[Zawgyi]









ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

မေမေ့ရဲ့မွေးနေ့ Surprise ပန်းတွေကို သဘောကျနေတဲ့ ခေတ်နဲ့သစ်

ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ချစ်သုဝေရဲ့မွေးနေ့ကို ခင်လေးနွယ်နဲ့ ဒီဇိုင်နာ မပုံ့တို့က Surprise လုပ်ခဲ့ကြပါတယ်။ အခုလို Surprise လုပ်ဖို့အတွက်ကိုတော့ အိမ်အထိသွားရောက်ခဲ့ကြပေမယ့်လည်း မေမေလှလှ နဲ့တောင် ဓါတ်ပုံမရိုက်ခဲ့ရဘူး ဆိုပြီးတော့လည်း ခင်လေးနွယ် က သူမရဲ့လူမှုကွန်ရက်မှာတင်ထားတာကိုတွေ့ရပါတယ်။

“Happy Birthday Par မေမေလှလှ ရေ Chit Thu Wai

မေမေ့ကို Birthday surprise လုပ်ဖို့သွားတာ မေမေနဲ့တော့ ပုံမရခဲ့ဘူး ”

မွေးနေ့မှာတောင် မေမေကသမီးနှစ်ယောက်ပဲ အချိန်တွေကုန်နေတာကိုလည်း အခုလိုတွေ့မြင်ရပါသေးတယ်။ ခေတ်နဲ့သစ်တို့ နှစ်ယောက်ကလည်း ခင်လေးနွယ်နဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဆော့ကစားလို့နေပါသေးတယ်။

ပန်းစည်းတွေသယ်လာတဲ့ အတွက် ပန်းစည်းတွေကိုလည်း စိတ်ဝင်စားကြတဲ့ ခေတ်နဲ့သစ်ကိုလည်း တွေ့မြင်ရမှာပါ။ မိန်းကလေးတွေဆိုတော့လည်း ပန်းမြင်ရင် နှစ်သက်ကြတဲ့ သဘာဝလေးကလည်း ရှိတော့ ခေတ်နဲ့သစ် လည်း ပန်းစည်း ကိုသဘောကျပုံ ရပါတယ်။

မွေးနေ့ရှင် မေမေ ကိုတော့ မွေးနေ့ကစလို့ နောင်နှစ်ပေါင်း ၁၂၀ တိုင်တိုင် ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်နဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit: Khin Lay Nwe Facebook

ကြည်သာ (Akhayar)

www.akhayar.com