[Zawgyi]

ကမ္းလွမ္းလာတဲ႔ ဇာတ္ကားတုိင္းကို ဘာေၾကာင္႔ ခင့္ဝင္႔ဝါလက္မခံေတာ႔တာလဲ

ေခးေလးလို႔ ပရိသတ္ေတြေခၚၾကတဲ့ ခ်စ္စရာေကာင္းတဲ့သရုပ္ေဆာင္ခင္ဝင့္ဝါက သရုပ္ေဆာင္တဲ့ပညာကိုေလ့လာသင္ယူဖုိ႔ အမ်ားႀကီးလုိအပ္ေနပါေသးတယ္လို႔ ေျပာလာပါတယ္။ ခင္ဝင့္ဝါက ဗီဒီယိုဇာတ္ကားေတြသာမက ရုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္သရုပ္ထားၿပီး၊ လာကမ္းလွမ္းတဲ့ဇာတ္ကားတိုင္းကို လက္မခံျဖစ္ေၾကာင္းကိုလည္း “ညီမသရုပ္ေဆာင္တဲ့အပိုင္းမွာ အမ်ားႀကီးလိုအပ္ေနပါေသးတယ္။ ေလ့လာဖို႔လည္း အမ်ားႀကီးလိုအပ္တယ္။ ညီမကို လာကမ္းလွမ္းတဲ့ဇာတ္ေတြကလည္း ညီမနဲ႔လိုက္ဖက္တဲ့ လူငယ္ဆန္ဆန္ဇာတ္ေကာင္ေလးေတြ၊ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးပံုစံေလးေတြနဲ႔ လာငွားတာမ်ားတယ္။ တခ်ိဳ႕ကက်ေတာ့လည္း လုပ္ကြက္ရွိတယ္ေပ့ါ။ တခ်ိဳ႕ကက်ေတာ့လည္း လုပ္ကြက္နည္းတယ္။ ေနာက္ပိုင္း ညီမကို လာကမ္းလွမ္းတဲ့ ဇာတ္ကားတိုင္းကို မရိုက္ျဖစ္ေတာ့ဘူး။ ညီမလည္း လုပ္ကြက္ရွိမယ္။ ပညာရမယ္ဆိုတဲ့ ဇာတ္ေကာင္ေလးေတြဆိုရင္ ရိုက္ျဖစ္တယ္။ဒရာမာဇာတ္ေလးေတြေပ့ါ။ ဒရာမာဆိုေပမယ့္လည္း ဟဲဗီးဒရာမာေတြေတာ့ မဟုတ္ဘူးေပ့ါ။ ကိုယ္တတ္ႏုိင္တဲ့ဇာတ္ေကာင္ကိုေတာ့ အေကာင္းဆံုးျဖစ္ေအာင္ေတာ့ ေသခ်ာသရုပ္ေဆာင္ျဖစ္ပါတယ္။ ရိုက္ထားၿပီးသား ရုပ္ရွင္ကားႀကီးေတြလည္းရွိတယ္။ ထြက္လာရင္အားေပးၾကပါဦး” လို႔ ေျပာပါတယ္။

သရုပ္ေဆာင္သစ္ေတြမ်ားတဲ့ေခတ္မွာ သရုပ္ေဆာင္တစ္ေယာက္ျဖစ္လာတဲ့အတြက္ သရုပ္ေဆာင္ပိုင္းနဲ႔ပတ္သက္ၿပီး အရမ္းကိုႀကိဳးစားရေၾကာင္းကို“သရုပ္ေဆာင္တစ္ေယာက္ျဖစ္ေတာ့ ပိုႀကိဳးစားရတဲ့အပိုင္းေတြေတာ့ရွိတာေပါ့။ ေနာက္တစ္ခုက သရုပ္ေဆာင္ပညာက အရမ္းကိုခက္ခဲပါတယ္။ ရလာတဲ့ဇာတ္ေကာင္ကို အေကာင္းဆံုး အတတ္ႏိုင္ဆံုး အပီျပင္ဆံုးျဖစ္ေအာင္လုပ္ရတာေပါ့ေနာ္။ ဒါရိုက္တာေတြကလည္း သရုပ္ေဆာင္ေကာင္းတဲ့သူေတြကိုပဲ ပိုဦးစားေပးၾကေတာ့ ပိုႀကိဳးစားရတာေပ့ါ။ ညီမလည္း ပရိသတ္ေတြက သရုပ္ေဆာင္ေကာင္းတဲ့ အႏုပညာရွင္တစ္ေယာက္လုိ အသိအမွတ္ျပဳတဲ့အထိကို ႀကိဳးစားခ်င္ပါတယ္” လို႔ ခင္ဝင့္ဝါက ထပ္မံေျပာျပပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကမ်းလှမ်းလာတဲ့ ဇာတ်ကားတိုင်းကို ဘာကြောင့် ခင့်ဝင့်ဝါလက်မခံတော့တာလဲ

