[Zawgyi]

ခြဲစိတ္ျပဳျပင္ဖို႔အတြက္ ေၾကာက္စိတ္ႀကီးတယ္လို႔ေျပာျပခဲ့တဲ့ ခင္သဇင္

ခပ္ေခ်ေခ်ေတးစီးရီး ထြက္ရွိထားသလို ဇာတ္ကားေတြကိုလည္း ဆက္တိုက္ဆိုသလိုရိုက္ကူးေနရတဲ့ ခင္သဇင္နဲ႔ ခဏတာေတြ႔ဆံုခဲ့စဥ္က ေမးျမန္းျဖစ္ခဲ့တာေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

ခင္သဇင္ရဲ ႔ လတ္တေလာလႈပ္ရွားမႈေတြ

လတ္တေလာမွာ ဇင္ကားရိုက္ဝင္ျဖစ္တယ္။ မမို႔နဲ႔ ရိုက္ေနတဲ့ဇာတ္ကားလည္း ရွိတယ္ ႀကီးျမတ္ေသာမာတာဆိုတဲ့ ဇာတ္ကားေလးအဲ့ထဲမွာ ကိုယ္က ခပ္ဆိုးဆိုးေကာင္မေလးေပါ့ေနာ္။ ဒီဟာၿပီးရင္ ေနာက္ထပ္ဇာတ္လမ္းတြဲေတြကိုလည္း လက္ခံထားပါတယ္။

တစ္ခုနဲ႔တစ္ခု ကာရိုက္တာမတူတာေလးေတြကိုေရြးခ်ယ္ၿပီးရိုက္ရတာကို သေဘာက်တာပါ။ ဇနီးေခ်ာမ်ားကြန္ရက္ဆိုတဲ့ ဇာတ္ကားထဲမွာလည္း ထက္ျမတ္တဲ့ အမ်ိဳးသမီးတစ္ဦးအေနနဲ႔ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ကာရိုက္တာအစံုကို သရုပ္ေဆာင္ခ်င္ပါတယ္။ အဓိကကေတာ့ အျပင္မွာ ရွိတဲ့ သဇင့္ရဲ ႔ကာရိုက္တာနဲ႔တူတဲ့ ဟာကို သရုပ္မေဆာင္ခ်င္ဘူး။ ကြဲထြက္ေနတဲ့ ကာရိုက္တာမ်ိဳးကိုပဲ သဇင္ရို္က္ခ်င္ပါတယ္လို႔ ေျပာျပခဲ့ပါတယ္။

ခႏၶာကိုယ္မွာ ခြဲစိတ္ျပဳျပင္ခ်င္တဲ့ အပိုင္းရွိပါသလား?

အကုန္ျပင္ခ်င္ပါတယ္။ လွခ်င္တာကိုေနာ့္ လွခ်င္ေတာ့အကုန္ျပင္ခ်င္တယ္ ေနာက္ျပင္လည္းမျပင္ရဲဘူးေပါ့ေနာ္။ ျပင္နုိင္ရင္ေတာ့ ေကာင္းတယ္ကိုယ္ကလည္းဒီအလုပ္နဲ႔လုပ္ေနတာဆိုေတာ့ေလ။ ကိုယ္ကသာမန္မိန္းကေလး ဆိုရင္ေတာ့မလိုအပ္ပါဘူး။ ျပင္ခ်င္လည္းျပင္ မျပင္ခ်င္လည္းမျပင္ဘူးေပါ့ေနာ္။ ဒါေပမယ့္ဒီအလုပ္နဲ႔လုပ္ေနသူေတြ အတြက္ေတာ့ လိုအပ္တာေပါ့ေနာ္။

သူမ်ားထက္ပိုလွေနရင္ေတာ့ ေကာင္းတာေပါ့ေနာ္လို႔လည္း ခင္သဇင္ကေျပာပါတယ္။ ျပင္ဖို႔စိတ္ကူးရွိတယ္ ဒါေပမယ့္သဇင္ကၾကမ္းတယ္ အိပ္ၿပီဆိုရင္လည္း အရမ္းႀကီးေစာင္းအိ္ပ္တတ္တယ္။ အဲ့ေၾကာင့္ျပင္ၿပီးမွ နွာေခါင္းႀကီးေစာင္းသြားမွာကိုလည္း ေၾကာက္တယ္လို႔ေျပာပါတယ္။ ေနာက္ၿပီးေတာ့ မ်က္ရစ္ေတြဘာေတြခြဲတယ္ဆိုရင္လည္း အေညွာ္ေတြဘာေတြကိုေရွာင္ရေကာင္းမွန္းလည္း မသိဘူး။ ေတာ္ၾကာခြဲၿပီးမွ အေညွာ္မိလို႔ေယာင္ကိုင္းၿပီးကိုယ့္အလုပ္ေတြ ပ်က္မွာကိုလည္း ေၾကာက္တယ္။

ဟိုတေလာက  အံဆံုးနုတ္တာေတာင္မွ ၂ ပတ္ေလာက္အရမ္းနာတာ မ်က္ရည္ေတာင္က်တယ္ ဆိုေတာ့ေလ။ သြားေလးနုတ္တာေတာင္ဒီေလာက္နာေနရင္ က်န္တဲ့ဟာေတြလည္းနာ မွာေပါ့ေနာ္။ အဓိကကေတာ့ေၾကာက္စိတ္ အရမ္းႀကီးတယ္ အဲ့ဒါနဲ႔ ကိုယ့္ဟာနဲ႔ကုိယ္ပဲ ရွိသေလာက္ေလးနဲ႔ပဲ ေက်နပ္ၿပီးေနရတယ္လို႔ ခင္သဇင္ကေျပာျပခဲ့တာလည္း ျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit;Khin Thazin Facebook

www.akhayar.com
[Unicode]

