၊ ေဖမီႏုိ Firmino တို႔ကုိလည္း စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီးျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းရဲ႕ ကစားသမားစုဖဲြ႕မႈက အားရစရာပါပဲ။

Naby-Keita

Naby-Keita

ဒါေၾကာင့္လည္း ယာဂန္ကေလာ့ပ္က လာမယ့္ရာသီက်ရင္ ပရီးမီးယားလိဂ္ဖလားကုိ စိန္ေခၚႏုိင္စြမ္းရွိေနၿပီလုိ႔ ေမွ်ာ္လင့္ေနတာပဲျဖစ္ပါတယ္။ ယာဂန္ကေလာ့ပ္က “သိပ္ေတာ့ မေသခ်ာေပမယ့္ ဒီႏွစ္ဟာ ကၽြန္ေတာ္တို႔အသင္း အဓိက ကစားသမားတစ္ဦးကုိမွ မေရာင္းတာ ပထမဆုံးလုိ႔ ထင္ပါတယ္။ အသင္းႀကီးေတြ၊ေအာင္ျမင္မႈရလုိတဲ့အသင္းေတြဟာ ကစားသမားမေခၚရင္ေတာင္ အသင္းရဲ႕ အဓိက ကစားသမားေတြ ဆက္လက္ထိန္းသိမ္းႏုိင္ဖုိ႔ လုိပါတယ္။ အဓိပၸါယ္ကေတာ့ အဓိက ကစားသမားေတြ ဆက္ရွိေနမယ္၊ ေနာက္ထပ္ ကစားသမားသစ္ေတြ အင္အားျဖည့္မယ္ဆုိရင္ ဒီထက္ပုိျမင့္တဲ့အဆင့္တစ္ခုကုိ တက္လွမ္းႏုိင္မွာပါ။ လက္ရွိအသငး္ရဲ႕ စုဖဲြ႕မႈက အေကာင္းဆုံးအေနအထားမွာ ရွိေနပါၿပီ”လုိ႔ ဆုိခဲ့တယ္။ လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္မွာ အဆင့္(၄)ေနရာရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ဗုိလ္လုပဲြကုိလည္း (၁၃)ႏွစ္အၾကာမွာ ပထမဆုံးအႀကိမ္တက္ေရာက္ႏုိင္ခဲ့ေပမယ့္ ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရပါတယ္။

Fabinho

Fabinho

ဒီေႏြရာသီမွာ လီဗာပူးလ္အသင္းရဲ႕ ကစားသမားေခၚယူမႈမ်ား

Naby Keïta Germany RB Leipzig £52,750,000
Fabinho France AS Monaco £43,000,000
Xherdan Shaqiri England Stoke City £13,000,000
Alisson Becker Italy A.S. Roma £66,800,000
Total £175,550,000

REF:Goal.com
Photo:The Anfield Wrap,AS,The Independent,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိလာမယ်လို့ ယုံကြည်မှုအပြည့်ရှိနေတဲ့ Jurgen Klopp

ဒီနွေရာသီမှာ ကစားသမားသစ်တွေကို ပြောင်းရွှေ့ကြေးအများကြီး အသုံးပြုပြီး ခေါ်ယူထားတဲ့ လီဗာပူးလ် Liverpool အသင်းနည်းပြ ယာဂန်ကလော့ပ် Jurgen Klopp က သူတို့အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိနိုင်မယ်လို့ ယုံကြည်မျှော်လင့်နေပါတယ်။ လီဗာပူးလ်အသင်ဟာ အခုနွေရာသီအပြောင်းအရွှေ့အတွင်း နာဘီကီတာ Naby Keïta ၊ ဖာဘင်ဟို Fabinho ၊ ရှာကီရီ Shaqiri ၊ အယ်လစ်ဆန် Alisson တို့ကို ခေါ်ယူထားပြီး ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀၀)နီးပါး အသုံးပြုထားတယ်။ ဒါ့အပြင် အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလာ Salah ၊ ဖေမီနို Firmino တို့ကိုလည်း စာချုပ်သက်တမ်းတိုးခဲ့ပြီးဖြစ်တာကြောင့် လီဗာပူးလ်အသင်းရဲ့ ကစားသမားစုဖွဲ့မှုက အားရစရာပါပဲ။

Naby-Keita

Naby-Keita

ဒါကြောင့်လည်း ယာဂန်ကလော့ပ်က လာမယ့်ရာသီကျရင် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ မျှော်လင့်နေတာပဲဖြစ်ပါတယ်။ ယာဂန်ကလော့ပ်က “သိပ်တော့ မသေချာပေမယ့် ဒီနှစ်ဟာ ကျွန်တော်တို့အသင်း အဓိက ကစားသမားတစ်ဦးကိုမှ မရောင်းတာ ပထမဆုံးလို့ ထင်ပါတယ်။ အသင်းကြီးတွေ၊အောင်မြင်မှုရလိုတဲ့အသင်းတွေဟာ ကစားသမားမခေါ်ရင်တောင် အသင်းရဲ့ အဓိက ကစားသမားတွေ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ အဓိပ္ပါယ်ကတော့ အဓိက ကစားသမားတွေ ဆက်ရှိနေမယ်၊ နောက်ထပ် ကစားသမားသစ်တွေ အင်အားဖြည့်မယ်ဆိုရင် ဒီထက်ပိုမြင့်တဲ့အဆင့်တစ်ခုကို တက်လှမ်းနိုင်မှာပါ။ လက်ရှိအသင်းရဲ့ စုဖွဲ့မှုက အကောင်းဆုံးအနေအထားမှာ ရှိနေပါပြီ”လို့ ဆိုခဲ့တယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၄)နေရာရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း (၁၃)နှစ်အကြာမှာ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ပေမယ့် ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။

Fabinho

Fabinho

ဒီနွေရာသီမှာ လီဗာပူးလ်အသင်းရဲ့ ကစားသမားခေါ်ယူမှုများ

Naby Keïta Germany RB Leipzig £52,750,000
Fabinho France AS Monaco £43,000,000
Xherdan Shaqiri England Stoke City £13,000,000
Alisson Becker Italy A.S. Roma £66,800,000
Total £175,550,000

REF:Goal.com
Photo:The Anfield Wrap,AS,The Independent,
Naing Linn(Akhayar)
www.akhayar.com