Huawei ဟာ မႏွစ္တုန္းက Kirin 970 Processor ကို ပထမဆံုးစတင္အသံုးျပဳထားတဲ့ Huawei Mate 10 Pro ဖုန္းကို စတင္မိတ္ဆက္ခဲ့ျပီးေတာ့ ဒီႏွစ္မွာ ထြက္ရွိမယ့္ Huawei Mate 20 Pro စမတ္ဖုန္းမွာ အဆိုပါ Kirin 970 Processor ကို အဆင့္ျမွင့္တင္ထားတဲ့ Kirin 980 Processor ကို တပ္ဆင္အသံုးျပဳလာမယ္လုိ႔ ယူဆရပါတယ္။

Kirin Processor

Huawei က လာမယ့္ စက္တင္ဘာလမွာ Huawei Mate 20 Pro စမတ္ဖုန္းကိုBerlin ၊ Germany မွာ ျပဳလုပ္မယ့္ IFA 2018 ပြဲမွာ ေၾကညာသြားမွာျဖစ္ျပီးေတာ့ အဆုိပါ Mate 20 Pro ဖုန္းနဲ႔အတူ Kirin 980 Processor ကိုပါ ေတြ႕ျမင္လာရေတာ့မွာျဖစ္ပါတယ္။

အခု Kirin 980 Processor ဟာ Octa Core Processor အမ်ိဳးအစားျဖစ္ျပီးေတာ့ Taiwan Semicoductor Manufacturing Company (TSMC) ရဲ႕ 7nm Architecture ကို အသံုးျပဳသြားမယ့္ Processor တစ္ခုလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီႏွစ္မွာ Apple iPhone အသစ္ေတြရဲ႕ A12 Chipset ျပီးရင္ ဒုတိယေျမာက္ 7nm Processor တစ္ခုျဖစ္လာမွာပါ။

Kirin Processor

Kirin 980 Processor ဟာ Cotex A77 Cores ၄ လံုးနဲ႔ Cortex A55 Cores ၄ လံုးပါဝင္မွာျဖစ္ျပီးေတာ့ Clock Speed အေနနဲ႔ 2.8GHz အထိ ရွိမယ္လုိ႔ သိရပါတယ္။ အခု Kirin 980 Processor မွာ Huawei ရဲ႕ ပထမဆံုးေသာ Mali GPU မဟုတ္တဲ့ ကိုယ္ပိုင္ GPU ကိုလည္း ထည့္သြင္းလာမယ္လုိ႔ ယူဆရျပီး အဆိုပါ Huawei ရဲ႕ ကိုယ္ပိုင္ GPU ဟာ လက္ရွိ Snapdragon 845 Processor မွာ ပါဝင္တဲ့ Adreno 630 Processor ထက္ ၁ဆခြဲပိုျပီး သာလြန္မွာျဖစ္ပါတယ္။

Modem ပိုင္းအေနနဲ႔လည္း Huawei ဟာ ဒီႏွစ္အေစာပိုင္းမွာ ကမၻာ႔ပထမဆံုး LTE Cat. 19 ကို Support ေပးျပီး Maximum Download Speed 1.6Gbps အထိ ရရွိတဲ့ Balong 765 Modem ကို ထုတ္ျပခဲ့ဖူးတဲ့အတြက္ အခု Huawei Mate 20 Pro ဖုန္းမွာ အဆိုပါ Modem ကို ထည့္သြင္းလာႏုိင္ဖြယ္ရွိပါတယ္။

Kirin 970 Processor

ဒါ့အျပင္ AI နဲ႔ Machine Learning စနစ္ေတြအတြက္ Kirin 970 Processor မွာ သီးသန္႔ NPU Unit တစ္ခုပါဝင္ခဲ့သလုိပဲ အခု Kirin 980 Processor မွာလည္း Second Generation NPU 1M Unit ကို ထည့္သြင္းလာမွာျဖစ္ျပီး 5 Trillion Calculations Per Watt အထိ တြက္ခ်က္လာႏုိင္ေတာ့မွာျဖစ္ပါတယ္။ အခု AI ပိုင္းတြက္ခ်က္မႈအေပၚကို မူတည္ျပီး Dual ၊ Quad နဲ႔ Octa Core Versions ေတြနဲ႔ အလုပ္လုပ္မွာျဖစ္တဲ့အတြက္ အခု Kirin 980 Processor မွာလည္း Huawei ရဲ႕ စြမ္းေဆာင္ရည္ကို ျမွင့္တင္ေပးႏုိင္တဲ့ GPU Turbo နည္းပညာလည္း ပါဝင္လာဦးမွာ ေသခ်ာေနပါတယ္။

အခု Huawei ရဲ႕ Kirin 980 Processor ကို Huawei Mate 20 ၊ Mate 20 Pro ဖုန္းေတြက ပထမဆံုး အသံုးျပဳလာမွာျဖစ္ျပီး ျပီးခဲ့တဲ့ ရက္ပုိင္းတုန္းက Antutu Benchmark 365,819 Marks အထိ ရရွိတယ္လုိ႔ သတင္းေပါက္ၾကားခဲ့တဲ့အတြက္ လက္ရွိ Qualcomm Snapdragon 845 ၊ Samsung Exynos 9810 Processor ေတြထက္ သိသိသာသာကို ပိုျပိး ျမန္ဆန္လာတဲ့ Processor တစ္ခုဆိုတာကေတာ့ ျငင္းလုိ႔ မရေလာက္ပါဘူး။

