[Zawgyi]

Beckham လုိ Free Kick Specialist ျဖစ္ေအာင္ ငယ္စဥ္ကတည္းက ႀကိဳးပမ္းခဲ့သူ Trippier

အဂၤလန္ နာမည္ေက်ာ္ ကစားသမားေဟာင္း ေဒးဗစ္ဘက္ခမ္ David Beckham ဆုိတာက ၁၉၉၀ ေက်ာ္ ကာလေတြမွာ အဂၤလန္ေဘာလုံးေလာကရဲ႕ လူႀကိဳက္ အမ်ားဆုံးကစားသမား၊ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစဲြ ကစားသမားလုိ႔ဆုိရင္ မွားမယ္ မထင္ပါဘူး။ ေဘာလုံးေလာကကုိ ေက်ာခုိင္းၿပီးခ်ိန္မွာ ထင္ေပၚေက်ာ္ၾကားဆဲျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္လုိ ကစားသမားမ်ိဳးကုိ ေလးစားအားက်တဲ့သူေတြကလည္း တစ္ပုံတပင္ပါ။ အဲဒီအထဲမွာ အခု စပါးအသင္းရဲ႕ အဂၤလန္လက္ေရြးစင္ေနာက္ခံလူ ထရစ္ပီယာ Trippier လည္း အပါအ၀င္ပါပဲ။ ဘက္ခမ္ရဲ႕ ထူးျခားတဲ့စြမ္းေဆာင္ရည္ေတြကုိ ေျပာပါဆုိရင္ ေမွာ္ဆန္တဲ့ Free Kick ကန္ခ်က္ေတြကုိ အရင္ေျပာရလိမ့္မယ္။ “Bend It Like Beckham”ဆုိတဲ့ ဂုဏ္ပုဒ္နဲ႔အတူ ထင္ရွားခဲ့တဲ့ ဘက္ခမ္ရဲ႕ Free Kick သြင္းဂုိးေတြကုိ ထရစ္ပီယာဟာ ငယ္ငယ္ကတညး္က ႀကိတ္ေၾကြခဲ့ရသူပါ။

trippier-free-kick-against-Croatia

trippier-free-kick-against-Croatia

ငယ္ဘ၀တုန္းက ဘက္ခမ္ရဲ႕ ကစားဟန္ကုိ Youtube ကေန ၾကည့္ၿပီး ဘက္ခမ္လုိ Free Kick ကၽြမ္းက်င္သူျဖစ္ေအာင္ ေန႔စဥ္နာရီေပါင္း မ်ားစြာ ေလ့က်င့္ခဲ့ရသူ ထရစ္ပီယာဟာ အခုအခ်ိန္မွာ ဘက္ခမ္ရဲ႕ ေျခရာကုိ လုိက္နင္းဖုိ႔ အဆင္သင့္ျဖစ္ေနပါၿပီ။ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက ၂၀၁၈ ကမၻာ႔ဖလား ဆီမီးဖုိင္နယ္ပဲြစဥ္ ခ႐ုိေအးရွားအသင္းနဲ႔ပဲြမွာ သြင္းယူခဲ့တဲ့ ထရစ္ပီယာရဲ႕ Free Kick ဂုိးကုိ ပရိသတ္ေတြ မွတ္မိၾကဦးမယ္ ထင္ပါတယ္။ တိက်ေသသပ္တဲ့ ကန္ခ်က္နဲ႔အတူ သြင္းယူခဲ့တဲ့ အဲဒီဂုိးကုိ တခ်ိဳ႕ကလည္း ၂၀၀၂ ကမၻာ႔ဖလားေျခစစ္ပဲြ အုပ္စုေနာက္ဆုံးပဲြတုန္းက ဂရိအသငး္ဘက္ကုိ ဘက္ခမ္ သြင္းခဲ့တဲ့ဂိုးနဲ႔ ႏႈိင္းယွဥ္ၿပီး တင္စားခဲ့ၾကတယ္။

