[Zawgyi]

နမ္းျခင္းဟာ ဖ်ားနာေစႏိုင္တယ္ဆိုတာ သိၾကပါသလား

အနမ္းေပးျခင္းဟာ လူတစ္ဦးနဲ႔ တစ္ဦး ခ်စ္ခင္စံုမက္တဲ႔အခါ ျဖစ္ေပၚလာတဲ႔ ခ်စ္ခင္မႈျပ ကိုယ္ဟန္အမူအရာတစ္ခု ျဖစ္ပါတယ္္။ ဒီလိုအနမ္းေပးျခင္းကို သိပၸံနည္းအရ လ့လာဆန္းစစ္ၾကည့္တဲ႔အခါ က်န္းမာေရးအက်ဳိးေက်းဇူးေတြ ေျမာက္ျမားစြာ ရရွိေစႏိုင္တာကို ေတြ႔ရပါတယ္။တစ္ဦးနဲ႔တစ္ဦး အနမ္းေျခြလိုက္တဲ႔အခါ ေပ်ာ္ရႊင္မႈကိုေပးစြမ္းနုိင္တဲ႔ ဟိုမုန္းအေျမာက္အျမားထြက္ေပၚလာျခင္း၊စိတ္ဖိစိးမႈေလ်ာ့ခ်ေပးႏိုင္ျခင္း၊ကိုယ္လက္စထေရာေလ်ာ႔က်ေစျခင္းႏွင့္ သြားက်န္းမာေရးေကာင္းမြန္ေစျခင္း စတဲ႔ ေကာင္းက်ဳိးေတြ အေျမာက္အျမားရရွိေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ အနမ္းေပးျခင္းဟာ က်န္းမာေရးကို မ်ားစြာ အေထာက္အကူျပဳတယ္လို႔ ေျပာႏိုင္ပါတယ္။

ဒီလိုရုိးရွင္းတဲ႔ အနမ္းတစ္စံုဟာ က်န္းမာေရးကို မ်ားစြာ အေထာက္အကူျပဳေစသလို လူေတြသိပ္မသိတဲ႔ က်န္းမာေရးကို ထိခိုက္ေစႏုိင္တဲ႔ အေျကာင္းရင္းေတြလည္း ရွိပါေသးတယ္။ အဲ့ဒီအေၾကာင္းအရင္းေတြမ်ားစြာထဲကမွ ရုိးရွင္းတဲ႔အနမ္းတစ္ပြင္႔ဟာ ဖ်ားနာမႈ ျဖစ္ေစႏိုင္တယ္ဆိုတာကို လူေတာ္ေတာ္မ်ားမ်ား မသိၾကပါဘူူး။ေလ့လာခ်က္ေတြအရ နမ္းလိုက္တဲ႔ တစ္ဆယ္စကၠန့္အတြင္း ဘက္တီးရီးယား ၈၀မီလီယံ ေပါက္ဖြားေစနုိင္တာကို ေတြ႔ရပါတယ္။ သိပၸံပညာရွင္ေတြ ေထာက္ျပေျပာဆိုခဲ႔တာေတြအရ လူတစ္ဦးကတစ္ဦးကို နမ္းတဲ႔အခါ နာမက်န္းမႈေတြ ျဖစ္ပြားေစႏိုင္ပါတယ္။

သိပံၸနည္းအရ ေလ့လာေတြ႔ရွိတဲ႔ နမ္းျခင္းေၾကာင္႔ျဖစ္တဲ႔ နာမက်န္းမႈကေတာ့ တံေတြးမွတစ္ဆင့္ကူးစက္နုိင္တဲ႔ Mononucleosis (သို႔) Mono ဟုေခၚတဲ႔ နမ္းျခင္းေၾကာင္႔ျဖစ္တဲ့ ကူးစက္ေရာဂါပဲ ျဖစ္ပါတယ္။ထိုေရာဂါဟာ ေသေစႏိုင္ေလာက္တဲ႔အထိ အႏၱရာယ္မ်ားၿပီး ေရာဂါလကၡဏာေတြကလည္း သာမန္ဖ်ားနာျခင္းနဲ႔ ဆင္တူတဲ႔အတြက္ ေရာဂါျဖစ္ပြားတဲ႔အခါ အလြယ္တကူမသိရွိႏိုင္ပါဘူး။ တံေတြးမွာပါတဲ႔ ေရာဂါပိုးမြားေတြဟာလည္း သြားတိုက္တံေတြ၊အသံုးအေဆာင္ပစၥည္းမ်ားမွတစ္ဆင့္ ပ်ံ႕ႏွံႏိုင္ပါေသးတယ္။

