[Zawgyi]

ကိုယ္ဝန္ရင့္မာေနခ်ိန္ ေဖာက္ျပန္တဲ့ ရည္းစားကို Khloe Kardashian ဘာလို႔ ခြင့္လႊတ္လိုက္လဲ?

မိန္းမသားဆိုတာ ကိုယ့္ခ်စ္သူရဲ႕ ဂ႐ုစိုက္မႈခ်စ္ျခင္းေမတၱာေတြကို ကိုယ္တစ္ဦးတစ္ေယာက္တည္းဆီမွာပဲ ပံုအပ္ေစခ်င္သူမ်ိဳးပါ။ တစ္သက္မွာတစ္ခါ ေသမင္းနဲ႔စစ္ခင္းရတဲ့ ကိုယ္ဝန္ေဆာင္သည္ဘဝမ်ိဳးမွာဆို ပိုလို႔ေတာင္ ခ်စ္သူခင္ပြန္းသည္ကို အားကိုးစိတ္ျဖစ္မိတတ္သူပါ။

ဒါေပမယ့္ နာမည္ေက်ာ္ၾကား ေအာင္ျမင္သူတစ္ေယာက္ဘဝကို ပိုင္ဆိုင္ခဲ့ၿပီး ဒိတ္ဒိတ္က်ဲ Kardashian မ်ိဳးႏြယ္ဝင္ျဖစ္သူ Khloe Kardashian ကေတာ့ အခ်စ္ေရး ကံမေကာင္းရွာပါဘူး။ အေၾကာင္းကေတာ့ သူမရဲ႕ အတူေနခ်စ္သူ နာမည္ေက်ာ္ NBA ဘတ္စကတ္ေဘာကစားသမား Tristan Thompson တစ္ေယာက္ Khloe ကိုယ္ဝန္အရင့္အမာရွိေနခဲ့ခ်ိန္မွာေတာင္ ေနာက္ထပ္မိန္းမေတြအမ်ားႀကီးနဲ႔ ေပြရႈပ္ရံုသာမက သူနဲ႔အႀကီးအက်ယ္ သတင္းေတြထြက္ေနတဲ့ မထင္မရွား Model Lani Blair နဲ႔လည္း ဇာတ္လမ္းေတြရွိေနခဲ့မွန္း သတင္းေတြထြက္ေပၚလာတာေၾကာင့္ျဖစ္ပါတယ္။

ေအာင္ျမင္မႈအရွိန္အဝါႀကီးသေလာက္ ခပ္ေခ်ေခ်မိသားစုျဖစ္တဲ့ Kardishian မ်ိဳးႏြယ္ဝင္ ေမေမေလာင္း Khloe တစ္ေယာက္ကေတာ့ အံ့ၾသစရာေကာင္းေလာက္ေအာင္ကို ဒီအျဖစ္အပ်က္တစ္ခုလံုးကို ျပည္ဖံုးကားခ်ၿပီး Tristan ကို ခြင့္လႊတ္ေပးခဲ့ပါသတဲ့။

အဲ့ဒီေလာက္ ဆိုးရြားတဲ့ အျပဳအမူ ေဖာက္ျပန္မႈႀကီးကိုေတာင္ ခြင့္လႊတ္ေပးလိုက္ရတဲ့ အေၾကာင္းအရင္းကေတာ့ တကယ့္ အံ့မခန္းပါပဲ။ သူမ ရွိရက္နဲ႔ ေဖာက္ျပန္ေနတဲ့ Tristan နဲ႔ ေနာက္ထပ္ကေလးတစ္ေယာက္လိုခ်င္ေသးလို႔ပါတဲ့။

Khloe နဲ႔ Tristan တို႔ဟာ ၂၀၁၈ ဧၿပီလထဲမွာပဲ True Thompson ဆိုတဲ့ သမီးေခ်ာေလးကို ေမြးဖြားခဲ့တာျဖစ္ၿပီး အဲ့လိုေဖာက္ျပန္မွန္းသိခဲ့ၿပီးေနာက္ Khloe တစ္ေယာက္ Tristan ကို သူမမ်က္လံုးေအာက္မွာဘဲ ထားကာ စားအတူ၊ သြားအတူ၊ TV ၾကည့္ရင္ေတာင္ သူမေဘးနားတူတူၾကည့္ေစခဲ့ၿပီး ဘာလုပ္လုပ္ Tristan ေဘးမွာ အရိပ္တၾကည့္ၾကည့္ေနခဲ့ရပါတယ္တဲ့။