ခေးလေးလို့ ပရိသတ်တွေခေါ်ကြတဲ့ ချစ်စရာကောင်းတဲ့သရုပ်ဆောင်ခင်ဝင့်ဝါက သရုပ်ဆောင်တဲ့ပညာကိုလေ့လာသင်ယူဖို့ အများကြီးလိုအပ်နေပါသေးတယ်လို့ ပြောလာပါတယ်။ ခင်ဝင့်ဝါက ဗီဒီယိုဇာတ်ကားတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ထားပြီး၊ လာကမ်းလှမ်းတဲ့ဇာတ်ကားတိုင်းကို လက်မခံဖြစ်ကြောင်းကိုလည်း “ညီမသရုပ်ဆောင်တဲ့အပိုင်းမှာ အများကြီးလိုအပ်နေပါသေးတယ်။ လေ့လာဖို့လည်း အများကြီးလိုအပ်တယ်။ ညီမကို လာကမ်းလှမ်းတဲ့ ဇာတ်တွေကလည်းညီမနဲ့လိုက်ဖက်တဲ့ လူငယ်ဆန်ဆန်ဇာတ်ကောင်လေးတွေ၊ ချစ်စရာကောင်းတဲ့ ကောင်မလေးပုံစံလေးတွေနဲ့ လာငှားတာများတယ်။ တချို့ကကျတော့လည်း လုပ်ကွက်ရှိတယ်ပေ့ါ။ တချို့ကကျတော့လည်း လုပ်ကွက်နည်းတယ်။ နောက်ပိုင်း ညီမကို လာကမ်းလှမ်းတဲ့ ဇာတ်ကားတိုင်းကို မရိုက်ဖြစ်တော့ဘူး။ ညီမလည်း လုပ်ကွက်ရှိမယ်။ ပညာရမယ်ဆိုတဲ့ ဇာတ်ကောင်လေးတွေဆိုရင် ရိုက်ဖြစ်တယ်။ဒရာမာဇာတ်လေးတွေပေ့ါ။ ဒရာမာဆိုပေမယ့်လည်း ဟဲဗီးဒရာမာတွေတော့ မဟုတ်ဘူးပေ့ါ။ ကိုယ်တတ်နိုင်တဲ့ဇာတ်ကောင်ကိုတော့ အကောင်းဆုံးဖြစ်အောင်တော့ သေချာသရုပ်ဆောင်ဖြစ်ပါတယ်။ ရိုက်ထားပြီးသား ရုပ်ရှင်ကားကြီးတွေလည်းရှိတယ်။ ထွက်လာရင်အားပေးကြပါဦး” လို့ ပြောပါတယ်။

သရုပ်ဆောင်သစ်တွေများတဲ့ခေတ်မှာ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့အတွက် သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အရမ်းကိုကြိုးစားရကြောင်းကို“သရုပ်ဆောင်တစ်ယောက်ဖြစ်တော့ ပိုကြိုးစားရတဲ့အပိုင်းတွေတော့ရှိတာပေါ့။ နောက်တစ်ခုက သရုပ်ဆောင်ပညာက အရမ်းကိုခက်ခဲပါတယ်။ ရလာတဲ့ဇာတ်ကောင်ကို အကောင်းဆုံး အတတ်နိုင်ဆုံး အပီပြင်ဆုံးဖြစ်အောင်လုပ်ရတာပေါ့နော်။ ဒါရိုက်တာတွေကလည်း သရုပ်ဆောင်ကောင်းတဲ့သူတွေကိုပဲ ပိုဦးစားပေးကြတော့ ပိုကြိုးစားရတာပေ့ါ။ ညီမလည်း ပရိသတ်တွေက သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်တစ်ယောက်လို အသိအမှတ်ပြုတဲ့အထိကို ကြိုးစားချင်ပါတယ်” လို့ ခင်ဝင့်ဝါက ထပ်မံပြောပြပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။