[Zawgyi]
De-Bruyne
De-Bruyne
Guardiola
Guardiola
Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com
[Unicode]
ဒဏ်ရာကြောင့် အနားယူရမယ့် ဒီဘရိုင်းနား De Bruyne
မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne ဟာ ဒဏ်ရာပြဿနာကြောင့်(၃)လအနားယူရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလေ့ကျင့်ရေးကွင်းမှာ ဒီဘရိုင်းနား De Bruyne ဟာ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့တာပါ။ ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ဖို့မလိုဘူးလို့သိရပါတယ်။ ဒီဘရိုင်းနား De Bruyne ဟာ ၂၀၁၆ ခုနှစ်ကလည်း ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့ဖူးပြီး အသင်းရဲ့ပွဲစဉ်(၁၂)ပွဲကိုလွှဲချော်ခဲ့ပါတယ်။
De-Bruyne
De-Bruyne
ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒီဘရိုင်းနား De Bruyne ဟာ မန်စီးတီးအသင်းရဲ့ Player of the Year ဆုကိုရရှိခဲ့ပြီး အသင်းအတွက် သွင်းဂိုး(၂၁)ဂိုးဖန်တီးပေးခဲ့သလို သွင်းဂိုး(၁၂)ဂိုးသွင်းယူထားသူပါ။ ဒီဘရိုင်းနား De Bruyne ဟာ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလွဲခောျ်မှာဖြစ်သလို ဒီအထဲမှာ လီဗာပူးလ် ၊ စပါး ၊ မန်ယူ စတဲ့အသင်းကြီးတွေနဲ့ ပွဲစဉ်တွေလည်းပါဝင်နေပြီး ချန်ပီယံလိဂ်ပွဲစဉ်တချို့ကိုလည်းလွှဲခောျ်သွားမှာဖြစ်ပါတယ်။
Guardiola
Guardiola
မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola က ” ဒီဘရိုင်းနား De Bruyne ရဲ့နေရာကို အစားထိုးဖို့ကမလွယ်ပါဘူး သူမပါပဲအကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ကြိုးစားသွားမှာပါ သူပြန်ရောက်လာမယ့်အချိန်အထိ ကြိုးစားသွားမှာပါ ” လို့ပြောကြားခဲ့ပါတယ်။
Ref: BBC Sport
Photo: The Independent , SPORTbible , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com