[Zawgyi]

Khabib Nurmagomedov ကုိ ရႈံးနိမ့္ခဲ့ေပမယ့္ ထုိးသတ္ေၾကးပုိရခဲ့တဲ့ Conor McGregor

UFC (Ultimate Fighting Championship) ရဲ႕ လုိက္ဝိတ္ခ်န္ပီယံလုပြဲ (UFC 229) မွာ ရုရွားႏုိင္ငံသား Khabib Nurmagomedov က Conor McGregor ကုိ စတုတၳအခ်ီ သုံးမိနစ္သုံးစကၠန္႔မွာပဲ ခ်ဳပ္သုိင္းနဲ႔ အႏုိင္ယူသြားပါတယ္။ Khabib Nurmagomedov ဟာ အႏုိင္ရခဲ့ေပမယ့္ အပုိဆုေၾကးမရရွိဘဲ ထုိးေၾကး ေဒၚလာ (၂) သန္း ရရွိခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ လုိက္ဝိတ္ခ်န္ပီယံဘြဲ႕ ကုိ ဆက္လက္ထိန္းသိမ္းႏုိင္ခ့ဲတဲ့ Khabib Nurmagomedov က ေဒၚလာ (၂) သန္းရရွိၿပီး Conor McGregor ကေတာ့ ေဒၚလာ (၃) သန္းရရွိတယ္လုိ႔ သိရပါတယ္။Khabib Nurmagomedov ဟာ ရႈံးပြဲမရွိစံခ်ိန္တင္ထားေပမယ့္ Conor McGregor ဟာ ပုိနာမည္ႀကီးတဲ့အတြက္ ဘယ္လုိရလဒ္ပဲ ထြက္လာပါေစ ထုိးေၾကးပုိရတာျဖစ္ပါတယ္။ ၂ဝ၁၇ခုႏွစ္ ၾသဂုတ္လ (၂၆) ရက္ေန႔မွာ Floyd Mayweather နဲ႔ ထုိးသတ္တုန္းက ေဒၚလာ (၈၅) သန္းအထိရခဲ့တဲ့ Conor McGregor အေနနဲ႔ ဒီပမာဏဟာ အေတာ္နည္းတယ္လုိ႔ ဆုိႏုိင္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Khabib Nurmagomedov ကို ရှုံးနိမ့်ခဲ့ပေမယ့် ထိုးသတ်ကြေးပိုရခဲ့တဲ့ Conor McGregor

UFC (Ultimate Fighting Championship) ရဲ့ လိုက်ဝိတ်ချန်ပီယံလုပွဲ (UFC 229) မှာ ရုရှားနိုင်ငံသား Khabib Nurmagomedov က Conor McGregor ကို စတုတ္ထအချီ သုံးမိနစ်သုံးစက္ကန့်မှာပဲ ချုပ်သိုင်းနဲ့ အနိုင်ယူသွားပါတယ်။ Khabib Nurmagomedov ဟာ အနိုင်ရခဲ့ပေမယ့် အပိုဆုကြေးမရရှိဘဲ ထိုးကြေး ဒေါ်လာ (၂) သန်း ရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ လိုက်ဝိတ်ချန်ပီယံဘွဲ့ ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ Khabib Nurmagomedov က ဒေါ်လာ (၂) သန်းရရှိပြီး Conor McGregor ကတော့ ဒေါ်လာ (၃) သန်းရရှိတယ်လို့ သိရပါတယ်။Khabib Nurmagomedov ဟာ ရှုံးပွဲမရှိစံချိန်တင်ထားပေမယ့် Conor McGregor ဟာ ပိုနာမည်ကြီးတဲ့အတွက် ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ ထိုးကြေးပိုရတာဖြစ်ပါတယ်။ ၂ဝ၁၇ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့မှာ Floyd Mayweather နဲ့ ထိုးသတ်တုန်းက ဒေါ်လာ (၈၅) သန်းအထိရခဲ့တဲ့ Conor McGregor အနေနဲ့ ဒီပမာဏဟာ အတော်နည်းတယ်လို့ ဆိုနိုင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com