[Zawgyi]

ကားသံုးစီးဆင့္တိုက္တဲ့ ယာဥ္မေတာ္တဆမႈျဖစ္စဥ္မွာ ကားအက္ဆီးဒင့္ျဖစ္ခဲ့တဲ့ ခိုင္ႏွင္းေဝ

သရုပ္ေဆာင္ခိုင္ႏွင္းေဝအေနနဲ႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ည ၁၁ နာရီ ၄၀ မိနစ္ခန္႔က သာေကတ၊ ဧရာဝဏ္လမ္းမွာ ကားအက္ဆီးဒင့္တစ္ခုျဖစ္ခဲ့ေပမယ့္ ထိခိုက္မႈႀကီးႀကီးမားမားမျဖစ္ခဲ့ဘူးလုိ႔ သူရဲ႕ေဖ့ဘုတ္စာမ်က္ႏွာထက္ကေန အသိေပးေျပာျပထားပါတယ္။ ရႈတင္မရွိတဲ့ရက္မွာ အေမကိုေဆးခန္းလိုက္ပို႔ၿပီး အျပန္ကားအက္ဆီးဒင့္ျဖစ္ခဲ့ၿပီး၊ ႀကီးႀကီးမားမားထိခိုက္မႈ ဘာမွမရွိတဲ့အတြက္ ပရိသတ္ေတြစိတ္မပူၾကဖို႔ကို ေရးသားထားတာျဖစ္ပါတယ္။

” ဒီေန႔တစ္ရက္ေန႔႐ႈတင္မ႐ွိေတာ့ အေမ့ကိုေဆးခန္းလိုက္ပို႔ေပးၿပီး ကိုေနမင္း ၊သြန္းဆက္တို႔နဲ႔ ေဟာ့ေပါ့စားၿပီးအျပန္ ဧရာဝဏ္လမ္းမွာျဖစ္တာပါ။ အျပန္လမ္းတစ္ဖက္ယာဥ္ေက်ာမွာ လူတစ္ေယာက္က ကားတိုက္ခံရလို႔ ေသေနတာ။ အဲဒီလူကို ကားေတြကတစ္စီးၿပီးတစ္စီစီးတက္ႀကိတ္ေနလို႔ ေဘးကလူေတြက လာတဲ့ကားေတြကို ဝိုင္းတားေနတယ္။ အဲဒီမွာ ကၽြန္မကားကိုလဲ လမ္းလည္ေခါင္ကေနတားေနေတာ့ ကၽြန္မကလွည့္ကင္းမ်ားလားမသိဘူးဆိုၿပီး အရွိန္ေလ်ာ့ၿပီး ရပ္လိုက္တယ္။ လူ႐ႈပ္ေနေတာ့ အဲဒီနားကလူေတြက ကားကိုလွမ္းတားၿပီး ျဖည္းျဖည္းေမာင္းဖို႔ေျပာတာနဲ႔ အရွိန္ေလ်ွာ့ပီးလမ္းေဘးကိုထိုးရပ္ခါနီး အေနာက္က သဲေတြေက်ာက္ေတြသယ္တဲ့ကားက အရွိန္ျပင္းျပင္းနဲ႔တိုက္လိုက္ေတာ့ အေ႐ွ႕က Taxi ကိုပါ အရွိန္မထိန္းႏိုင္ပဲ ဝင္တိုက္မိပါတယ္။ အေစာကတည္းက လူတစ္ေယာက္က ကားတိုက္ခံရလို႔ေသေနတာပါ။ အေနာက္ကကားက အရွိန္နဲ႔တိုက္ေတာ့ ကားသံုးဆင့္တိုက္သလို ျဖစ္သြားတာပါ။ အခုေတာ့ တစ္ကိုယ္လံုးနာေနတယ္။ အေမကေတာ့ ႏွာေခါင္းနည္းနည္းထိတယ္။ အိမ္ကေကာင္မေလးက တံေတာင္ဆစ္ပြန္းတာေ လာက္ပါပဲ။ စိတ္ပူေပးေနၾကသူမ်ားကို ေက်းဇူးပါရွင္” လို႔ သူမရဲ႕ေဖ့ဘုတ္စာမ်က္ႏွာထက္ကေန အသိေပးထားတာျဖစ္ပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကားသုံးစီးဆင့်တိုက်တဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ ကားအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေအနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ည ၁၁ နာရီ ၄၀ မိနစ်ခန့်က သာကေတ၊ ဧရာဝဏ်လမ်းမှာ ကားအက်ဆီးဒင့်တစ်ခုဖြစ်ခဲ့ပေမယ့် ထိခိုက်မှုကြီးကြီးမားမားမဖြစ်ခဲ့ဘူးလို့ သူရဲ့ဖေ့ဘုတ်စာမျက်နှာထက်ကနေ အသိပေးပြောပြထားပါတယ်။ ရှုတင်မရှိတဲ့ရက်မှာ အမေကိုဆေးခန်းလိုက်ပို့ပြီး အပြန်ကားအက်ဆီးဒင့်ဖြစ်ခဲ့ပြီး၊ ကြီးကြီးမားမားထိခိုက်မှု ဘာမှမရှိတဲ့အတွက် ပရိသတ်တွေစိတ်မပူကြဖို့ကို ရေးသားထားတာဖြစ်ပါတယ်။

