[Zawgyi]

သက္သတ္လြတ္ၾကက္ေၾကာ္ကို ထုတ္လုပ္ဖို႔ စမ္းသပ္မယ့္ ‘KFC’

KFC ဟာ သူတိုအတြက္ အသစ္ဆန္းဆံုးနဲ႔ က်န္းမာေရးနဲ႔လည္း ညီညြတ္ေစမယ့္ ထုတ္ကုန္အသစ္တစ္ခုကို စမ္းသပ္ေနျပီး ဒီစားစရာမွာ သူတို႔ရဲ႕ နာမည္အၾကီးဆံုး ပါဝင္ပစၥည္းျဖစ္တဲ့ ၾကက္သားကုိ ခ်န္ထားခဲ့ပါလိမ့္မယ္။ ၾကက္သားနဲ႔တူျပီး သူတို႔ရဲ့ နာမည္ၾကီး အေမႊးအၾကိဳင္ဟင္းခတ္အရသာေတြ ပါဝင္တဲ့ သက္သတ္လြတ္ေရြးခ်ယ္စရာတစ္ခုကို စမ္းသပ္ေနတယ္လို႔ KFC က ဒီအပတ္ထဲမွာ ထုတ္ျပန္ခဲ့ပါတယ္။

KFC စားစရာမ်ား

KFC စားစရာမ်ား

“စမ္းသပ္ေနတာေတာ့ အေစာပုိင္းကာလပဲ ရွိေသးျပီး ကၽြန္ေတာ္တို႔ ထုတ္လုပ္မယ့္ အရာကို အခုေတာ့ အထူးလွ်ိဳ႕ဝွက္ထားပါတယ္” လို႔ KFC ရဲ့ ေျပာေရးဆုိခြင့္ရွိသူက ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ “တကယ္လို႔ ခ်က္ျပဳတ္နည္းလံုးဝျပည့္စံုျပီဆိုတာနဲ႔ ဒီႏွစ္ထဲမွာ စားသံုးသူေတြကို စမ္းသပ္စားသံုးခြင့္ေပးမွာ ျဖစ္ျပီး အစစအရာရာအဆင္ေျပျပီဆုိတာနဲ႔ ၂၀၁၉ ခုႏွစ္မွာ သက္သတ္လြတ္ေရြးခ်ယ္စရာ စားစရာတစ္ခုအေနနဲ႔ ေရာင္းခ်မွာပါ” လို႔လည္း ဆုိပါတယ္။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အေၾကာင္း အေသးစိတ္သိရွိရန္

ဒီေၾကညာခ်က္ဟာ ျဗိတိန္အစိုးရရဲ့ တမ်ိဳးသားလံုး ပိုလွ်ံကယ္လိုရီစားသံုးမႈကို ေလွ်ာ့ခ်မယ့္ေၾကညာခ်က္အျပီးမွာ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ အဂၤလန္ျပည္သူ႔က်န္းမာေရးဌာနက ၂၀၂၄ ခုႏွစ္ေရာက္ရင္ နာမည္ၾကီး အစားအေသာက္ေတြရဲ့ ကယ္လိုရီပမာဏကို ၂၀% ထိ ေလွ်ာ့ခ်ဖို႔ ရည္ရြယ္ခ်က္ထားထားတာ ျဖစ္ပါတယ္။

KFC သက္သတ္လြတ္ ပန္းပြင့္ေၾကာ္

KFC သက္သတ္လြတ္ ပန္းပြင့္ေၾကာ္

KFC ဟာလည္း ဒီအစီအစဥ္မွာ ပါဝင္ဖို႔ ရွိေနျပီး ဒါေၾကာင့္ပဲ သက္သတ္လြတ္ၾကက္ေၾကာ္ကို ထုတ္လုပ္ဖို႔ စီစဥ္ခဲ့တာပါ။ ဒါတင္မဟုတ္ဘဲ အသားအစားထိုး ထုတ္ကုန္အေနနဲ႔ တို႔ဖူးနဲ႔ Soy-Based ဘာဂါနဲ႔ Sausages ေတြကိုလည္း တိုးျမွင့္ထုတ္လုပ္ဖို႔ ရွိေနပါတယ္။

KFC သက္သတ္လြတ္ဘာဂါ

KFC သက္သတ္လြတ္ဘာဂါ

ဒါေၾကာင့္ သက္သတ္လြတ္ၾကက္သားေၾကာ္ဆိုတဲ့ အမည္ဆန္းဆန္းနဲ႔ ၾကက္သားမပါတဲ့ သက္သတ္လြတ္စားစရာတစ္ခုကို KFC ရဲ့ Menu စာရင္းမွာ မၾကာခင္ျမင္ေတြ႔ရဖို႔ ရွိေနပါျပီ။

