[Zawgyi]

ကိုယ့္ဝမ္းစာျပည့္တဲ့ အလုပ္မ်ိဳးမွာပဲ ရွင္သန္ရပ္တည္ခ်င္တယ္ဆုိတဲ့ ေခးဆက္သြင္

MRTV-4 ရဲ႕ ရုပ္သံဇာတ္လမ္းတြဲေပါင္းမ်ားစြာမွာ သရုပ္ေဆာင္ခဲ့ဘူးသလို “ဥယ်ာဥ္မွဴးျဖစ္ဘူးခ်င္သည္” နဲဲ႔ “အိမ္နီးခ်င္း” ရုပ္သံဇာတ္လမ္းတြဲမွာ ပရိသတ္လက္ခံအားေပးတဲ့ သရုပ္ေဆာင္တစ္ေယာက္လို႔ ေျပာလို႔ရပါတယ္။ ေနာက္ၿပီး Telenor ေၾကာ္ျငာရဲ႕ နန္းႀကီးသုတ္နဲ႔ ပရိသတ္အေတာ္မ်ားမ်ား မ်က္မွန္းတမ္းမိသြားသူပါ။

သူမဟာ လတ္တေလာမွာေတာ့ သာမိုမီတာဇာတ္လမ္းတြဲေလးရိုက္ကူးၿပီးစီးသြားၿပီလို႔ သိရပါတယ္။ ေနာက္ထပ္လည္း ဇာတ္လမ္းတြဲေတြ ရိုက္ဖို႔ရိွပါေသးတယ္တဲ့။ ေနာက္ၿပီး သူပါ၀င္သရုပ္ေဆာင္ထားတဲ့ “ယၾတာ” ရုပ္ရွင္ကားႀကီးကိုလည္း ပရိသတ္ေတြ ျမင္ေတြ႔ရေတာ့မွာပါတဲ့။ ကာရိုက္တာေရြးခ်ယ္မႈနဲ႔ အႏုပညာလမ္းခရီးမွာ ဘယ္လိုေလွ်ာက္လွမ္းသြားမလဲနဲ႔ပတ္သက္ၿပီး ေခးဆက္သြင္ေျပာျပခဲ့တာကေတာ့…“ကာရိုက္တာနဲ႔ပတ္သက္ၿပီး ေနာက္ပိုင္း ဒရမ္မာေလးေတြ ရိုက္ဖို႔ရိွပါတယ္။ အစက ဟာသေလးေတြရိုက္ေတာ့ ကိုယ္က ဟာသပဲအားသန္တယ္လို႔ ထင္ထားရင္း ေနာက္ပိုင္း ဒရမ္မာေတြရိုက္ရင္းနဲ႔ ဒရမ္မာကို ပိုအားသန္လုိ႔ ဒရမ္မာကို ပိုရိုက္သြားဖို႔ရိွမယ္။ ကိုယ္ကသြက္တဲ့ဘက္ကိုသြားတာမ်ားေတာ့ တစ္ခါတစ္ေလ အၿငိမ္ဘက္ကို သြားၾကည့္ခ်င္ပါတယ္။ ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ တကယ္တတ္တာ သရုပ္ေဆာင္ပညာပဲရိွပါတယ္။ ေနာက္ ေမာ္ဒယ္လ္တုန္းကလည္း ေမာ္ဒယ္လ္ပညာကို ေသခ်ာေလး သင္ယူခဲ့တယ္။ Miss တုန္းကလည္း ေသခ်ာသင္ယူခဲ့တယ္။ ကိုယ့္ရဲ႕ပေရာ္ဖက္ရွင္နယ္ျဖစ္တဲ့ သရုပ္ေဆာင္အလုပ္မွာ ကိုယ့္၀မ္းစာနဲ႔ပဲ ရွင္သန္ရပ္တည္သြားဖို႔ရိွပါတယ္” လို႔ ဆိုပါတယ္။