Mono (သို့) နမ္းျခင္းေၾကာင္႔ျဖစ္တဲ႔ ေရာဂါဟာ Epstein–Barr ဗိုင္းရပ္စ္ေခၚEBV မွတစ္ဆင့္ ကူးစက္နုိင္ပါတယ္္။ ကေလးေတြဟာ ဒီေရာဂါပိုးကူးစက္ခံရရင္ အေစာပိုင္းအသက္အရြယ္မွာ ကူးစက္ခံရမွန္းမသိေသာ္လည္း ေနာက္ပိုင္းက်မွ ေရာဂါလကၡဏာေတြကို ေတြ႔ရွိတတ္ၾကပါတယ္။ဒီေရာဂါပိုး အမ်ားဆံုးကူးစက္ခံရႏိုင္ေျခရွိတဲ႔ အသက္အရြယ္ပိုင္းအျခားကေတာ့ ကေလးငယ္ေတြျဖစ္ျပီး ေရာဂါပိုးကူးစက္ေနခ်ိန္တြင္ အလြန္အမင္းပင္ပန္းႏြယ္နယ္ျခင္း၊အဖုအက်ိတ္ေရာင္ရမ္းျခင္းနဲ႔ ၾကြက္သားေတြ နာက်င္ကိုက္ခဲျခင္း အစရွိတဲ႔ လကၡဏာေတြ ေတြ႔ရေလ့ရွိျပီး အခ်ိန္အေတာ္ျကာမွ ေရာဂါေ၀ဒနာ သိသိသာသာေပၚလာတာကို ေတြ႔ရတတ္ပါတယ္။

Mom kiss her baby

Mom kiss her baby

နမ္းျခင္းေၾကာင္႔ျဖစ္တဲ႔ ေရာဂါရဲ႕ လကၡဏာဟာ သာမန္ဖ်ားနာျခင္းရဲ႕ လကၡဏာနဲ႔ အလြန္ဆင္တူတဲ႔အတြက္ ခဲြျခားဖို႔ အင္မတန္ခက္ခဲပါတယ္။ အဆိုပါလကၡဏာေတြဟာ တစ္ပတ္ (သို႔) ႏွစ္ပတ္ၾကာတဲ႔အထိ မေပ်ာက္ဘူးဆိုရင္ ရုိးရုိးဖ်ားတာလား နမ္းျခင္းေၾကာင္႔ျဖစ္တာလား ကဲြကဲြျပားျပားသိေစဖို႔အတြက္ ေဆးခန္းမွာ သြားေရာက္ျပသ စစ္ေဆးၾကည္႔သင္႔ပါတယ္။

လည္ေခ်ာင္းနာျခင္း ၊ ၾကြက္သားအလြန္အမင္းနာက်င္ကိုက္ခဲျခင္း၊ အဖ်ားအလြန္ႀကီးျခင္းေတြ ခံစားရေနရင္ေတာ့ နမ္းျခင္းေၾကာင့္ျဖစ္တဲ့ ကူးစက္ေရာဂါ (သို႔) Mono ကို ခံစားေနရျခင္းပဲ ျဖစ္ပါတယ္။ ဒီေရာဂါျဖစ္ပြားရင္ လပိုင္းေလာက္အထိ ခံစားရတာမ်ဳိးလည္းျဖစ္တတ္သလို ေကာင္းေကာင္းအနားယူေပးရင္ေတာ့ ရက္ပိုင္းေလာက္နဲ႔ သက္သာေပ်ာက္ကင္းသြားတာကိုလည္း ေတြ႔ရပါတယ္။ ကိုယ္ခံအားက်ဆင္းေနရင္ ဒီေရာဂါ ျဖစ္ႏိုင္ေျခ ပိုမ်ားပါတယ္။ ဒီေရာဂါတစ္ခါျဖစ္ပြားၿပီးရင္ ေနာက္တစ္ခါထပ္ျဖစ္ႏိုင္ေျခ ေတာ္ေတာ္နည္းပါးပါတယ္။ဒါေၾကာင့္မို႔ လူႀကီးေတြ နမ္းရႈံလိုက္တာေၾကာင္႔ ကေလးငယ္ေတြဟာ အမ်ားဆံုး EBV ေရာဂါပိုး ကူးစက္ခံရႏိုင္ပါတယ္။ ဒါေၾကာင္႔မို႔ ကေလးေတြကို အရမ္းခ်စ္တဲ႔အခါမ်ဳိးမွာလည္း အလြန္အမင္းေပြ႕ဖက္နမ္းရႈ့ံတာမ်ဳိး မျပဳလုပ္သင့္ပါဘူူး။

