[Zawgyi]

မိုးရာသီထဲမွာ ဖီးလ္လို႔ ေကာင္းမယ့္ ခင္ဘုဏ္းရဲ့ “ဇူလိုင္မိုး” ဆိုတဲ့ သီခ်င္းေလးတစ္ပုဒ္

မိုးရာသီကေတာ့ ခ်ဥ္းနင္းဝင္ေရာက္လာပါျပီ။ မိုးရြာရင္ ေက်ာင္းသြား၊ ရံုးသြားခ်ိန္ေတြ စိုစိုစိစိနဲ႔ ဒုကၡေရာက္ ေနရထုိင္ရခက္ေပမယ့္ ရံုးပိတ္ရက္ေတြဆုိရင္ေတာ့ မိုးေအးေအးနဲ႔ ေစာင္ပံုထဲမွာ ေကြးရလို႔ အေတာ္ဇိမ္က်တာပါ။ ေန႔လည္ေနခင္းဆုိရင္လည္း ေကာ္ဖီတစ္ခြက္နဲ႔ မိုးရာသီသီခ်င္းေတြ၊ အလြမ္းသီခ်င္းေလးေတြ ေကာင္းေကာင္းနဲ႔ ဖီးလ္ႏုိင္ပါေသးတယ္။

ဒီလို ဖီးလ္ေကာင္းတဲ့ သီခ်င္းေတြထဲက ဒီဇူလိုင္လအတြက္ ရည္ရြယ္ေရးထားတာလည္း ျဖစ္၊ မိုးေတြ ရြာေစြေနတဲ့ အေၾကာင္း၊ လြမ္းရတဲ့ အေၾကာင္းနဲ႔ မိန္းကေလးပရိသတ္ၾကီးအၾကိဳက္ သီခ်င္းေလးတစ္ပုဒ္ကို ညႊန္းေပးခ်င္ပါတယ္။ သီခ်င္းေလးရဲ႕ နာမည္ကေတာ့ “ဇူလိုိင္မုိး” ျဖစ္ျပီး မိုးရာသီမွာ လြမ္းဆြတ္တမ္းတေနရတဲ့ ေကာင္မေလးတစ္ေယာက္ေနရာကေန ခင္ဘုဏ္းကိုယ္တုိင္ ႏူးႏူးညံ့ညံ့ေရးဖြဲ႔ထားပါတယ္။

July မိုး

July မိုး

သံစဥ္ေလးကအစ ျငိမ့္ျငိမ့္ေညာင္းေညာင္းေလးနဲ႔ ဝင္လာျပီး “လမ္းခြဲေပးလိုက္မယ္ နင္အဆင္ေျပဖို႔အတြက္ ဒီဇူလုိင္မိုးမ်ား အသိသက္ေသထား” ဆိုတဲ့ စလာတည္းက အရႈံးေပးထားပါတယ္ဆုိတဲ့ ခံစားခ်က္ကုိ ေပၚလြင္ေအာင္ ေရးဖြဲ႔ထားပါတယ္။ Chorus မွာလည္း “ဒီဇူလိုင္မိုးေတြရယ္ လြမ္းမိုးပုိသည္းေစတယ္.. ဘယ္မွာပုန္းလို႔ လြတ္ႏုိင္မလဲ ဇူလိုင္မိုးစက္ေတြရယ္ စာနာေပးလွည့္” ဆိုျပီး မိုးေတြသည္းတဲ့အခါ အလြမ္းပိုလာရတဲ့ အေၾကာင္းကို စာနာေပးပါဦးဆိုတဲ့ ခံစားခ်က္ေလးကို ထည့္ထားပါတယ္။

July မိုး

July မိုး

အဆိုေတာ္ ခင္ဘုဏ္းဟာ Kook အဖြဲ႔နဲ႔ အႏုပညာေလာကထဲကို ဝင္လာျပီး ေနာက္ပိုင္းမွာ ေရႊထိုက္နဲ႔ “Baby You Should Break My Heart Slowly” လို ေပါက္သီခ်င္းေတြ ဖန္တီးခဲ့သလို တကုိယ္ေတာ္အေနနဲ႔လည္း “ရပ္ေစာင့္ေနပါမယ္”လို သီခ်င္းေကာင္းေတြ သီဆိုခဲ့သူပါ။

ခင္ဘုဏ္း

ခင္ဘုဏ္း

သူ႔ရဲ႕ ဒီ” ဇူလို္င္မိုး” သီခ်င္းကေတာ့ အေဆြးသီခ်င္းေကာင္းေလးေတြ ၾကိဳက္သူေတြအတြက္ ျဖစ္ျပီး ခင္ဘုဏ္းဆိုထားဖူးတဲ့ ဒီလို မိုးသီခ်င္းေကာင္းေလးေနာက္တစ္ပုဒ္ကို သိရင္လည္း ေျပာေပးသြားပါဦးခင္ဗ်ာ။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Khin Bone’s Facebook Account
[Unicode]

