[Zawgyi]

Gym မွာ အားကစားအၿပိဳင္အဆိုင္လုပ္ေနၾကတဲ့ ခင္ဝင့္ဝါ နဲ႔ဝိုင္းေလး တို႔ သူငယ္ခ်င္း နွစ္ေယာက္

ခင္ဝင့္ဝါနဲ႔ ဝိုင္းေလး တို႕နွစ္ေယာက္ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ သိပ္ကိုခ်စ္ၾကတဲ့ သူငယ္ခ်င္းနွစ္ေယာက္ျဖစ္ပါတယ္။ သူတို႔နွစ္ေယာက္ဟာ တစ္ေယာက္က အဆိုေတာ္ ၊ တစ္ေယာက္ က ေမာ္ဒယ္ သရုပ္ေဆာင္ ဆိုေပမယ့္လည္း နွစ္ေယာက္လံုးက ခင္ခင္မင္မင္နဲ႔ တစ္တြဲတြဲ လုပ္ၾကတာကိုလည္းအျမဲလိုလိုေတြ႔ရတတ္ပါတယ္။

အခုလည္း ဝိုင္းေလး က Gym ေဆာ့ေနတဲ့ ပံုေတြကို သူမရဲ ႔လူမႈကြန္ရက္မွာတင္ထားသလို ခင္ဝင့္ဝါကလည္း သူမရဲ ႔လူမႈကြန္ရက္ေပၚမွာ Gym ကစားေနတဲ့ ပံုေတြကိုတင္ထားတာေတြ႕ရပါတယ္။ တင္ထားတဲ့ ပံုေတြကိုၾကည့္လိုက္ရင္ ေနရာတူတယ္ဆိုတာကိုလည္း သိနိုင္ပါတယ္။

ခင္ဝင့္ဝါကေတာ့ Gym ကိုေရာက္ေနတဲ့ ဆိုတဲ့ ပံုေလးနဲ႔ စာေလးတစ္ေၾကာင္းကို အခုလိုတင္ထားတာပါ။”ကိုယ့္ရဲ႕super power က Gym ေရာက္ ၿပီးအားကစားမလုပ္ရေသးခင္ ေခၽြးထြက္တာဘဲ” ဆိုၿပီးေတာ့ ေရးထားတာျဖစ္ပါတယ္။

ဝိုင္းေလးကေတာ့ Gym ေဆာ့တာနဲ႔ပတ္သက္ၿပီးေတာ့ ေကာင္းတယ္ဆိုတဲ့ အေၾကာင္းေလးကို အခုလိုေရးထားတာေတြ႔ရပါတယ္။

“GYM ေဆာ့ပါ

အသားရည္ ၾကည္ေစတယ္
စိတ္ကို လန္းဆန္းတက္ႂကြေစတယ္
က်န္းမာလွပတဲ့ ခႏၶာကိုယ္နဲ႔ ယံုၾကည္မႈ ရွိေစတယ္
ေရမ်ားမ်ားေသာက္ျဖစ္တယ္
ညဘက္ ေစာအိပ္ေစတယ္
မိတ္ေဆြပတ္ဝန္းက်င္ အသစ္ရေစတယ္

ေကာင္းက်ိဳးေတြ မ်ားႀကီးေနာ္


Gym မသြားျဖစ္ေတာင္ ကိုယ္လက္ လႈပ္ရွား လုပ္ၾကဖို႔ မွာခ်င္တယ္  ကိုယ္ ဆက္တိုက္ေဆာ့ေနတာ ၃လ ရွိၿပီ အဲ့ေနာက္ပိုင္း ကိုယ္အရမ္း ေပ်ာ္လာတာၾကည့္” ဆိုၿပီးျဖစ္ပါတယ္။

Photo Credit:Wint Yee Shunn Facebook ၊ Khin Wint Wah Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

Gym မှာ အားကစားအပြိုင်အဆိုင်လုပ်နေကြတဲ့ ခင်ဝင့်ဝါ နဲ့ဝိုင်းလေး တို့ သူငယ်ချင်း နှစ်ယောက်

ခင်ဝင့်ဝါနဲ့ ဝိုင်းလေး တို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်က အဆိုတော် ၊ တစ်ယောက် က မော်ဒယ် သရုပ်ဆောင် ဆိုပေမယ့်လည်း နှစ်ယောက်လုံးက ခင်ခင်မင်မင်နဲ့ တစ်တွဲတွဲ လုပ်ကြတာကိုလည်းအမြဲလိုလိုတွေ့ရတတ်ပါတယ်။

အခုလည်း ဝိုင်းလေး က Gym ဆော့နေတဲ့ ပုံတွေကို သူမရဲ့လူမှုကွန်ရက်မှာတင်ထားသလို ခင်ဝင့်ဝါကလည်း သူမရဲ့လူမှုကွန်ရက်ပေါ်မှာ Gym ကစားနေတဲ့ ပုံတွေကိုတင်ထားတာတွေ့ရပါတယ်။ တင်ထားတဲ့ ပုံတွေကိုကြည့်လိုက်ရင် နေရာတူတယ်ဆိုတာကိုလည်း သိနိုင်ပါတယ်။

ခင်ဝင့်ဝါကတော့ Gym ကိုရောက်နေတဲ့ ဆိုတဲ့ ပုံလေးနဲ့ စာလေးတစ်ကြောင်းကို အခုလိုတင်ထားတာပါ။”ကိုယ့်ရဲ့super power က Gym ရောက် ပြီးအားကစားမလုပ်ရသေးခင် ချွေးထွက်တာဘဲ” ဆိုပြီးတော့ ရေးထားတာဖြစ်ပါတယ်။

ဝိုင်းလေးကတော့ Gym ဆော့တာနဲ့ပတ်သက်ပြီးတော့ ကောင်းတယ်ဆိုတဲ့ အကြောင်းလေးကို အခုလိုရေးထားတာတွေ့ရပါတယ်။

“GYM ဆော့ပါ

အသားရည် ကြည်စေတယ်
စိတ်ကို လန်းဆန်းတက်ကြွစေတယ်
ကျန်းမာလှပတဲ့ ခန္ဓာကိုယ်နဲ့ ယုံကြည်မှု ရှိစေတယ်
ရေများများသောက်ဖြစ်တယ်
ညဘက် စောအိပ်စေတယ်
မိတ်ဆွေပတ်ဝန်းကျင် အသစ်ရစေတယ်

ကောင်းကျိုးတွေ များကြီးနော်


Gym မသွားဖြစ်တောင် ကိုယ်လက် လှုပ်ရှား လုပ်ကြဖို့ မှာချင်တယ် ကိုယ် ဆက်တိုက်ဆော့နေတာ ၃လ ရှိပြီ အဲ့နောက်ပိုင်း ကိုယ်အရမ်း ပျော်လာတာကြည့်” ဆိုပြီးဖြစ်ပါတယ်။

Photo Credit:Wint Yee Shunn Facebook ၊ Khin Wint Wah Facebook

ကြည်သာ (Akhayar)

www.akhayar.com