ခ်စ္လို႔၊ အသည္းယားလို႔ နမ္းတာမွန္ေပမယ္႔လည္း အစားမေတာ္တစ္လုတ္ အသြားမေတာ္တစ္လွမ္းဆိုတဲ႔အတိုင္း မနမ္းသင့္တဲ႔အခ်ိန္ နမ္းမိခဲ့ရင္ နာမက်န္းမႈေတြ ျဖစ္ေစႏိုင္လို႔ သတိျပဳဆင္ျခင္သင္႔ပါတယ္။ လူငယ္တိုင္း လူငယ္တိုင္း က်န္းမာေပ်ာ္ရႊင္တဲ႔ လူငယ္ေလးေတြကေန က်န္းမာသန္စြမ္းတဲ႔ လူႀကီးေတြ ျဖစ္လာႏိုင္ၾကပါေစ။

H.H(Akhayar)

www.akhayar.com

[Unicode]

နမ်းခြင်းဟာ ဖျားနာစေနိုင်တယ်ဆိုတာ သိကြပါသလား

အနမ်းပေးခြင်းဟာ လူတစ်ဦးနဲ့ တစ်ဦး ချစ်ခင်စုံမက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ချစ်ခင်မှုပြ ကိုယ်ဟန်အမူအရာတစ်ခု ဖြစ်ပါတယ်။ ဒီလိုအနမ်းပေးခြင်းကို သိပ္ပံနည်းအရ လ့လာဆန်းစစ်ကြည့်တဲ့အခါ ကျန်းမာရေးအကျိုးကျေးဇူးတွေ မြောက်မြားစွာ ရရှိစေနိုင်တာကို တွေ့ရပါတယ်။တစ်ဦးနဲ့တစ်ဦး အနမ်းခြွေလိုက်တဲ့အခါ ပျော်ရွှင်မှုကိုပေးစွမ်းနိုင်တဲ့ ဟိုမုန်းအမြောက်အမြားထွက်ပေါ်လာခြင်း၊စိတ်ဖိစိးမှုလျော့ချပေးနိုင်ခြင်း၊ကိုယ်လက်စထရောလျော့ကျစေခြင်းနှင့် သွားကျန်းမာရေးကောင်းမွန်စေခြင်း စတဲ့ ကောင်းကျိုးတွေ အမြောက်အမြားရရှိစေနိုင်ပါတယ်။ ဒါကြောင့်မို့ အနမ်းပေးခြင်းဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုတယ်လို့ ပြောနိုင်ပါတယ်။

ဒီလိုရိုးရှင်းတဲ့ အနမ်းတစ်စုံဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုစေသလို လူတွေသိပ်မသိတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ အဲ့ဒီအကြောင်းအရင်းတွေများစွာထဲကမှ ရိုးရှင်းတဲ့အနမ်းတစ်ပွင့်ဟာ ဖျားနာမှု ဖြစ်စေနိုင်တယ်ဆိုတာကို လူတော်တော်များများ မသိကြပါဘူူး။လေ့လာချက်တွေအရ နမ်းလိုက်တဲ့ တစ်ဆယ်စက္ကန့်အတွင်း ဘက်တီးရီးယား ၈၀မီလီယံ ပေါက်ဖွားစေနိုင်တာကို တွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေ ထောက်ပြပြောဆိုခဲ့တာတွေအရ လူတစ်ဦးကတစ်ဦးကို နမ်းတဲ့အခါ နာမကျန်းမှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။

သိပ္ပံနည်းအရ လေ့လာတွေ့ရှိတဲ့ နမ်းခြင်းကြောင့်ဖြစ်တဲ့ နာမကျန်းမှုကတော့ တံတွေးမှတစ်ဆင့်ကူးစက်နိုင်တဲ့ Mononucleosis (သို့) Mono ဟုခေါ်တဲ့ နမ်းခြင်းကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါပဲ ဖြစ်ပါတယ်။ထိုရောဂါဟာ သေစေနိုင်လောက်တဲ့အထိ အန္တရာယ်များပြီး ရောဂါလက္ခဏာတွေကလည်း သာမန်ဖျားနာခြင်းနဲ့ ဆင်တူတဲ့အတွက် ရောဂါဖြစ်ပွားတဲ့အခါ အလွယ်တကူမသိရှိနိုင်ပါဘူး။ တံတွေးမှာပါတဲ့ ရောဂါပိုးမွားတွေဟာလည်း သွားတိုက်တံတွေ၊အသုံးအဆောင်ပစ္စည်းများမှတစ်ဆင့် ပျံ့နှံနိုင်ပါသေးတယ်။