ဒါေပမယ့္ ေပြရႈပ္တတ္သူ Tristan ကေတာ့ Khloe တစ္ေယာက္သမီးေလး True ကို သိပ္ရတဲ့အခ်ိန္တစ္နာရီေလာက္မွာေတာင္ Lani Blair နဲ႔ Facetime ေတြေျပာေနခဲ့တာျဖစ္ပါတယ္။ အဲ့ဒီ Facetime ထဲမွာ Lani နဲ႔ Cleveland ကို တူတူျပန္ဖို႔ မေစာင့္ႏိုင္ေတာ့တဲ့ အေၾကာင္းေတြ၊ Khloe တစ္ေယာက္ သူ႔ကို ဘယ္ေလာက္ထိ ခ်ဳပ္ခ်ယ္ေနတဲ့အေၾကာင္းေတြ ေျပာျပဦးမယ္လို႔ ေျပာၾကားခဲ့ပါတယ္တဲ့။

Tristan ကေတာ့ Khloe နဲ႔ျပတ္လည္း ေအးေဆးျဖစ္ေနေပမယ့္ Khloe ကေတာ့ ဒီေယာက္်ားမွ ဒီေယာက္်ားျဖစ္ေနပံုပါပဲ။ ခုခ်ိန္မွာေတာ့ Khloe နဲ႔ Tristan တို႔ဟာ တိတ္တဆိတ္ေစ့စပ္ခဲ့ၿပီး Khloe အေနနဲ႔ မၾကာခင္မွာ Tristan နဲ႔ လက္ထပ္ဖို႔ထိ စိတ္လႈပ္ရွားေနပါၿပီလို႔ ၾကားသိရပါတယ္။

Kardashian တစ္မိသားစုလံုး နဲ႔ Khloe ရဲ႕ သူငယ္ခ်င္းေတြ အႀကီးအက်ယ္ဆန္႔က်င္ေနတဲ့ၾကားက Khloe တစ္ေယာက္ကေတာ့ Tristan ကို သူမဘယ္ေလာက္ယံုၾကည္ေၾကာင္း သူသိေစခ်င္တဲ့အတြက္ Tristan ရဲ႕ ပိုင္ဆိုင္မႈေတြနဲ႔ပတ္သက္ၿပီး တစ္ခ်က္ေတာင္မေမးခဲ့ပါဘူးတဲ့။ ဒီမဂၤလာပြဲကိုလည္း ဘယ္သူတားတားမျဖစ္ျဖစ္ေအာင္ဆင္ႏႊဲဖို႔ အခ်စ္ႀကီးသူ Khloe တစ္ေယာက္ေတာ့ တဇြတ္ထိုး ေရွ႕ဆက္ေနပါၿပီ။

ေယာက္်ားတစ္ေယာက္ ေျခမၿငိမ္ဘဲ မိန္းမမ်ိဳးစံုနဲ႔ ေပြေန၊ ရႈပ္ေနတာကို သိရက္နဲ႔ ကေလးတစ္ေယာက္ထပ္လိုခ်င္လို႔ အရာရာနားလည္ခြင့္လႊတ္ခဲ့တဲ့ Khloe ကေတာ့ အခ်စ္ႀကီးတဲ့ေနရာမွာ စံတင္ေလာက္စရာပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

ကိုယ်ဝန်ရင့်မာနေချိန် ဖောက်ပြန်တဲ့ ရည်းစားကို Khloe Kardashian ဘာလို့ ခွင့်လွှတ်လိုက်လဲ?

မိန်းမသားဆိုတာ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှုချစ်ခြင်းမေတ္တာတွေကို ကိုယ်တစ်ဦးတစ်ယောက်တည်းဆီမှာပဲ ပုံအပ်စေချင်သူမျိုးပါ။ တစ်သက်မှာတစ်ခါ သေမင်းနဲ့စစ်ခင်းရတဲ့ ကိုယ်ဝန်ဆောင်သည်ဘဝမျိုးမှာဆို ပိုလို့တောင် ချစ်သူခင်ပွန်းသည်ကို အားကိုးစိတ်ဖြစ်မိတတ်သူပါ။

ဒါပေမယ့် နာမည်ကျော်ကြား အောင်မြင်သူတစ်ယောက်ဘဝကို ပိုင်ဆိုင်ခဲ့ပြီး ဒိတ်ဒိတ်ကျဲ Kardashian မျိုးနွယ်ဝင်ဖြစ်သူ Khloe Kardashian ကတော့ အချစ်ရေး ကံမကောင်းရှာပါဘူး။ အကြောင်းကတော့ သူမရဲ့ အတူနေချစ်သူ နာမည်ကျော် NBA ဘတ်စကတ်ဘောကစားသမား Tristan Thompson တစ်ယောက် Khloe ကိုယ်ဝန်အရင့်အမာရှိနေခဲ့ချိန်မှာတောင် နောက်ထပ်မိန်းမတွေအများကြီးနဲ့ ပွေရှုပ်ရုံသာမက သူနဲ့အကြီးအကျယ် သတင်းတွေထွက်နေတဲ့ မထင်မရှား Model Lani Blair နဲ့လည်း ဇာတ်လမ်းတွေရှိနေခဲ့မှန်း သတင်းတွေထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။

