[Zawgyi]

က်ားနဲ႔ဆင္ လယ္ျပင္မွာ ေတြ႕က်ေသာအခါ Kirin 980 vs A12 Bionic Chip

Huawei ႂကြားလုံးထုတ္ထားလိုက္တဲ့ ျဖစ္ရပ္ေလးက ငိုရမလို၊ ရယ္ရမလို ျဖစ္ေနပါၿပီ။ မၾကာခင္ ထြက္ရွိလာေတာ့မယ့္ Mate 20 Pro မွာ ေနာက္ဆုံးထြက္ Kirin SoC သုံးထားမယ္၊ အဲ့ဒီ Processor က Apple မိတ္ဆက္ထားလိုက္တဲ့ A12 Bionic SoC ထက္ ပိုျမန္မယ္၊ စြမ္းေဆာင္ရည္ ပိုေကာင္းမယ္လို႔ ေႂကြးေၾကာ္ထားတာ Huawei ပါ။

Huawei claims the world’s fastest SoC

ဒါေပမယ့္ ဝမ္းနည္းစရာ ျဖစ္သြားတာက Processor Benchmark တိုင္းတာေပးတဲ့ Geekbench မွာ Apple Processor ေလာက္ မျမန္ဘူးဆိုတဲ့ ရလာဒ္ႀကီး ထင္းခနဲ ေပၚလာလို႔ အရွက္တကြဲ ျဖစ္သြားခဲ့ရပါၿပီ။ တကယ္ဆိုရင္လည္း အျမန္ဆုံးလို႔ ေျပာႏိုင္တဲ့ Mobile Processor ထဲမွာ သရဖူေဆာင္းေနတာ Apple ပါပဲ။ သူ႔ထက္ျမန္တဲ့ Processor ေပၚမလာေသးသလို ႏွစ္တိုင္းထြက္ေနတဲ့ Qualcomm Snapdragon ေတြကို ျပတ္ျပတ္သားသား အႏိုင္ယူ ဗိုလ္က်စၿမဲပါ။

When Huawei meets Apple fastest Processor

ဒီလို မျမန္ဘူးဆိုတာကို Huawei LYA-L29 ကုတ္နာမည္နဲ႔ စမ္းထားတဲ့ Kirin 980 SoC ရလာဒ္ေတြအရ သိလိုက္ရတာပါ။ တကယ္လို႔သာ Huawei ေျပာထားသလို Apple ထက္ျမန္ရမယ္ဆိုရင္ Single နဲ႔ Multi-core အမွတ္ေတြမွာ 4,795 နဲ႔ 11,172 အျဖစ္ရပ္တည္ေနတဲ့ A12 Bionic Processor ေတြထက္မ်ား၊ ပိုေကာင္းေနရမွာပါ။ အခုဟာက Single Core မွာတင္ အမွတ္ 1,400 ေလာက္ ကြာေနသလို Snapdragon 845 နဲ႔ 69 မွတ္ပဲ ကြာပါတယ္။

Kirin 980 SoC Benchmark

စမ္းသပ္ထားတဲ့ Huawei Device မွာ 6GB RAM ပါတယ္၊ Benchmark ကိုေတာ့ Android 9 နဲ႔ စမ္းထားသလို Single နဲ႔ Multi-core ရမွတ္ကို SD 845 သုံးထားတဲ့ OnePlus 6 နဲ႔ ယွဥ္လိုက္ရင္ 3,390 vs 3,321 ၊ 10,318 vs 8,893 ေလာက္ကြာတာ သတိထားမိမွာပါ။ ဒီအတိုင္းသာဆိုရင္ Huawei အတြက္ ရင္နာစရာ၊ အားမရစရာ အမွန္ပါပဲ။ အခုလို Test Sample ရလာဒ္ေတြက မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ခဲ့ဘူးဆိုေတာ့ လာမယ့္ ေအာက္တိုဘာ ၁၆ ရက္က် မိတ္ဆက္သြားမယ့္ Mate 20 Pro ေပၚလာတဲ့ အခ်ိန္က်ရင္ေတာ့ ျပတ္ျပတ္သားသား အေျဖထြက္လာမွာပါ။

