[Zawgyi]






www.akhayar.com


[Unicode]

မေမေစိတ်ချမ်းသာရင် အိမ်ထောင်ပြုမယ်ဆိုလည်း ခွင့်ပြုတယ်ဆိုတဲ့ ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလ

အကယ်ဒမီခင်ဇာခြည်ကျော်ရဲ့သားဖြစ်သူ ‘ဘုန်းမင်းနေလ’ ဟာ ဒီနှစ်ထဲမှာပဲ အနုပညာအလုပ်တွေကို လုပ်တော့မယ်လို့ သိရပါတယ်။ အနုပညာအလုပ်တွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှု၊ ခံယူချက်သဘောထားနဲ့ပတ်သက်ပြီး အခုလိုမေးဖြစ်ခဲ့တာတွေကတော့… “ဒီ ၂၀၁၈ မှာပဲ ကျွန်တော့်အနုပညာတွေကို ချပြသွားဖို့ရှိပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်လေ့လာထားတာတွေ အများကြီးရှိပါတယ်။ ဇာတ်ကားတွေ အများကြီးကြည့်ဘူးပါတယ်။ ကြည့်ရင်လည်း အပေါ်ယံကြည့်တာမဟုတ်ပဲ အသေးစိတ်ကို သေချာလေး မျက်လုံးအမူအယာ၊ စကားပြောတာတွေကအစ သေသေချာချာလေ့လာဖြစ်ပါတယ်”

အနုပညာကို ကိုယ်တိုင်သဘောကျလို့လား၊ မေမေလုပ်စေချင်လို့လား၊ ပေါ်ပင်ဖြစ်ချင်လို့လုပ်တာလားဆိုတော့..  “မေမေက အနုပညာအလုပ်ကို သေချာလေးလုပ်စေချင်တယ်။ ပေါ့ပျက်ပျက်မလုပ်စေချင်ဘူး။ ပေါ်ပင်မလုပ်စေချင်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုစိတ်မျိုး လုံးဝမရှိဘူး။ အမေဟာ ကျွန်တော်ရဲ့စံပြပဲ”

မိခင်ဖြစ်သူနောက်အိမ်ထောင်ပြုမယ်ဆိုရင် ကိုယ့်ဘက်ကကြည်ဖြူနိုင်မှာလားဆိုတော့…
“မေမေပျော်တာကိုပဲ မြင်ချင်တယ်။ မေမေအိမ်ထောင်ပြုမယ်ဆိုရင်လည်း ကျွန်တော်ခွင့်ပြုမှာပါ။ မေမေစိတ်ချမ်းသာရင်ပြီးတာပဲ”

သရုပ်ဆောင်လမ်းကြောင်းပေါ်မှာ ကိုယ့်ကိုကိုယ် အောင်မြင်မယ်လို့ယုံကြည်မှုရှိလားလို့ဆိုတဲ့အခါ..
“ကျွန်တော်က ဘယ်အရာမဆို မလုပ်ချင်ရင် ဘယ်တော့မှမလုပ်ဘူး။ လုပ်ရင်လည်း အောင်မြင်အောင်ပဲလုပ်ချင်တယ်။ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် သေသေချာချာလုပ်တတ်တယ်။ ခင်ဇာခြည် ကျော်ရဲ့သားဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် အမေ့ရဲ့ပံ့ပိုးမှုနဲ့ ကျွန်တော့်ရဲ့ကြိုးစားမှုနဲ့ ပေါင်းလိုက် မယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” လို့ဆိုပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။