Ref : Gizmo China

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Huawei ဟာ မနှစ်တုန်းက Kirin 970 Processor ကို ပထမဆုံးစတင်အသုံးပြုထားတဲ့ Huawei Mate 10 Pro ဖုန်းကို စတင်မိတ်ဆက်ခဲ့ပြီးတော့ ဒီနှစ်မှာ ထွက်ရှိမယ့် Huawei Mate 20 Pro စမတ်ဖုန်းမှာ အဆိုပါ Kirin 970 Processor ကို အဆင့်မြှင့်တင်ထားတဲ့ Kirin 980 Processor ကို တပ်ဆင်အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

Kirin Processor

Huawei က အခု Huawei Mate 20 Pro စမတ်ဖုန်းကို လာမယ့် စက်တင်ဘာလမှာ Berlin ၊ Germany မှာ ပြုလုပ်မယ့် IFA 2018 ပွဲမှာ ကြေညာသွားမှာဖြစ်ပြီးတော့ အဆိုပါ Mate 20 Pro ဖုန်းနဲ့အတူ Kirin 980 Processor ကိုပါ တွေ့မြင်လာရတော့မှာဖြစ်ပါတယ်။

အခု Kirin 980 Processor ဟာ Octa Core Processor အမျိုးအစားဖြစ်ပြီးတော့ Taiwan Semicoductor Manufacturing Company (TSMC) ရဲ့ 7nm Architecture ကို အသုံးပြုသွားမယ့် Processor တစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီနှစ်မှာ Apple iPhone အသစ်တွေရဲ့ A12 Chipset ပြီးရင် ဒုတိယမြောက် 7nm Processor တစ်ခုဖြစ်လာမှာပါ။

Kirin Processor

Kirin 980 Processor ဟာ Cotex A77 Cores ၄ လုံးနဲ့ Cortex A55 Cores ၄ လုံးပါဝင်မှာဖြစ်ပြီးတော့ Clock Speed အနေနဲ့ 2.8GHz အထိ ရှိမယ်လို့ သိရပါတယ်။ အခု Kirin 980 Processor မှာ Huawei ရဲ့ ပထမဆုံးသော Mali GPU မဟုတ်တဲ့ ကိုယ်ပိုင် GPU ကိုလည်း ထည့်သွင်းလာမယ်လို့ ယူဆရပြီး အဆိုပါ Huawei ရဲ့ ကိုယ်ပိုင် GPU ဟာ လက်ရှိ Snapdragon 845 Processor မှာ ပါဝင်တဲ့ Adreno 630 Processor ထက် ၁ဆခွဲပိုပြီး သာလွန်မှာဖြစ်ပါတယ်။

Modem ပိုင်းအနေနဲ့လည်း Huawei ဟာ ဒီနှစ်အစောပိုင်းမှာ ကမ္ဘာ့ပထမဆုံး LTE Cat. 19 ကို Support ပေးပြီး Maximum Download Speed 1.6Gbps အထိ ရရှိတဲ့ Balong 765 Modem ကို ထုတ်ပြခဲ့ဖူးတဲ့အတွက် အခု Huawei Mate 20 Pro ဖုန်းမှာ အဆိုပါ Modem ကို ထည့်သွင်းလာနိုင်ဖွယ်ရှိပါတယ်။

Kirin 970 Processor

ဒါ့အပြင် AI နဲ့ Machine Learning စနစ်တွေအတွက် Kirin 970 Processor မှာ သီးသန့် NPU Unit တစ်ခုပါဝင်ခဲ့သလိုပဲ အခု Kirin 980 Processor မှာလည်း Second Generation NPU 1M Unit ကို ထည့်သွင်းလာမှာဖြစ်ပြီး 5 Trillion Calculations Per Watt အထိ တွက်ချက်လာနိုင်တော့မှာဖြစ်ပါတယ်။ အခု AI ပိုင်းတွက်ချက်မှုအပေါ်ကို မူတည်ပြီး Dual ၊ Quad နဲ့ Octa Core Versions တွေနဲ့ အလုပ်လုပ်မှာဖြစ်တဲ့အတွက် အခု Kirin 980 Processor မှာလည်း Huawei ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ GPU Turbo နည်းပညာလည်း ပါဝင်လာဦးမှာ သေချာနေပါတယ်။

အခု Huawei ရဲ့ Kirin 980 Processor ကို Huawei Mate 20 ၊ Mate 20 Pro ဖုန်းတွေက ပထမဆုံး အသုံးပြုလာမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Antutu Benchmark 365,819 Marks အထိ ရရှိတယ်လို့ သတင်းပေါက်ကြားခဲ့တဲ့အတွက် လက်ရှိ Qualcomm Snapdragon 845 ၊ Samsung Exynos 9810 Processor တွေထက် သိသိသာသာကို ပိုပြိး မြန်ဆန်လာတဲ့ Processor တစ်ခုဆိုတာကတော့ ငြင်းလို့ မရလောက်ပါဘူး။

Ref : Gizmo China

Zawyè (Akhayar) 

www.akhayar.com