Mono (သို့) နမ်းခြင်းကြောင့်ဖြစ်တဲ့ ရောဂါဟာ Epstein–Barr ဗိုင်းရပ်စ်ခေါ်EBV မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကလေးတွေဟာ ဒီရောဂါပိုးကူးစက်ခံရရင် အစောပိုင်းအသက်အရွယ်မှာ ကူးစက်ခံရမှန်းမသိသော်လည်း နောက်ပိုင်းကျမှ ရောဂါလက္ခဏာတွေကို တွေ့ရှိတတ်ကြပါတယ်။ဒီရောဂါပိုး အများဆုံးကူးစက်ခံရနိုင်ခြေရှိတဲ့ အသက်အရွယ်ပိုင်းအခြားကတော့ ကလေးငယ်တွေဖြစ်ပြီး ရောဂါပိုးကူးစက်နေချိန်တွင် အလွန်အမင်းပင်ပန်းနွယ်နယ်ခြင်း၊အဖုအကျိတ်ရောင်ရမ်းခြင်းနဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း အစရှိတဲ့ လက္ခဏာတွေ တွေ့ရလေ့ရှိပြီး အချိန်အတော်ကြာမှ ရောဂါဝေဒနာ သိသိသာသာပေါ်လာတာကို တွေ့ရတတ်ပါတယ်။

Mom kiss her baby

Mom kiss her baby

နမ်းခြင်းကြောင့်ဖြစ်တဲ့ ရောဂါရဲ့ လက္ခဏာဟာ သာမန်ဖျားနာခြင်းရဲ့ လက္ခဏာနဲ့ အလွန်ဆင်တူတဲ့အတွက် ခွဲခြားဖို့ အင်မတန်ခက်ခဲပါတယ်။ အဆိုပါလက္ခဏာတွေဟာ တစ်ပတ် (သို့) နှစ်ပတ်ကြာတဲ့အထိ မပျောက်ဘူးဆိုရင် ရိုးရိုးဖျားတာလား နမ်းခြင်းကြောင့်ဖြစ်တာလား ကွဲကွဲပြားပြားသိစေဖို့အတွက် ဆေးခန်းမှာ သွားရောက်ပြသ စစ်ဆေးကြည့်သင့်ပါတယ်။

လည်ချောင်းနာခြင်း ၊ ကြွက်သားအလွန်အမင်းနာကျင်ကိုက်ခဲခြင်း၊ အဖျားအလွန်ကြီးခြင်းတွေ ခံစားရနေရင်တော့ နမ်းခြင်းကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါ (သို့) Mono ကို ခံစားနေရခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ပွားရင် လပိုင်းလောက်အထိ ခံစားရတာမျိုးလည်းဖြစ်တတ်သလို ကောင်းကောင်းအနားယူပေးရင်တော့ ရက်ပိုင်းလောက်နဲ့ သက်သာပျောက်ကင်းသွားတာကိုလည်း တွေ့ရပါတယ်။ ကိုယ်ခံအားကျဆင်းနေရင် ဒီရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒီရောဂါတစ်ခါဖြစ်ပွားပြီးရင် နောက်တစ်ခါထပ်ဖြစ်နိုင်ခြေ တော်တော်နည်းပါးပါတယ်။ဒါကြောင့်မို့ လူကြီးတွေ နမ်းရှုံလိုက်တာကြောင့် ကလေးငယ်တွေဟာ အများဆုံး EBV ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေကို အရမ်းချစ်တဲ့အခါမျိုးမှာလည်း အလွန်အမင်းပွေ့ဖက်နမ်းရှုံ့တာမျိုး မပြုလုပ်သင့်ပါဘူူး။

ချစ်လို့၊ အသည်းယားလို့ နမ်းတာမှန်ပေမယ့်လည်း အစားမတော်တစ်လုတ် အသွားမတော်တစ်လှမ်းဆိုတဲ့အတိုင်း မနမ်းသင့်တဲ့အချိန် နမ်းမိခဲ့ရင် နာမကျန်းမှုတွေ ဖြစ်စေနိုင်လို့ သတိပြုဆင်ခြင်သင့်ပါတယ်။ လူငယ်တိုင်း လူငယ်တိုင်း ကျန်းမာပျော်ရွှင်တဲ့ လူငယ်လေးတွေကနေ ကျန်းမာသန်စွမ်းတဲ့ လူကြီးတွေ ဖြစ်လာနိုင်ကြပါစေ။

H.H(Akhayar)

www.akhayar.com