အောင်မြင်မှုအရှိန်အဝါကြီးသလောက် ခပ်ချေချေမိသားစုဖြစ်တဲ့ Kardishian မျိုးနွယ်ဝင် မေမေလောင်း Khloe တစ်ယောက်ကတော့ အံ့သြစရာကောင်းလောက်အောင်ကို ဒီအဖြစ်အပျက်တစ်ခုလုံးကို ပြည်ဖုံးကားချပြီး Tristan ကို ခွင့်လွှတ်ပေးခဲ့ပါသတဲ့။

အဲ့ဒီလောက် ဆိုးရွားတဲ့ အပြုအမူ ဖောက်ပြန်မှုကြီးကိုတောင် ခွင့်လွှတ်ပေးလိုက်ရတဲ့ အကြောင်းအရင်းကတော့ တကယ့် အံ့မခန်းပါပဲ။ သူမ ရှိရက်နဲ့ ဖောက်ပြန်နေတဲ့ Tristan နဲ့ နောက်ထပ်ကလေးတစ်ယောက်လိုချင်သေးလို့ပါတဲ့။

Khloe နဲ့ Tristan တို့ဟာ ၂၀၁၈ ဧပြီလထဲမှာပဲ True Thompson ဆိုတဲ့ သမီးချောလေးကို မွေးဖွားခဲ့တာဖြစ်ပြီး အဲ့လိုဖောက်ပြန်မှန်းသိခဲ့ပြီးနောက် Khloe တစ်ယောက် Tristan ကို သူမမျက်လုံးအောက်မှာဘဲ ထားကာ စားအတူ၊ သွားအတူ၊ TV ကြည့်ရင်တောင် သူမဘေးနားတူတူကြည့်စေခဲ့ပြီး ဘာလုပ်လုပ် Tristan ဘေးမှာ အရိပ်တကြည့်ကြည့်နေခဲ့ရပါတယ်တဲ့။

ဒါပေမယ့် ပွေရှုပ်တတ်သူ Tristan ကတော့ Khloe တစ်ယောက်သမီးလေး True ကို သိပ်ရတဲ့အချိန်တစ်နာရီလောက်မှာတောင် Lani Blair နဲ့ Facetime တွေပြောနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ Facetime ထဲမှာ Lani နဲ့ Cleveland ကို တူတူပြန်ဖို့ မစောင့်နိုင်တော့တဲ့ အကြောင်းတွေ၊ Khloe တစ်ယောက် သူ့ကို ဘယ်လောက်ထိ ချုပ်ချယ်နေတဲ့အကြောင်းတွေ ပြောပြဦးမယ်လို့ ပြောကြားခဲ့ပါတယ်တဲ့။

Tristan ကတော့ Khloe နဲ့ပြတ်လည်း အေးဆေးဖြစ်နေပေမယ့် Khloe ကတော့ ဒီယောက်ျားမှ ဒီယောက်ျားဖြစ်နေပုံပါပဲ။ ခုချိန်မှာတော့ Khloe နဲ့ Tristan တို့ဟာ တိတ်တဆိတ်စေ့စပ်ခဲ့ပြီး Khloe အနေနဲ့ မကြာခင်မှာ Tristan နဲ့ လက်ထပ်ဖို့ထိ စိတ်လှုပ်ရှားနေပါပြီလို့ ကြားသိရပါတယ်။

Kardashian တစ်မိသားစုလုံး နဲ့ Khloe ရဲ့ သူငယ်ချင်းတွေ အကြီးအကျယ်ဆန့်ကျင်နေတဲ့ကြားက Khloe တစ်ယောက်ကတော့ Tristan ကို သူမဘယ်လောက်ယုံကြည်ကြောင်း သူသိစေချင်တဲ့အတွက် Tristan ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး တစ်ချက်တောင်မမေးခဲ့ပါဘူးတဲ့။ ဒီမင်္ဂလာပွဲကိုလည်း ဘယ်သူတားတားမဖြစ်ဖြစ်အောင်ဆင်နွှဲဖို့ အချစ်ကြီးသူ Khloe တစ်ယောက်တော့ တဇွတ်ထိုး ရှေ့ဆက်နေပါပြီ။

ယောက်ျားတစ်ယောက် ခြေမငြိမ်ဘဲ မိန်းမမျိုးစုံနဲ့ ပွေနေ၊ ရှုပ်နေတာကို သိရက်နဲ့ ကလေးတစ်ယောက်ထပ်လိုချင်လို့ အရာရာနားလည်ခွင့်လွှတ်ခဲ့တဲ့ Khloe ကတော့ အချစ်ကြီးတဲ့နေရာမှာ စံတင်လောက်စရာပါပဲ။

EiEiKhineMinn (Akhayar)