မိုးရာသီထဲမှာ ဖီးလ်လို့ ကောင်းမယ့် ခင်ဘုဏ်းရဲ့ “ဇူလိုင်မိုး” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်

မိုးရာသီကတော့ ချဉ်းနင်းဝင်ရောက်လာပါပြီ။ မိုးရွာရင် ကျောင်းသွား၊ ရုံးသွားချိန်တွေ စိုစိုစိစိနဲ့ ဒုက္ခရောက် နေရထိုင်ရခက်ပေမယ့် ရုံးပိတ်ရက်တွေဆိုရင်တော့ မိုးအေးအေးနဲ့ စောင်ပုံထဲမှာ ကွေးရလို့ အတော်ဇိမ်ကျတာပါ။ နေ့လည်နေခင်းဆိုရင်လည်း ကော်ဖီတစ်ခွက်နဲ့ မိုးရာသီသီချင်းတွေ၊ အလွမ်းသီချင်းလေးတွေ ကောင်းကောင်းနဲ့ ဖီးလ်နိုင်ပါသေးတယ်။

ဒီလို ဖီးလ်ကောင်းတဲ့ သီချင်းတွေထဲက ဒီဇူလိုင်လအတွက် ရည်ရွယ်ရေးထားတာလည်း ဖြစ်၊ မိုးတွေ ရွာစွေနေတဲ့ အကြောင်း၊ လွမ်းရတဲ့ အကြောင်းနဲ့ မိန်းကလေးပရိသတ်ကြီးအကြိုက် သီချင်းလေးတစ်ပုဒ်ကို ညွှန်းပေးချင်ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “ဇူလိုင်မိုး” ဖြစ်ပြီး မိုးရာသီမှာ လွမ်းဆွတ်တမ်းတနေရတဲ့ ကောင်မလေးတစ်ယောက်နေရာကနေ ခင်ဘုဏ်းကိုယ်တိုင် နူးနူးညံ့ညံ့ရေးဖွဲ့ထားပါတယ်။

July မိုး

July မိုး

သံစဉ်လေးကအစ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ ဝင်လာပြီး “လမ်းခွဲပေးလိုက်မယ် နင်အဆင်ပြေဖို့အတွက် ဒီဇူလိုင်မိုးများ အသိသက်သေထား” ဆိုတဲ့ စလာတည်းက အရှုံးပေးထားပါတယ်ဆိုတဲ့ ခံစားချက်ကို ပေါ်လွင်အောင် ရေးဖွဲ့ထားပါတယ်။ Chorus မှာလည်း “ဒီဇူလိုင်မိုးတွေရယ် လွမ်းမိုးပိုသည်းစေတယ်.. ဘယ်မှာပုန်းလို့ လွတ်နိုင်မလဲ ဇူလိုင်မိုးစက်တွေရယ် စာနာပေးလှည့်” ဆိုပြီး မိုးတွေသည်းတဲ့အခါ အလွမ်းပိုလာရတဲ့ အကြောင်းကို စာနာပေးပါဦးဆိုတဲ့ ခံစားချက်လေးကို ထည့်ထားပါတယ်။

July မိုး

July မိုး

အဆိုတော် ခင်ဘုဏ်းဟာ Kook အဖွဲ့နဲ့ အနုပညာလောကထဲကို ဝင်လာပြီး နောက်ပိုင်းမှာ ရွှေထိုက်နဲ့ “Baby You Should Break My Heart Slowly” လို ပေါက်သီချင်းတွေ ဖန်တီးခဲ့သလို တကိုယ်တော်အနေနဲ့လည်း “ရပ်စောင့်နေပါမယ်”လို သီချင်းကောင်းတွေ သီဆိုခဲ့သူပါ။

ခင်ဘုဏ်း

ခင်ဘုဏ်း

သူ့ရဲ့ ဒီ” ဇူလိုင်မိုး” သီချင်းကတော့ အဆွေးသီချင်းကောင်းလေးတွေ ကြိုက်သူတွေအတွက် ဖြစ်ပြီး ခင်ဘုဏ်းဆိုထားဖူးတဲ့ ဒီလို မိုးသီချင်းကောင်းလေးနောက်တစ်ပုဒ်ကို သိရင်လည်း ပြောပေးသွားပါဦးခင်ဗျာ။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Khin Bone’s Facebook Account