David-Beckham-Freekick-Goal-Against-Greece

David-Beckham-Free kick-Goal-Against-Greece

“တိက်ေသခ်ာတဲ့ Free Kick စြမး္ရည္ရေအာင္ ကၽြန္ေတာ္ ႀကိဳးစားေလ့က်င့္ခဲ့ရပါတယ္။ အဂၤလန္အသင္းအတြက္ ကစားတုန္းက ကၽြန္ေတာ္နဲ႔ အက္ရွ္ေလယန္း Ashley Young တို႔ဟာ ေန႔တိုင္း Free Kick ေလ့က်င့္ခဲ့ၿပီး စပါးအသင္းကုိ ျပန္ေရာက္ေတာ့လည္း ပုံမွန္ေလ့က်င့္ျဖစ္ပါတယ္။ Free Kick အကန္ေကာင္းတာက ကၽြန္ေတာ္နဲ႔ ဟာရီကိန္း Harry Kane တို႔ျဖစ္ၿပီး လူးကပ္စ္ေမာ္ရာ Lucas Moura လည္း ကန္တတ္ပါတယ္။ ကၽြန္ေတာ္ ငယ္ငယ္ကတည္းက Youtube မွာ ဘက္ခမ္ရဲ႕ ကစားပုံကုိ ႏွစ္ေပါင္းမ်ားစြာ ေစာင့္ၾကည့္ခဲ့တာပါ။ အခု ပုိခ်က္တီႏုိ Pochettino က ကၽြန္ေတာ့္ကုိ Free Kick ကန္ဖုိ႔ တာ၀န္ေပးလုိက္တဲ့အတြက္ အရမ္းေပ်ာ္ရႊင္မိပါတယ္”လုိ႔ ထရစ္ပီယာက ၀မ္းသာအားရေျပာၾကားခဲ့တယ္။

trippier-free-kick-against-fulham

trippier-free-kick-against-fulham

ထရစ္ပီယာဟာ ဖူလ္ဟမ္ကုိ အႏုိင္ရခဲ့တဲ့ပဲြမွာ ဖရီးကစ္ကေန ဂုိးသြင္းယူခဲ့ပါေသးတယ္။ အခုဆုိရင္ သူက စပါးအသင္းရဲ႕ Free Kick Specialist အဲရစ္ဆင္ Eriksen ကုိ ေက်ာ္ၿပီး Free Kick ပုံမွန္ကန္ခြင့္ရတဲ့သူ ျဖစ္လာပါၿပီ။ လာမယ့္ပဲြစဥ္ေတြမွာလည္း ေဒးဗစ္ဘက္ခမ္လုိ အလန္းစား Free Kick ဂုိးေတြကုိ ထရစ္ပီယာ ဆက္ၿပီး သြင္းယူႏုိင္မလားဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္လား .. ပရိသတ္ႀကီး

REF:The Sun
Photo:Independent,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Beckham လို Free Kick Specialist ဖြစ်အောင် ငယ်စဉ်ကတည်းက ကြိုးပမ်းခဲ့သူ Trippier

အင်္ဂလန် နာမည်ကျော် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ် David Beckham ဆိုတာက ၁၉၉၀ ကျော် ကာလတွေမှာ အင်္ဂလန်ဘောလုံးလောကရဲ့ လူကြိုက် အများဆုံးကစားသမား၊ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကစားသမားလို့ဆိုရင် မှားမယ် မထင်ပါဘူး။ ဘောလုံးလောကကို ကျောခိုင်းပြီးချိန်မှာ ထင်ပေါ်ကျော်ကြားဆဲဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်လို ကစားသမားမျိုးကို လေးစားအားကျတဲ့သူတွေကလည်း တစ်ပုံတပင်ပါ။ အဲဒီအထဲမှာ အခု စပါးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ ထရစ်ပီယာ Trippier လည်း အပါအဝင်ပါပဲ။ ဘက်ခမ်ရဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်တွေကို ပြောပါဆိုရင် မှော်ဆန်တဲ့ Free Kick ကန်ချက်တွေကို အရင်ပြောရလိမ့်မယ်။ “Bend It Like Beckham”ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ ထင်ရှားခဲ့တဲ့ ဘက်ခမ်ရဲ့ Free Kick သွင်းဂိုးတွေကို ထရစ်ပီယာဟာ ငယ်ငယ်ကတည်းက ကြိတ်ကြွေခဲ့ရသူပါ။

