khin lay nwe photo from cambona with her notes

[Zawgyi]









ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ပုံတင်တိုင်း စာဆန်းဆန်းလေးတွေရေးတတ်လာတဲ့ ခင်လေးနွယ်

ခင်လေးနွယ်ဟာ လတ်တလောမှာ ကမ္ဘာဒီးယားကို ရောက်ရှိနေပြီး ပုံတွေကိုတင်တဲ့ အခါ စာသားဆန်းဆန်းလေးကို အခုလိုရေးတင်ထားတာ သူမရဲ့လူမှုကွန်ရက်မှာတွေ့ရပါတယ်။

“သင်နာကျင်ခံစားနေရချိန်မှာ
ပျော်ရွှင်နေသယောင် ဟန်ဆောင်နိုင်တာဟာ
သင်ဘယ်လောက်စိတ်ဓါတ်ကြံ့ခိုင်တဲ့
လူတစ်ယောက်လဲ ဆိုတာကို ပြသတဲ့
ဥပမာတစ်ခု ဖြစ်ပါတယ်တဲ့…

သူများပြောတာ ကိုယ်ပြောတာမဟုတ်ဘူး”

သူရေးထားတဲ့ စာလေးတွေက အဓိပ္ပါယ်ရှိသလို အတွေးလေးတွေလည်း ဖြစ်စေပါတယ်။ နောက်ထပ်ရေးထားတာလေးတစ်ခုကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ကမ္ဘာဒီးယားမှာ မြန်မာဝတ်စုံလေးဝတ်လို့ ရဟတ်ယာဉ်ကြီးရဲ့ဘေး သူရေးလိုက်တဲ့ စာလေးကတော့

“ပြန်လာမယ်လို့ စဉ်းစားလိုက်တော့….
ပြန်မလာချင်သေးတာနဲ့ သူ့ကို….
ပြန်လွှတ်လိုက်ရတယ်…အယ်လဲ့” ဆိုပြီးတော့ပဲဖြစ်ပါတယ်။

ခင်လေးနွယ်ဟာ အခုချိန်ထိ အပျိုကြီးတစ်ကိုယ်တည်း ခရီးတွေထွက်လိုက် ၊ ဓါတ်ပုံလေးတွေရိုက်လိုက်၊ အလုပ်တွေကြိုးစားလိုက်၊ သူငယ်ချင်းတွေနဲ့လည်း ပျော်ရွှင်စွာနေထိုင် တတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Khin Lay Nwe Facebook

ကြည်သာ (Akhayar)

www.akhayar.com