HP Spectre

HP Spectre

HP Spectre အေၾကာင္း အေသးစိတ္သိရွိရန္

Yoe Lu (Akhayar)

www.akhayar.com

Ref : nytimes.com

[Unicode]

သက်သတ်လွတ်ကြက်ကြော်ကို ထုတ်လုပ်ဖို့ စမ်းသပ်မယ့် ‘KFC’

KFC ဟာ သူတိုအတွက် အသစ်ဆန်းဆုံးနဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်စေမယ့် ထုတ်ကုန်အသစ်တစ်ခုကို စမ်းသပ်နေပြီး ဒီစားစရာမှာ သူတို့ရဲ့ နာမည်အကြီးဆုံး ပါဝင်ပစ္စည်းဖြစ်တဲ့ ကြက်သားကို ချန်ထားခဲ့ပါလိမ့်မယ်။ ကြက်သားနဲ့တူပြီး သူတို့ရဲ့ နာမည်ကြီး အမွှေးအကြိုင်ဟင်းခတ်အရသာတွေ ပါဝင်တဲ့ သက်သတ်လွတ်ရွေးချယ်စရာတစ်ခုကို စမ်းသပ်နေတယ်လို့ KFC က ဒီအပတ်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

KFC စားစရာများ

KFC စားစရာများ

“စမ်းသပ်နေတာတော့ အစောပိုင်းကာလပဲ ရှိသေးပြီး ကျွန်တော်တို့ ထုတ်လုပ်မယ့် အရာကို အခုတော့ အထူးလျှို့ဝှက်ထားပါတယ်” လို့ KFC ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ “တကယ်လို့ ချက်ပြုတ်နည်းလုံးဝပြည့်စုံပြီဆိုတာနဲ့ ဒီနှစ်ထဲမှာ စားသုံးသူတွေကို စမ်းသပ်စားသုံးခွင့်ပေးမှာ ဖြစ်ပြီး အစစအရာရာအဆင်ပြေပြီဆိုတာနဲ့ ၂၀၁၉ ခုနှစ်မှာ သက်သတ်လွတ်ရွေးချယ်စရာ စားစရာတစ်ခုအနေနဲ့ ရောင်းချမှာပါ” လို့လည်း ဆိုပါတယ်။

Acer Predator Helios 300

Acer Predator Helios 300

Acer Predator Helios 300 အကြောင်း အသေးစိတ်သိရှိရန်

ဒီကြေညာချက်ဟာ ဗြိတိန်အစိုးရရဲ့ တမျိုးသားလုံး ပိုလျှံကယ်လိုရီစားသုံးမှုကို လျှော့ချမယ့်ကြေညာချက်အပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနက ၂၀၂၄ ခုနှစ်ရောက်ရင် နာမည်ကြီး အစားအသောက်တွေရဲ့ ကယ်လိုရီပမာဏကို ၂၀% ထိ လျှော့ချဖို့ ရည်ရွယ်ချက်ထားထားတာ ဖြစ်ပါတယ်။

KFC သက်သတ်လွတ် ပန်းပွင့်ကြော်

KFC သက်သတ်လွတ် ပန်းပွင့်ကြော်

KFC ဟာလည်း ဒီအစီအစဉ်မှာ ပါဝင်ဖို့ ရှိနေပြီး ဒါကြောင့်ပဲ သက်သတ်လွတ်ကြက်ကြော်ကို ထုတ်လုပ်ဖို့ စီစဉ်ခဲ့တာပါ။ ဒါတင်မဟုတ်ဘဲ အသားအစားထိုး ထုတ်ကုန်အနေနဲ့ တို့ဖူးနဲ့ Soy-Based ဘာဂါနဲ့ Sausages တွေကိုလည်း တိုးမြှင့်ထုတ်လုပ်ဖို့ ရှိနေပါတယ်။

KFC သက်သတ်လွတ်ဘာဂါ

KFC သက်သတ်လွတ်ဘာဂါ

ဒါကြောင့် သက်သတ်လွတ်ကြက်သားကြော်ဆိုတဲ့ အမည်ဆန်းဆန်းနဲ့ ကြက်သားမပါတဲ့ သက်သတ်လွတ်စားစရာတစ်ခုကို KFC ရဲ့ Menu စာရင်းမှာ မကြာခင်မြင်တွေ့ရဖို့ ရှိနေပါပြီ။

HP Spectre

HP Spectre

HP Spectre အကြောင်း အသေးစိတ်သိရှိရန်

Yoe Lu (Akhayar)

www.akhayar.com

Ref : nytimes.com