[Zawgyi]

ေလ႔က်င္႔ေရးကြင္းမွာ ဒဏ္ရာရရိွခဲ႔တဲ႔ ဒီဘ႐ုိင္းနား De Bruyne

မန္စီးတီးအသင္းကြင္းလယ္လူ ဒီဘ႐ုိင္းနား De Bruyne ဟာ ျပီးခဲ႔တဲ႔ ဗုဒၶဟူးေန႔ကေလ႔က်င္႔ေရးကြင္းမွာ ညာဘက္ဒူးဒဏ္ရာ ရရိွခဲ႔ပါတယ္။ ဒီဘ႐ုိင္းနား De Bruyne အေနနဲ႔ (၃)လခန္႔ အနားယူရဖို႔ရိွတယ္လို႔ သတင္းေတြကေဖာ္ျပေနၾကပါတယ္။ ဒီဘ႐ုိင္းနား De Bruyne ဟာ ၂၀၁၆ ခုႏွစ္ကလည္း ညာဘက္ဒူးဒဏ္ရာ ရရိွခဲ႔ဖူးျပီး အသင္းရဲ႕ပြဲစဥ္(၁၂)ပြဲကိုလႊဲေခ်ာ္ခဲ႔ရပါတယ္။ ေဘာလံုးရာသီသစ္ ျပန္စျခင္းမွာ ဒီဘ႐ုိင္းနား De Bruyne ဒဏ္ရာရရိွခဲ႔တာကေတာ႔ မန္စီးတီးအသင္းအတြက္ ထိုးႏွက္ခ်က္တစ္ခုလို႔ဆိုရမွာပါ။

De-Bruyne

De-Bruyne

ဒီဘ႐ုိင္းနား De Bruyne ဟာ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီက မန္စီးတီးအသင္းအတြက္ ေျခစြမ္းျပကစားခဲ႔သူျဖစ္ျပီး မန္စီးတီးအသင္းရဲ႕ Player of the Year ဆုကိုရရိွခဲ႔ပါတယ္။ အသက္(၂၇)ႏွစ္အရြယ္ရိွျပီျဖစ္သူ ဒီဘ႐ုိင္းနား De Bruyne ဟာ ျပီးခဲ႔တဲ႔ေဘာလံုးရာသီက မန္စီးတီးအသင္းအတြက္ သြင္းဂိုး(၂၁)ဂိုးဖန္တီးေပးခဲ႔ျပီး သြင္းဂိုး(၁၂)ဂိုးသြင္းယူထားသူပါ။ ဒီဘ႐ုိင္းနား De Bruyne ဟာ မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို (၁)ၾကိမ္ ၊ လိဂ္ဖလားခ်န္ပီယံဆုကို (၂)ၾကိမ္ရရိွထားပါတယ္။ မန္စီးတီးအသင္းရဲ႕ ကြင္းလယ္မွာ ဒီဘ႐ုိင္းနား De Bruyne ဟာ အဓိကေနရာမွာရိွေနတာေၾကာင္႔ ဒီဘ႐ုိင္းနား De Bruyne မပါ၀င္တဲ႔ မန္စီးတီးအသင္းကြင္းလယ္အေျခအေနက ဘယ္လိုအေနအထားမွာရိွမလဲဆိုတာ စိတ္၀င္စားစရာပါ။

Ref: BBC Sport
Photo: SportsJOE.ie , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ ဒီဘရိုင်းနား De Bruyne

မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနား De Bruyne ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလေ့ကျင့်ရေးကွင်းမှာ ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဘရိုင်းနား De Bruyne အနေနဲ့ (၃)လခန့် အနားယူရဖို့ရှိတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။ ဒီဘရိုင်းနား De Bruyne ဟာ ၂၀၁၆ ခုနှစ်ကလည်း ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့ဖူးပြီး အသင်းရဲ့ပွဲစဉ်(၁၂)ပွဲကိုလွှဲချော်ခဲ့ရပါတယ်။ ဘောလုံးရာသီသစ် ပြန်စခြင်းမှာ ဒီဘရိုင်းနား De Bruyne ဒဏ်ရာရရှိခဲ့တာကတော့ မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်တစ်ခုလို့ဆိုရမှာပါ။

De-Bruyne

De-Bruyne

ဒီဘရိုင်းနား De Bruyne ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစားခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းရဲ့ Player of the Year ဆုကိုရရှိခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီဘရိုင်းနား De Bruyne ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းအတွက် သွင်းဂိုး(၂၁)ဂိုးဖန်တီးပေးခဲ့ပြီး သွင်းဂိုး(၁၂)ဂိုးသွင်းယူထားသူပါ။ ဒီဘရိုင်းနား De Bruyne ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၁)ကြိမ် ၊ လိဂ်ဖလားချန်ပီယံဆုကို (၂)ကြိမ်ရရှိထားပါတယ်။ မန်စီးတီးအသင်းရဲ့ ကွင်းလယ်မှာ ဒီဘရိုင်းနား De Bruyne ဟာ အဓိကနေရာမှာရှိနေတာကြောင့် ဒီဘရိုင်းနား De Bruyne မပါဝင်တဲ့ မန်စီးတီးအသင်းကွင်းလယ်အခြေအနေက ဘယ်လိုအနေအထားမှာရှိမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Ref: BBC Sport
Photo: SportsJOE.ie , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com