[Zawgyi]

Kylie  Jenner ရဲ႕ ခ်မ္းသာၾကြယ္ဝလာမႈကို ကာကြယ္ေျပာဆုိလိုက္တဲ့ Kim Kardashian

Kylie Jenner တစ္ေယာက္ ဒီလ အေစာပိုင္းက Forbes မဂၢဇင္းရဲ႕ မ်က္ႏွာဖံုးမွာ အသက္အငယ္ဆံုးဘီလ်ံနာ ျဖစ္ေတာ့မယ္လို႔ ေဖာ္ျပခံရတဲ့အေပၚ လူေတြက ေဝဖန္ခဲ့ၾကပါတယ္။ ဘာကို ေဝဖန္သလဲဆိုရင္ေတာ့ ကိုယ္ထူးကိုယ္ခၽြန္ခ်မ္းသာလာတဲ့သူဆိုတဲ့ ေဝါဟာရကို ေဝဖန္ခဲ့တာ ျဖစ္ပါတယ္။ လူေတြက Kylie ကို Kardashain မ်ိဳးႏြယ္က ဆင္းသက္လာလို႔ နာမည္ေက်ာ္ၾကားလူသိမ်ားမႈကို အသံုးခ်ျပီး ဒီလုိ ေအာင္ျမင္လာတာပါ၊ ဘာကိုယ္ထူးကိုယ္ခၽြန္မွ မဟုတ္ဘူးဆိုျပီး ေျပာဆိုေနၾကတာပါ။

Kim Kardashian and Kylie Jenner

Kim Kardashian and Kylie Jenner

ဒီအေၾကာင္းကို Kim Kardashian က Kylie Jenner ဘက္ကေန “လူတိုင္းမွာ ကုိယ္ပုိင္စုဖြဲ႔မႈဆုိတာ ရွိၾကပါတယ္။ တကယ္လို႔ တစ္စံုတစ္ေယာက္ဆီက ဒီၾကြယ္ဝမႈကို အေမြဆက္ခံတာမဟုတ္ဘူးဆိုရင္ ဒါက ကိုယ့္အားကုိယ္ကုိး  ကိုယ့္ထူးကုိယ္ခၽြန္လို႔ ေျပာလို႔ ရေနပါျပီ” ဆုိျပီး ခုခံေခ်ပခဲ့ပါတယ္။

Forbes Cover မွာ ေဖာ္ျပခံရတဲ့ Kylie Jenner

Forbes Cover မွာ ေဖာ္ျပခံရတဲ့ Kylie Jenner

Kylie Jenner ဟာ သူ႔ရဲ႕ Kylie Cosmetics ေအာင္ျမင္မႈနဲ႔ သူ႔ရဲ႕ နာမည္ေက်ာ္ၾကားမႈကေန ေဒၚလာ သန္း ၉၀၀ ေလာက္ၾကြယ္ဝလာမႈအေပၚ Forbes မဂၢဇင္းက ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ Kim က ဆက္ျပီး “ဒီလို ခ်မ္းသာလာတာဟာ Kylie ကို တစ္ေယာက္ေယာက္က လက္လႊဲေျပာင္းအေမြေပးလိုက္တာ မဟုတ္ပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

Kylie Cosemtics and Kylie Jenner

Kylie Cosemtics and Kylie Jenner

ဘယ္လိုပဲ ကိုယ့္ထူးကိုယ္ခၽြန္တယ္ေျပာေျပာ မခၽြန္ဘူး ျငင္းျငင္း Kylie ဟာ သူ႔ရဲ႕ စည္းစိမ္ဥစၥာေတြကို သူ႔ရဲ႕ နာမည္ေက်ာ္ၾကားမႈအေပၚမွာ အရင္းခံျပီး ရရွိခဲ့တယ္ဆုိတာေတာ့ အေသအခ်ာပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Source : etonline.com
[Unicode]

Kylie  Jenner ရဲ့ ချမ်းသာကြွယ်ဝလာမှုကို ကာကွယ်ပြောဆိုလိုက်တဲ့ Kim Kardashian

Kylie Jenner တစ်ယောက် ဒီလ အစောပိုင်းက Forbes မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အသက်အငယ်ဆုံးဘီလျံနာ ဖြစ်တော့မယ်လို့ ဖော်ပြခံရတဲ့အပေါ် လူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဘာကို ဝေဖန်သလဲဆိုရင်တော့ ကိုယ်ထူးကိုယ်ချွန်ချမ်းသာလာတဲ့သူဆိုတဲ့ ဝေါဟာရကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ လူတွေက Kylie ကို Kardashain မျိုးနွယ်က ဆင်းသက်လာလို့ နာမည်ကျော်ကြားလူသိများမှုကို အသုံးချပြီး ဒီလို အောင်မြင်လာတာပါ၊ ဘာကိုယ်ထူးကိုယ်ချွန်မှ မဟုတ်ဘူးဆိုပြီး ပြောဆိုနေကြတာပါ။

Kim Kardashian and Kylie Jenner

Kim Kardashian and Kylie Jenner

ဒီအကြောင်းကို Kim Kardashian က Kylie Jenner ဘက်ကနေ “လူတိုင်းမှာ ကိုယ်ပိုင်စုဖွဲ့မှုဆိုတာ ရှိကြပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်ဆီက ဒီကြွယ်ဝမှုကို အမွေဆက်ခံတာမဟုတ်ဘူးဆိုရင် ဒါက ကိုယ့်အားကိုယ်ကိုး  ကိုယ့်ထူးကိုယ်ချွန်လို့ ပြောလို့ ရနေပါပြီ” ဆိုပြီး ခုခံချေပခဲ့ပါတယ်။

Forbes Cover မှာ ဖော်ပြခံရတဲ့ Kylie Jenner

Forbes Cover မှာ ဖော်ပြခံရတဲ့ Kylie Jenner

Kylie Jenner ဟာ သူ့ရဲ့ Kylie Cosmetics အောင်မြင်မှုနဲ့ သူ့ရဲ့ နာမည်ကျော်ကြားမှုကနေ ဒေါ်လာ သန်း ၉၀၀ လောက်ကြွယ်ဝလာမှုအပေါ် Forbes မဂ္ဂဇင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Kim က ဆက်ပြီး “ဒီလို ချမ်းသာလာတာဟာ Kylie ကို တစ်ယောက်ယောက်က လက်လွှဲပြောင်းအမွေပေးလိုက်တာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Kylie Cosemtics and Kylie Jenner

Kylie Cosemtics and Kylie Jenner

ဘယ်လိုပဲ ကိုယ့်ထူးကိုယ်ချွန်တယ်ပြောပြော မချွန်ဘူး ငြင်းငြင်း Kylie ဟာ သူ့ရဲ့ စည်းစိမ်ဥစ္စာတွေကို သူ့ရဲ့ နာမည်ကျော်ကြားမှုအပေါ်မှာ အရင်းခံပြီး ရရှိခဲ့တယ်ဆိုတာတော့ အသေအချာပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Source : etonline.com