” ဒီနေ့တစ်ရက်နေ့ရှုတင်မရှိတော့ အမေ့ကိုဆေးခန်းလိုက်ပို့ပေးပြီး ကိုနေမင်း ၊သွန်းဆက်တို့နဲ့ ဟော့ပေါ့စားပြီးအပြန် ဧရာဝဏ်လမ်းမှာဖြစ်တာပါ။ အပြန်လမ်းတစ်ဖက်ယာဉ်ကျောမှာ လူတစ်ယောက်က ကားတိုက်ခံရလို့ သေနေတာ။ အဲဒီလူကို ကားတွေကတစ်စီးပြီးတစ်စီစီးတက်ကြိတ်နေလို့ ဘေးကလူတွေက လာတဲ့ကားတွေကို ဝိုင်းတားနေတယ်။ အဲဒီမှာ ကျွန်မကားကိုလဲ လမ်းလည်ခေါင်ကနေတားနေတော့ ကျွန်မကလှည့်ကင်းများလားမသိဘူးဆိုပြီး အရှိန်လျော့ပြီး ရပ်လိုက်တယ်။ လူရှုပ်နေတော့ အဲဒီနားကလူတွေက ကားကိုလှမ်းတားပြီး ဖြည်းဖြည်းမောင်းဖို့ပြောတာနဲ့ အရှိန်လျှော့ပီးလမ်းဘေးကိုထိုးရပ်ခါနီး အနောက်က သဲတွေကျောက်တွေသယ်တဲ့ကားက အရှိန်ပြင်းပြင်းနဲ့တိုက်လိုက်တော့ အရှေ့က Taxi ကိုပါ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိပါတယ်။ အစောကတည်းက လူတစ်ယောက်က ကားတိုက်ခံရလို့သေနေတာပါ။ အနောက်ကကားက အရှိန်နဲ့တိုက်တော့ ကားသုံးဆင့်တိုက်သလို ဖြစ်သွားတာပါ။ အခုတော့ တစ်ကိုယ်လုံးနာနေတယ်။ အမေကတော့ နှာခေါင်းနည်းနည်းထိတယ်။ အိမ်ကကောင်မလေးက တံတောင်ဆစ်ပွန်းတာေ လာက်ပါပဲ။ စိတ်ပူပေးနေကြသူများကို ကျေးဇူးပါရှင်” လို့ သူမရဲ့ဖေ့ဘုတ်စာမျက်နှာထက်ကနေ အသိပေးထားတာဖြစ်ပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။