ခွဲစိတ်ပြုပြင်ဖို့အတွက် ကြောက်စိတ်ကြီးတယ်လို့ပြောပြခဲ့တဲ့ ခင်သဇင်

ခပ်ချေချေတေးစီးရီး ထွက်ရှိထားသလို ဇာတ်ကားတွေကိုလည်း ဆက်တိုက်ဆိုသလိုရိုက်ကူးနေရတဲ့ ခင်သဇင်နဲ့ ခဏတာတွေ့ဆုံခဲ့စဉ်က မေးမြန်းဖြစ်ခဲ့တာလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ခင်သဇင်ရဲ့ လတ်တလောလှုပ်ရှားမှုတွေ

လတ်တလောမှာ ဇင်ကားရိုက်ဝင်ဖြစ်တယ်။ မမို့နဲ့ ရိုက်နေတဲ့ဇာတ်ကားလည်း ရှိတယ် ကြီးမြတ်သောမာတာဆိုတဲ့ ဇာတ်ကားလေးအဲ့ထဲမှာ ကိုယ်က ခပ်ဆိုးဆိုးကောင်မလေးပေါ့နော်။ ဒီဟာပြီးရင် နောက်ထပ်ဇာတ်လမ်းတွဲတွေကိုလည်း လက်ခံထားပါတယ်။

တစ်ခုနဲ့တစ်ခု ကာရိုက်တာမတူတာလေးတွေကိုရွေးချယ်ပြီးရိုက်ရတာကို သဘောကျတာပါ။ ဇနီးချောများကွန်ရက်ဆိုတဲ့ ဇာတ်ကားထဲမှာလည်း ထက်မြတ်တဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကာရိုက်တာအစုံကို သရုပ်ဆောင်ချင်ပါတယ်။ အဓိကကတော့ အပြင်မှာ ရှိတဲ့ သဇင့်ရဲ့ကာရိုက်တာနဲ့တူတဲ့ ဟာကို သရုပ်မဆောင်ချင်ဘူး။ ကွဲထွက်နေတဲ့ ကာရိုက်တာမျိုးကိုပဲ သဇင်ရိုက်ချင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။

ခန္ဓာကိုယ်မှာ ခွဲစိတ်ပြုပြင်ချင်တဲ့ အပိုင်းရှိပါသလား?

အကုန်ပြင်ချင်ပါတယ်။ လှချင်တာကိုနော့် လှချင်တော့အကုန်ပြင်ချင်တယ် နောက်ပြင်လည်းမပြင်ရဲဘူးပေါ့နော်။ ပြင်နိုင်ရင်တော့ ကောင်းတယ်ကိုယ်ကလည်းဒီအလုပ်နဲ့လုပ်နေတာဆိုတော့လေ။ ကိုယ်ကသာမန်မိန်းကလေး ဆိုရင်တော့မလိုအပ်ပါဘူး။ ပြင်ချင်လည်းပြင် မပြင်ချင်လည်းမပြင်ဘူးပေါ့နော်။ ဒါပေမယ့်ဒီအလုပ်နဲ့လုပ်နေသူတွေ အတွက်တော့ လိုအပ်တာပေါ့နော်။

သူများထက်ပိုလှနေရင်တော့ ကောင်းတာပေါ့နော်လို့လည်း ခင်သဇင်ကပြောပါတယ်။ ပြင်ဖို့စိတ်ကူးရှိတယ် ဒါပေမယ့်သဇင်ကကြမ်းတယ် အိပ်ပြီဆိုရင်လည်း အရမ်းကြီးစောင်းအိပ်တတ်တယ်။ အဲ့ကြောင့်ပြင်ပြီးမှ နှာခေါင်းကြီးစောင်းသွားမှာကိုလည်း ကြောက်တယ်လို့ပြောပါတယ်။ နောက်ပြီးတော့ မျက်ရစ်တွေဘာတွေခွဲတယ်ဆိုရင်လည်း အညှော်တွေဘာတွေကိုရှောင်ရကောင်းမှန်းလည်း မသိဘူး။ တော်ကြာခွဲပြီးမှ အညှော်မိလို့ယောင်ကိုင်းပြီးကိုယ့်အလုပ်တွေ ပျက်မှာကိုလည်း ကြောက်တယ်။

ဟိုတလောက အံဆုံးနုတ်တာတောင်မှ ၂ ပတ်လောက်အရမ်းနာတာ မျက်ရည်တောင်ကျတယ် ဆိုတော့လေ။ သွားလေးနုတ်တာတောင်ဒီလောက်နာနေရင် ကျန်တဲ့ဟာတွေလည်းနာ မှာပေါ့နော်။ အဓိကကတော့ကြောက်စိတ် အရမ်းကြီးတယ် အဲ့ဒါနဲ့ ကိုယ့်ဟာနဲ့ကိုယ်ပဲ ရှိသလောက်လေးနဲ့ပဲ ကျေနပ်ပြီးနေရတယ်လို့ ခင်သဇင်ကပြောပြခဲ့တာလည်း ဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit;Khin Thazin Facebook

www.akhayar.com