trippier-free-kick-against-Croatia

trippier-free-kick-against-Croatia

ငယ်ဘဝတုန်းက ဘက်ခမ်ရဲ့ ကစားဟန်ကို Youtube ကနေ ကြည့်ပြီး ဘက်ခမ်လို Free Kick ကျွမ်းကျင်သူဖြစ်အောင် နေ့စဉ်နာရီပေါင်း များစွာ လေ့ကျင့်ခဲ့ရသူ ထရစ်ပီယာဟာ အခုအချိန်မှာ ဘက်ခမ်ရဲ့ ခြေရာကို လိုက်နင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ခရိုအေးရှားအသင်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ထရစ်ပီယာရဲ့ Free Kick ဂိုးကို ပရိသတ်တွေ မှတ်မိကြဦးမယ် ထင်ပါတယ်။ တိကျသေသပ်တဲ့ ကန်ချက်နဲ့အတူ သွင်းယူခဲ့တဲ့ အဲဒီဂိုးကို တချို့ကလည်း ၂၀၀၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲတုန်းက ဂရိအသင်းဘက်ကို ဘက်ခမ် သွင်းခဲ့တဲ့ဂိုးနဲ့ နှိုင်းယှဉ်ပြီး တင်စားခဲ့ကြတယ်။

David-Beckham-Freekick-Goal-Against-Greece

David-Beckham-Free kick-Goal-Against-Greece

“တိကျသေချာတဲ့ Free Kick စွမ်းရည်ရအောင် ကျွန်တော် ကြိုးစားလေ့ကျင့်ခဲ့ရပါတယ်။ အင်္ဂလန်အသင်းအတွက် ကစားတုန်းက ကျွန်တော်နဲ့ အက်ရှ်လေယန်း Ashley Young တို့ဟာ နေ့တိုင်း Free Kick လေ့ကျင့်ခဲ့ပြီး စပါးအသင်းကို ပြန်ရောက်တော့လည်း ပုံမှန်လေ့ကျင့်ဖြစ်ပါတယ်။ Free Kick အကန်ကောင်းတာက ကျွန်တော်နဲ့ ဟာရီကိန်း Harry Kane တို့ဖြစ်ပြီး လူးကပ်စ်မော်ရာ Lucas Moura လည်း ကန်တတ်ပါတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက Youtube မှာ ဘက်ခမ်ရဲ့ ကစားပုံကို နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့တာပါ။ အခု ပိုချက်တီနို Pochettino က ကျွန်တော့်ကို Free Kick ကန်ဖို့ တာဝန်ပေးလိုက်တဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်”လို့ ထရစ်ပီယာက ဝမ်းသာအားရပြောကြားခဲ့တယ်။

trippier-free-kick-against-fulham

trippier-free-kick-against-fulham

ထရစ်ပီယာဟာ ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပါသေးတယ်။ အခုဆိုရင် သူက စပါးအသင်းရဲ့ Free Kick Specialist အဲရစ်ဆင် Eriksen ကို ကျော်ပြီး Free Kick ပုံမှန်ကန်ခွင့်ရတဲ့သူ ဖြစ်လာပါပြီ။ လာမယ့်ပွဲစဉ်တွေမှာလည်း ဒေးဗစ်ဘက်ခမ်လို အလန်းစား Free Kick ဂိုးတွေကို ထရစ်ပီယာ ဆက်ပြီး သွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်လိုက်ရအောင်လား .. ပရိသတ်ကြီး

REF:The Sun
Photo:Independent,The Sun
Naing Linn(Akhayar)
www.akhayar.com