2B (Akhayar)
www.akhayar.com

[Unicode]

ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကျသောအခါ Kirin 980 vs A12 Bionic Chip

Huawei ကြွားလုံးထုတ်ထားလိုက်တဲ့ ဖြစ်ရပ်လေးက ငိုရမလို၊ ရယ်ရမလို ဖြစ်နေပါပြီ။ မကြာခင် ထွက်ရှိလာတော့မယ့် Mate 20 Pro မှာ နောက်ဆုံးထွက် Kirin SoC သုံးထားမယ်၊ အဲ့ဒီ Processor က Apple မိတ်ဆက်ထားလိုက်တဲ့ A12 Bionic SoC ထက် ပိုမြန်မယ်၊ စွမ်းဆောင်ရည် ပိုကောင်းမယ်လို့ ကြွေးကြော်ထားတာ Huawei ပါ။

Huawei claims the world’s fastest SoC

ဒါပေမယ့် ဝမ်းနည်းစရာ ဖြစ်သွားတာက Processor Benchmark တိုင်းတာပေးတဲ့ Geekbench မှာ Apple Processor လောက် မမြန်ဘူးဆိုတဲ့ ရလာဒ်ကြီး ထင်းခနဲ ပေါ်လာလို့ အရှက်တကွဲ ဖြစ်သွားခဲ့ရပါပြီ။ တကယ်ဆိုရင်လည်း အမြန်ဆုံးလို့ ပြောနိုင်တဲ့ Mobile Processor ထဲမှာ သရဖူဆောင်းနေတာ Apple ပါပဲ။ သူ့ထက်မြန်တဲ့ Processor ပေါ်မလာသေးသလို နှစ်တိုင်းထွက်နေတဲ့ Qualcomm Snapdragon တွေကို ပြတ်ပြတ်သားသား အနိုင်ယူ ဗိုလ်ကျစမြဲပါ။

When Huawei meets Apple fastest Processor

ဒီလို မမြန်ဘူးဆိုတာကို Huawei LYA-L29 ကုတ်နာမည်နဲ့ စမ်းထားတဲ့ Kirin 980 SoC ရလာဒ်တွေအရ သိလိုက်ရတာပါ။ တကယ်လို့သာ Huawei ပြောထားသလို Apple ထက်မြန်ရမယ်ဆိုရင် Single နဲ့ Multi-core အမှတ်တွေမှာ 4,795 နဲ့ 11,172 အဖြစ်ရပ်တည်နေတဲ့ A12 Bionic Processor တွေထက်များ၊ ပိုကောင်းနေရမှာပါ။ အခုဟာက Single Core မှာတင် အမှတ် 1,400 လောက် ကွာနေသလို Snapdragon 845 နဲ့ 69 မှတ်ပဲ ကွာပါတယ်။

Kirin 980 SoC Benchmark

စမ်းသပ်ထားတဲ့ Huawei Device မှာ 6GB RAM ပါတယ်၊ Benchmark ကိုတော့ Android 9 နဲ့ စမ်းထားသလို Single နဲ့ Multi-core ရမှတ်ကို SD 845 သုံးထားတဲ့ OnePlus 6 နဲ့ ယှဉ်လိုက်ရင် 3,390 vs 3,321 ၊ 10,318 vs 8,893 လောက်ကွာတာ သတိထားမိမှာပါ။ ဒီအတိုင်းသာဆိုရင် Huawei အတွက် ရင်နာစရာ၊ အားမရစရာ အမှန်ပါပဲ။ အခုလို Test Sample ရလာဒ်တွေက မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူးဆိုတော့ လာမယ့် အောက်တိုဘာ ၁၆ ရက်ကျ မိတ်ဆက်သွားမယ့် Mate 20 Pro ပေါ်လာတဲ့ အချိန်ကျရင်တော့ ပြတ်ပြတ်သားသား အဖြေထွက်လာမှာပါ။

2B (Akhayar)
www.akhayar.com