[Zawgyi]

ေဘာက္ဆင္ႀကိဳးဝုိင္းနဲ႔ သံဇကာဝုိင္းထဲမွာ ႏွစ္ႀကိမ္ထုိးသတ္မယ့္ Mayweather နဲ႔ Khabib

UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov ဟာ Conor McGregor ကုိ အႏုိင္ယူၿပီး ဝိတ္တန္း (၅) ခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ကုိ စိန္ေခၚလုိက္တဲ့သတင္းကုိ အားလုံးသိၾကမယ္ထင္ပါတယ္။ “ခင္ဗ်ားကလည္း ပြဲ (၅ဝ) လုံး ရႈံးပြဲမရွိတဲ့လူပဲ။ ကြ်န္ေတာ္လည္း (၂၇) ပြဲလုံး ႏုိင္ပြဲဆက္ခဲ့တဲ့ေကာင္ပဲေလ။ က်ားနဲ႔ဆင္ လယ္ျပင္မွာ ေတြ႕ ၾကတာေပါ့” လုိ႔ ၾကံဳးဝါးလုိက္တာပါ။

Floyd Mayweather ကလည္း “CBS ရုပ္သံလုိင္းနဲ႔ အက်ိဳးအျမတ္ကိစၥေျပာၾကတာေပါ့။ ကြ်န္ေတာ္က သူေဌးေလ သိတယ္မလား။ ကြ်န္ေတာ့္ကုိ စိန္ေခၚခ်င္ရင္ ကြ်န္ေတာ့္စည္းမ်ဥ္းနဲ႔ လာထုိးေပါ့။ ေဘာက္ဆင္ႀကိဳးဝုိင္းမွာပဲ ေတြ႕ ၾကမယ္” လုိ႔ တုံ႔ျပန္ခဲ့ပါတယ္။

Khabib Nurmagomedov ကလည္း အေမရိကန္ႏုိင္ငံမွာ ထုိးသတ္ဖုိ႔ထက္ မိခင္ရုရွားႏုိင္ငံမွာ ယွဥ္ၿပိဳင္ဖုိ႔ ပုိအားသန္ေနၿပီး ရုရွားေဘာက္ဆင္အဖြဲ႕ ခ်ဳပ္နဲ႔ လက္ေဝွ႔ပြဲကိစၥ ညွိႏႈိင္းေနပါတယ္။ Mayweather Vs Khabib ပြဲစဥ္ဟာ အရင္ထက္ပုိစိတ္ဝင္စားဖုိ႔ အားေကာင္းေနခ်ိန္မွာ UFC ဥကၠဌ Dana White က “Floyd Mayweather က Khabib Nurmagomedov နဲ႔ ထုိးခ်င္တာမလား။ UFC မွာ လာထုိးေလ။ ေဘာက္ဆင္ႀကိဳးဝုိင္းမွာေတာ့ မထုိးခုိင္းေတာ့ဘူး။ သူဟာ Conor McGregor နဲ႔တုန္းက ေဘာက္ဆင္မွာ တစ္ခါထုိးၿပီးၿပီ။ ဒီတစ္ခါ ထုိးခ်င္ရင္ေတာ့ သံဇကာဝုိင္းထဲမွာပဲ လာခဲ့ေပေတာ့။ တကယ့္တုိက္ပြဲဆုိတာ ေသေသခ်ာခ်ာသိသြားလိမ့္မယ္” လုိ႔ ဆုိသြားပါတယ္။

Mayweather Vs Khabib ပြဲစဥ္ဟာ အရင္ထက္ပုိစိတ္ဝင္စားဖုိ႔ အားေကာင္းေနေပမယ့္ ေဘာက္ဆင္ႀကိဳးဝုိင္းထဲမွာ ရင္ဆုိင္မလား၊ သံဇကာဝုိင္းထဲမွာ ထုိးသတ္မလားဆုိတဲ့ ေမးခြန္းဟာ ဒြိဟျဖစ္စရာေကာင္းလွပါတယ္။ Floyd Mayweather ပရိသတ္ေတြက ေဘာက္ဆင္ႀကိဳးဝုိင္းထဲမွာ ထုိးသတ္ေစခ်င္သလုိ Khabib Nurmagomedov ရဲ႕ အသုိင္းအဝုိင္းကလည္း သံဇကာဝုိင္းထဲမွာ ရင္ဆုိင္ေစခ်င္တာပါ။

လက္ရွိအခ်ိန္မွာေတာ့ Khabib Nurmagomedov ဟာ ႏွစ္ဖက္ပရိသတ္ေတြ အဆင္ေျပဝမ္းေျမာက္မယ့္ စကားတစ္ခြန္းကုိ ေျပာခဲ့တာပါ။ “ကြ်န္ေတာ္တုိ႔ ႏွစ္ႀကိမ္ထုိးသတ္မယ္။ ပထမအႀကိမ္မွာ ေဘာက္ဆင္ႀကိဳးဝုိင္းထဲမွာ ထုိးမယ္၊ ဒုတိယအႀကိမ္မွာ သံဇကာဝုိင္းထဲမွာေပါ့။ သူ႕ဘက္က သေဘာတူမယ္ဆုိရင္ ႏွစ္ဖက္ပရိသတ္ေတြအကုန္လုံး ေပ်ာ္ရႊင္ရတာေပါ့။ ကြ်န္ေတာ့္အတြက္လည္း ေဘာက္ဆင္အေတြ႕ အၾကံဳရသြားတာေပါ့ေလ” လုိ႔ ေျပာဆုိသြားတာပါ။ Mayweather Vs Khabib ပြဲစဥ္ဟာ တကယ္ျဖစ္လာမယ္ထင္လား ပရိသတ္ႀကီး ေဝဖန္ေပးၾကပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘောက်ဆင်ကြိုးဝိုင်းနဲ့ သံဇကာဝိုင်းထဲမှာ နှစ်ကြိမ်ထိုးသတ်မယ့် Mayweather နဲ့ Khabib

UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov ဟာ Conor McGregor ကို အနိုင်ယူပြီး ဝိတ်တန်း (၅) ခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ကို စိန်ခေါ်လိုက်တဲ့သတင်းကို အားလုံးသိကြမယ်ထင်ပါတယ်။ “ခင်ဗျားကလည်း ပွဲ (၅ဝ) လုံး ရှုံးပွဲမရှိတဲ့လူပဲ။ ကျွန်တော်လည်း (၂၇) ပွဲလုံး နိုင်ပွဲဆက်ခဲ့တဲ့ကောင်ပဲလေ။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ ကြတာပေါ့” လို့ ကြုံးဝါးလိုက်တာပါ။

Floyd Mayweather ကလည်း “CBS ရုပ်သံလိုင်းနဲ့ အကျိုးအမြတ်ကိစ္စပြောကြတာပေါ့။ ကျွန်တော်က သူဌေးလေ သိတယ်မလား။ ကျွန်တော့်ကို စိန်ခေါ်ချင်ရင် ကျွန်တော့်စည်းမျဉ်းနဲ့ လာထိုးပေါ့။ ဘောက်ဆင်ကြိုးဝိုင်းမှာပဲ တွေ့ ကြမယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

Khabib Nurmagomedov ကလည်း အမေရိကန်နိုင်ငံမှာ ထိုးသတ်ဖို့ထက် မိခင်ရုရှားနိုင်ငံမှာ ယှဉ်ပြိုင်ဖို့ ပိုအားသန်နေပြီး ရုရှားဘောက်ဆင်အဖွဲ့ ချုပ်နဲ့ လက်ဝှေ့ပွဲကိစ္စ ညှိနှိုင်းနေပါတယ်။ Mayweather Vs Khabib ပွဲစဉ်ဟာ အရင်ထက်ပိုစိတ်ဝင်စားဖို့ အားကောင်းနေချိန်မှာ UFC ဥက္ကဌ Dana White က “Floyd Mayweather က Khabib Nurmagomedov နဲ့ ထိုးချင်တာမလား။ UFC မှာ လာထိုးလေ။ ဘောက်ဆင်ကြိုးဝိုင်းမှာတော့ မထိုးခိုင်းတော့ဘူး။ သူဟာ Conor McGregor နဲ့တုန်းက ဘောက်ဆင်မှာ တစ်ခါထိုးပြီးပြီ။ ဒီတစ်ခါ ထိုးချင်ရင်တော့ သံဇကာဝိုင်းထဲမှာပဲ လာခဲ့ပေတော့။ တကယ့်တိုက်ပွဲဆိုတာ သေသေချာချာသိသွားလိမ့်မယ်” လို့ ဆိုသွားပါတယ်။

Mayweather Vs Khabib ပွဲစဉ်ဟာ အရင်ထက်ပိုစိတ်ဝင်စားဖို့ အားကောင်းနေပေမယ့် ဘောက်ဆင်ကြိုးဝိုင်းထဲမှာ ရင်ဆိုင်မလား၊ သံဇကာဝိုင်းထဲမှာ ထိုးသတ်မလားဆိုတဲ့ မေးခွန်းဟာ ဒွိဟဖြစ်စရာကောင်းလှပါတယ်။ Floyd Mayweather ပရိသတ်တွေက ဘောက်ဆင်ကြိုးဝိုင်းထဲမှာ ထိုးသတ်စေချင်သလို Khabib Nurmagomedov ရဲ့ အသိုင်းအဝိုင်းကလည်း သံဇကာဝိုင်းထဲမှာ ရင်ဆိုင်စေချင်တာပါ။

လက်ရှိအချိန်မှာတော့ Khabib Nurmagomedov ဟာ နှစ်ဖက်ပရိသတ်တွေ အဆင်ပြေဝမ်းမြောက်မယ့် စကားတစ်ခွန်းကို ပြောခဲ့တာပါ။ “ကျွန်တော်တို့ နှစ်ကြိမ်ထိုးသတ်မယ်။ ပထမအကြိမ်မှာ ဘောက်ဆင်ကြိုးဝိုင်းထဲမှာ ထိုးမယ်၊ ဒုတိယအကြိမ်မှာ သံဇကာဝိုင်းထဲမှာပေါ့။ သူ့ဘက်က သဘောတူမယ်ဆိုရင် နှစ်ဖက်ပရိသတ်တွေအကုန်လုံး ပျော်ရွှင်ရတာပေါ့။ ကျွန်တော့်အတွက်လည်း ဘောက်ဆင်အတွေ့ အကြုံရသွားတာပေါ့လေ” လို့ ပြောဆိုသွားတာပါ။ Mayweather Vs Khabib ပွဲစဉ်ဟာ တကယ်ဖြစ်လာမယ်ထင်လား ပရိသတ်ကြီး ဝေဖန်ပေးကြပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com