[Zawgyi]

Floyd Mayweather ကုိ စိန္ေခၚလုိက္တဲ့ Khabib Nurmagomedov

UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov ဟာ ဝိတ္တန္း (၅) ခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ကုိ စိန္ေခၚလုိက္ပါတယ္။ ရုရွားႏုိင္ငံသား Khabib Nurmagomedov ဟာ ေအာက္တုိဘာလ (၇) ရက္ေန႔တုန္းက Conor McGregor ကုိ စတုတၳအခ်ီ (၃) မိနစ္ (၃) စကၠန္႔မွာ ခ်ဳပ္ကြက္နဲ႔ အႏုိင္ယူခဲ့ၿပီး ခ်န္ပီယံဘြဲ႕ ကုိ ကာကြယ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ ျဖစ္ေပၚခဲ့တဲ့ ရုန္းရင္းဆန္ခတ္မႈေၾကာင့္ Khabib Nurmagomedov ကုိ နီဗားဒါးအားကစားေကာ္မရွင္က (၆) လအထိ ပြဲပယ္မယ္လုိ႔ သတင္းထြက္ေနတာျဖစ္ပါတယ္။ UFC မွာ ကာလရွည္ပြဲပယ္ခံရေတာ့မွာျဖစ္တဲ့အတြက္ ေဘာက္ဆင္ခ်န္ပီယံ Floyd Mayweather ကုိ ေသြးတုိးစမ္းလုိက္တာပါ။

“ခင္ဗ်ားကလည္း ပြဲ (၅ဝ) လုံး ရႈံးပြဲမရွိတဲ့လူပဲ။ ကြ်န္ေတာ္လည္း (၂၇) ပြဲလုံး ႏုိင္ပြဲဆက္ခဲ့တဲ့ေကာင္ပဲေလ။ က်ားနဲ႔ဆင္ လယ္ျပင္မွာ ေတြ႕ ၾကတာေပါ့။ ေတာထဲမွာ ေကသရာဇာျခေသၤ့မင္းက တစ္ေကာင္ပဲ ေအာင္းရမွာ။ ကြ်န္ေတာ္သာ ဘုရင္ပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကြ်န္ေတာ္က Conor McGregor ကုိ လွဲသိပ္ႏုိင္ခဲ့တဲ့ ေကာင္ေလ” လုိ႔ UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Khabib Nurmagomedov က ေၾကြးေၾကာ္ခဲ့ပါတယ္။

Floyd Mayweather ကုိ ပထမဆုံးစိန္ေခၚတဲ့ UFC ကစားသမားက Khabib Nurmagomedov မဟုတ္ပါဘူး။ သူ႕ရဲ႕ အခ်စ္ေတာ္ႀကီး Conor McGregor ပါ။ ၂ဝ၁၇ခုႏွစ္ ၾသဂုတ္လ (၂၆) ရက္ေန႔တုန္းက Floyd Mayweather ကုိ စိန္ေခၚထုိးသတ္ခဲ့ေပမယ့္ ဒသမအခ်ီမွာပဲ အလဲထုိးရႈံးနိမ့္ခဲ့ပါတယ္။ Conor McGregor ဟာ အရႈံးရလဒ္ကုိသာ ရရွိခဲ့ေပမယ့္ ထုိးေၾကးက ေဒၚလာ (၈၅) သန္းေလာက္ရခဲ့ပါတယ္။ (UFC ကစားသမားအေနနဲ႔ ၈၅သန္းဆုိတာ ဘယ္တုန္းကမွ မရဖူးတဲ့ ပမာဏပါ။)

ေနာက္ဆုံးထုိးသတ္ခဲ့တဲ့ပြဲမွာ Khabib Nurmagomedov ဟာ အႏုိင္ရခဲ့ေပမယ့္ ေဒၚလာ (၂) သန္းသာ ရခဲ့သလုိ Conor McGreogor ကလည္း ေဒၚလာ (၃) သန္းသာ ရခဲ့ပါတယ္။ ေဘာက္ဆင္ထက္ႏႈိင္းယွဥ္ရင္ ထုိးသတ္ေၾကးနည္းပါးလြန္းတဲ့ UFC ကစားသမားေတြဟာ ေငြေၾကးပုိလုိခ်င္တဲ့အတြက္ ရႈံးနိမ့္မယ္ဆုိတာ သိေပမယ့္ Floyd Mayweather ကုိ စိန္ေခၚတာျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

