[Zawgyi]





iPhone X တစ်မျိုးတည်းမှာပဲသုံးလို့ရတယ်လို့ ပြောကြပေမယ့် လေ့လာကြည့်တဲ့အခါမှာတော့ iPhone 6 နဲ့အထက်မှာအသုံးပြုနိုင်တယ်လို့ဆိုပါတယ်။





Tutorial For iOS


LiveMaker for iOS

LiveMaker for iOS



For Android

DU Gif Maker

DU Gif Maker

Download DU Gif Maker 


WALLPAPER LINKS:








Phone Hay Ko (Akhayar)

www.akhayar.com


[Unicode]

စမတ်ဖုန်းအသုံးပြုသူလူငယ်များအကြား ရေပန်းစားနေတဲ့ Kimi No Na Wa Live Wallpaper

Facebook က Video တစ်ခုမှာ iPhone X ၂လုံးကို ကပ်ထားပြီးတော့ Lock Screen အနေအထားမှာ ဖိပြီးအပေါ်ကိုဖြေးဖြေးလေးဆွဲလိုက်ပါတယ်။ အဲ့အခါမှာ တည်ငြိမ်နေတဲ့ Lock Screen လေးဟာ လှုပ်ရှားလာပြီး ဖုန်းနှစ်လုံးရဲ့ မျက်နှာပြင်တွေဟာ တစ်ဖက်နဲ့တစ်ဖက် ဆက်ထားသလို အချိတ်အဆက်မိမိ Animation လေးတွေဖြစ်ပေါ်လာပြီး Kimi No Na Wa ရဲ့ Footage လေးတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီ Video လေးဟာ လက်ရှိမြန်မာနိုင်ငံက စမတ်ဖုန်းအသုံးပြုသူတွေကြားမှာရေပန်းစားနေသလို အမည်နဲ့ လုပ်နည်းကိုလည်းသိချင်နေကြပါတယ်။ ဒါကြောင့် Akhayar-Tech ရဲ့ Fans တွေအတွက် ရှာဖွေစုစည်းဖော်ပြပေးလိုက်ပါတယ်။

Kimi No Na Wa Movie Scene

Kimi No Na Wa Movie Scene

Kimi No Na Wa ဆိုတာကတော့နာမည်ကြီး ဂျပန် Anime Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးမှ အရမ်းချစ်ဖို့ကောင်းတဲ့ Character နှစ်ဦးဖြစ်တဲ့ Mitsuha Miyamizu နဲ့ Taki Tachibana တို့ရဲ့ ဇာတ်ရုပ်လေးတွေအပြင် လှပတဲ့ ညပတ်ဝန်းကျင်ရှုခင်းတွေအများကြီးပါဝင်ပါတယ်။ ဒီလိုကြည်နူးစရာမြင်ကွင်းတွေကြောင့်ပဲ Couple တွေရဲ့ဖုန်းမှာ Wallpaper အဖြစ်ထားဖို့ရွေးချယ်ခဲ့ဟန်ရှိပါတယ်။ ဒါပေမယ့် ကိုယ်စိတ်ကူးကောင်းရင် ကောင်းသလောက်တခြား Footage တွေနဲ့ စိတ်ကြိုက်ဖန်တီးလို့ရပါတယ်။
iPhone X မှာပဲသုံးလို့ရတယ်လို့ ပြောကြပေမယ့် လေ့လာကြည့်တဲ့အခါမှာတော့ iPhone 6 နဲ့အထက်မှာအသုံးပြုနိုင်တယ်လို့ဆိုပါတယ်။

Kimi No Na Wa Live Wallpaper Tutorial for iOS and Android

ကိုယ်တိုင်လည်းစိတ်ဝင်စားလို့ လိုက်လုပ်ကြည့်ချင်တယ်ဆိုရင်တော့ Tutorial လေးကိုဖော်ပြပေးလိုက်ပါတယ်။

Animate လုပ်ဖို့အတွက်အသုံးပြုရမယ့် Software ဟာ iOS ပေါ်မှာပဲအသုံးပြုလို့ရပါတယ်။
LiveMaker ဆိုတဲ့ App နဲ့ပြုလုပ်ထားတဲ့ Tutorial လေးဖော်ပြပေးလိုက်ပါတယ်။

Tutorial For iOS

ဒါကတော့ iPhone တစ်လုံးတည်းရှိတဲ့သူတွေအတွက်ပါ

LiveMaker for iOS

Download Live Maker App For iOS

iOS အတွက်ပဲရတယ်ဆိုလို့စိတ်မကောင်းတော့မဖြစ်ပါနဲ့၊ Android အတွက်ပြုလုပ်နည်းလေးလည်း ရှာတွေ့လို့ပြန်ဝေမျှပေးလိုက်ပါတယ်။

For Android

DU Gif Maker

DU Gif Maker

Download DU Gif Maker 

လိုအပ်မယ့် Video Footage တွေကိုတော့ ဒီမှာရယူနိုင်ပါတယ်။(ရုပ်ထွက်ကောင်းအောင်လို့ 1080P နဲ့ Download လုပ်ပါ)

WALLPAPER LINKS:

Kimi no na wa wallpaper #1 – https://youtu.be/7AwY_9K336U

Kimi no na wa wallpaper #2 – https://youtu.be/CtzJBwVW1o0

Hotarubi no Mori E – https://youtu.be/9EElhmChv3w

5 centimeter per second – https://youtu.be/E_zkCO5IWw4

https://mega.nz/#F!BDo3mCIb!ZdJwVfD4lUY3hWf03SceKg

Video Credit to Mushipotatoes

အားလုံးပဲအဆင်ပြေကြပါစေ။

Phone Hay Ko (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။