ေနာက္ၿပီး အႏုပညာေလာကမွာ မွန္မွန္ကန္ကန္ရိုးရိုးသားသားနဲ႔ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ၿပီး ႀကိဳးစားခဲ့တဲ့အတြက္ ေနာက္ပိုင္းလည္း ဒီအတိုင္းပဲ ဆက္လက္ရပ္တည္သြားမွာျဖစ္ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္။

www.akhayar.com

[Unicode]

ကိုယ့်ဝမ်းစာပြည့်တဲ့ အလုပ်မျိုးမှာပဲ ရှင်သန်ရပ်တည်ချင်တယ်ဆိုတဲ့ ခေးဆက်သွင်

MRTV-4 ရဲ့ ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ဘူးသလို “ဥယျာဉ်မှူးဖြစ်ဘူးချင်သည်” နဲ့ “အိမ်နီးချင်း” ရုပ်သံဇာတ်လမ်းတွဲမှာ ပရိသတ်လက်ခံအားပေးတဲ့ သရုပ်ဆောင်တစ်ယောက်လို့ ပြောလို့ရပါတယ်။ နောက်ပြီး Telenor ကြော်ငြာရဲ့ နန်းကြီးသုတ်နဲ့ ပရိသတ်အတော်များများ မျက်မှန်းတမ်းမိသွားသူပါ။

သူမဟာ လတ်တလောမှာတော့ သာမိုမီတာဇာတ်လမ်းတွဲလေးရိုက်ကူးပြီးစီးသွားပြီလို့ သိရပါတယ်။ နောက်ထပ်လည်း ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ရှိပါသေးတယ်တဲ့။ နောက်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ “ယတြာ” ရုပ်ရှင်ကားကြီးကိုလည်း ပရိသတ်တွေ မြင်တွေ့ရတော့မှာပါတဲ့။ ကာရိုက်တာရွေးချယ်မှုနဲ့ အနုပညာလမ်းခရီးမှာ ဘယ်လိုလျှောက်လှမ်းသွားမလဲနဲ့ပတ်သက်ပြီး ခေးဆက်သွင်ပြောပြခဲ့တာကတော့…“ကာရိုက်တာနဲ့ပတ်သက်ပြီး နောက်ပိုင်း ဒရမ်မာလေးတွေ ရိုက်ဖို့ရှိပါတယ်။ အစက ဟာသလေးတွေရိုက်တော့ ကိုယ်က ဟာသပဲအားသန်တယ်လို့ ထင်ထားရင်း နောက်ပိုင်း ဒရမ်မာတွေရိုက်ရင်းနဲ့ ဒရမ်မာကို ပိုအားသန်လို့ ဒရမ်မာကို ပိုရိုက်သွားဖို့ရှိမယ်။ ကိုယ်ကသွက်တဲ့ဘက်ကိုသွားတာများတော့ တစ်ခါတစ်လေ အငြိမ်ဘက်ကို သွားကြည့်ချင်ပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်ဆန် တကယ်တတ်တာ သရုပ်ဆောင်ပညာပဲရှိပါတယ်။ နောက် မော်ဒယ်လ်တုန်းကလည်း မော်ဒယ်လ်ပညာကို သေချာလေး သင်ယူခဲ့တယ်။ Miss တုန်းကလည်း သေချာသင်ယူခဲ့တယ်။ ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်ဖြစ်တဲ့ သရုပ်ဆောင်အလုပ်မှာ ကိုယ့်ဝမ်းစာနဲ့ပဲ ရှင်သန်ရပ်တည်သွားဖို့ရှိပါတယ်” လို့ ဆိုပါတယ်။

နောက်ပြီး အနုပညာလောကမှာ မှန်မှန်ကန်ကန်ရိုးရိုးသားသားနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကြိုးစားခဲ့တဲ့အတွက် နောက်ပိုင်းလည်း ဒီအတိုင်းပဲ ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

www.akhayar.com