Floyd Mayweather ကို စိန်ခေါ်လိုက်တဲ့ Khabib Nurmagomedov

UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov ဟာ ဝိတ်တန်း (၅) ခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ကို စိန်ခေါ်လိုက်ပါတယ်။ ရုရှားနိုင်ငံသား Khabib Nurmagomedov ဟာ အောက်တိုဘာလ (၇) ရက်နေ့တုန်းက Conor McGregor ကို စတုတ္ထအချီ (၃) မိနစ် (၃) စက္ကန့်မှာ ချုပ်ကွက်နဲ့ အနိုင်ယူခဲ့ပြီး ချန်ပီယံဘွဲ့ ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဖြစ်ပေါ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် Khabib Nurmagomedov ကို နီဗားဒါးအားကစားကော်မရှင်က (၆) လအထိ ပွဲပယ်မယ်လို့ သတင်းထွက်နေတာဖြစ်ပါတယ်။ UFC မှာ ကာလရှည်ပွဲပယ်ခံရတော့မှာဖြစ်တဲ့အတွက် ဘောက်ဆင်ချန်ပီယံ Floyd Mayweather ကို သွေးတိုးစမ်းလိုက်တာပါ။

“ခင်ဗျားကလည်း ပွဲ (၅ဝ) လုံး ရှုံးပွဲမရှိတဲ့လူပဲ။ ကျွန်တော်လည်း (၂၇) ပွဲလုံး နိုင်ပွဲဆက်ခဲ့တဲ့ကောင်ပဲလေ။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ ကြတာပေါ့။ တောထဲမှာ ကေသရာဇာခြင်္သေ့မင်းက တစ်ကောင်ပဲ အောင်းရမှာ။ ကျွန်တော်သာ ဘုရင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က Conor McGregor ကို လှဲသိပ်နိုင်ခဲ့တဲ့ ကောင်လေ” လို့ UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Khabib Nurmagomedov က ကြွေးကြော်ခဲ့ပါတယ်။

Floyd Mayweather ကို ပထမဆုံးစိန်ခေါ်တဲ့ UFC ကစားသမားက Khabib Nurmagomedov မဟုတ်ပါဘူး။ သူ့ရဲ့ အချစ်တော်ကြီး Conor McGregor ပါ။ ၂ဝ၁၇ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တုန်းက Floyd Mayweather ကို စိန်ခေါ်ထိုးသတ်ခဲ့ပေမယ့် ဒသမအချီမှာပဲ အလဲထိုးရှုံးနိမ့်ခဲ့ပါတယ်။ Conor McGregor ဟာ အရှုံးရလဒ်ကိုသာ ရရှိခဲ့ပေမယ့် ထိုးကြေးက ဒေါ်လာ (၈၅) သန်းလောက်ရခဲ့ပါတယ်။ (UFC ကစားသမားအနေနဲ့ ၈၅သန်းဆိုတာ ဘယ်တုန်းကမှ မရဖူးတဲ့ ပမာဏပါ။)

နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာ Khabib Nurmagomedov ဟာ အနိုင်ရခဲ့ပေမယ့် ဒေါ်လာ (၂) သန်းသာ ရခဲ့သလို Conor McGreogor ကလည်း ဒေါ်လာ (၃) သန်းသာ ရခဲ့ပါတယ်။ ဘောက်ဆင်ထက်နှိုင်းယှဉ်ရင် ထိုးသတ်ကြေးနည်းပါးလွန်းတဲ့ UFC ကစားသမားတွေဟာ ငွေကြေးပိုလိုချင်တဲ့အတွက် ရှုံးနိမ့်မယ်ဆိုတာ သိပေမယ့် Floyd Mayweather ကို စိန်ခေါ်တာဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com