[Zawgyi]
www.akhayar.com
[Unicode]
အုန်းလက်မဏ္ဍပ်လေးမှာ ရေပုံးနဲ့ရေပက်ပြီး သင်္ကြန်ကိုဆင်နွဲမယ့် ခေးဆက်သွင်
“ဥယျာဉ်မှူးဖြစ်ဘူးချင်သည်”ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုရရှိလာတဲ့ ခေးဆက်သွင် တစ်ယောက် ဒီနှစ်သင်္ကြန်မှာ မန္တလေးမှာရှိမယ်လို့ ဆိုပါတယ်။ “ဒီနှစ်သင်္ကြန်တော့ မန္တလေးမှာရှိဖို့များပါတယ်။
သင်္ကြန်ဆိုရင် အေးအေးဆေးဆေးနေရတာပဲ ကြိုက်တယ်။ မနှစ်ကတော့ အခြေအနေအကြောင်းကြောင့်လည်း ဖြစ်ပါတယ်။ ဒီနှစ်တော့ အုန်းလက်မဏ္ဍပ်လေးနဲ့ မနက်ဆို စတုဒိသာကျွေးပြီး ညနေရေပုံးနဲ့ရေပက်ပြီး Box လေးနဲ့ ကိုယ့်ဘာသာဖွင့်ပြီး အေးအေးချမ်းချမ်းပက်ဖို့ လုပ်ထားတယ်။။ သင်္ကြန်ဆိုရင် ပိတောက်ပန်းပွင့်တာမြင်ရင် ပျော်တယ်။ သင်္ကြန်သီချင်းသံကြားရင် ပျော်တယ်။ မြေသင်းနံ့ရတာကိုလည်း ကြိုက်ပါတယ်။သင်္ကြန်နဲ့ပတ်သက်ပြီး အမှတ်တရတွေကတော့ သိပ်ပြီးမရှိပါဘူး။ သင်္ကြန်မှာ ပရိသတ်ကြီးအားလုံး အေးအေးဆေးဆေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ”လို့ ဆုတောင်းပေးပါတယ်။
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။