[Zawgyi]

Kendall Jenner ဝတ္ေလ့ဝတ္ထရွိတဲ႔ Signature Style Pieces မ်ား

ကမာၻ႔ေက်ာ္ေမာ္ဒယ္လ္ Kendall Jenner က ခႏၶာကိုယ္အခ်ုဳိးအစားလွပသလို ဝတ္ပံုစားပံုကလည္း ကမာၻ႕ေက်ာ္ေမာ္ဒယ္လ္ဆိုတဲ႔ ဂုဏ္ပုဒ္နဲ႔အညီ Fashion က်က်နဲ႔ ခပ္မိုက္မိုက္ျဖစ္ေအာင္ ဝတ္ဆင္တတ္သူတစ္ေယာက္ျဖစ္ပါတယ္။ အလန္စားေမာ္ဒယ္လ္ Kendall Jenner ရဲ႕ Fashion ကို Inspire ယူၿပီး ဝတ္ဆင္ၾကည္႔လို႔ရေအာင္ Kendall ရဲ႕ ဝတ္ေလ့ဝတ္ထရွိတဲ့ Fashion ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

Crop Top

Kendall က သူမရဲ႕ခႏၶာကိုယ္ေကာက္ေၾကာင္းကို ထုတ္ျပဖို႔ ဝန္ေလးတတ္သူတစ္ေယာက္မဟုတ္ဘူးဆိုတာက Crop Top ဝတ္ၿပီး သက္ေသျပေလ့ရွိသူျဖစ္ပါတယ္။ ဒါအျပင္ ေႏြရာသီမွာ Fashion Trend တစ္ခုအေနနဲ႔ေရာ အပူသက္သာေစဖို႔ရည္ရြယ္ၿပီးေတာ့ေရာ ဝမ္းဗိုက္ကို အနည္းငယ္လွစ္ဟထားတဲ႔ Crop Top မ်ဳိးနဲ႔ ေဘာင္းဘီအပြမ်ဳိးကို ဝတ္ဆင္တတ္ပါတယ္။ Crop Top တစ္ထည္ဝတ္ဆင္ၿပီး အေပၚကေန ကုတ္တစ္ခုခုလိုမ်ဳိး ထပ္ဝတ္တဲ့ပံုစံကလည္း Kendall ရဲ႕ Signature Style ပဲျဖစ္ပါတယ္။

Crop Top

Leather Leggings

Kendall က Leather Leggings ေတြကို ခ်စ္ျမတ္ႏိုးသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ Leather Leggings တစ္ထည္ရွိရုံနဲ႔ ဖက္ရွင္စတိုင္လ္မ်ဳိးစံုဖန္တီးကာ အထာက်ေအာင္ တဲြဖက္ဝတ္ဆင္တတ္သူျဖစ္ပါတယ္။ T-Shirt အျဖဴေျဗာင္တစ္ထည္နဲ႔ Leather Leggings တစ္ထည္ တဲြဖက္ဝတ္ဆင္ထားၿပီဆိုရင္ ကိုယ္ဝတ္ထားတဲ႔ဖက္ရွင္ကို လိုက္ဖက္မႈရွိမရွိ ျပန္စစ္ေဆးစရာမလိုေအာင္ ၿပီးျပည့္စံုေနေစတယ္ဆိုတာကို Kendall က ယံုၾကည္ထားသူျဖစ္ပါတယ္။ Leather အစစ္ေတြက ေစ်းအရမ္းႀကီးလို႔ လိုက္ဝတ္ဖို႔ အဆင္မေျပမွာစိုးရိမ္ေနရင္ ေစ်းႏႈန္းခ်ဳိသာတဲ႔ Leather leggings ေတြနဲ႔ Pleather Legging မ်ဳိးေတြရွာေဖြၿပီး Kendall လိိုစတိုင္လ္မ်ဳိး ဖန္တီးၾကည္႔ႏိုင္ပါတယ္။ ဖက္ရွင္စည္းမ်ဥ္းမွာ ေစ်းႏႈန္းက အေရးႀကီးတဲ႔အရာမဟုတ္ဘဲ မွန္ကန္တဲ့အတဲြအစပ္ေတြကို သူေနရာနဲ႔သူ ဝတ္ဆင္တတ္ဖို႔က အေရးႀကီးလို႔ ေစ်းႏႈန္းေတြကို ထည္႔သြင္းစဥ္းစာမေနသင္႔ဘူးလို႔ ထင္တယ္ေနာ္။

fur coat and leather leggings

Skinny Jeans

ခႏၶာကိုယ္လွတဲ့သူက ဘာဝတ္ဝတ္လွတယ္ဆုိတဲ့အတုိင္း Kendall က ရုိးရွင္းတဲ့ Skinny Jean ကိုေတာင္ ေၾကြေလာက္ေအာင္ ဝတ္တတ္သူပါ။ Kendall ရဲ႕ Signature Style ေတြထဲက တစ္ခုျဖစ္တဲ့ Skinny Jean က လူတိုင္းလည္း အလြယ္တကူလိုက္တုပၿပီး ဝတ္ဆင္လုိ႔ရသလို လံုျခံဳလြတ္လပ္ေပါ့ပါးၿပီး Free Style အသြင္ကို ရရွိေစမွာ အေသအခ်ာပါပဲ။

kendall jenner skinny jeans

Mini Bag

အနားယူအပန္းေျဖဖို႔ ၿမိဳ႕ထဲကိုေလွ်ာက္ပတ္သြားမယ္ဆိုရင္ေတာ႔ ေလးလံတဲ႔အိတ္ေတြကို ဘယ္ေတာ့႔မွမကိုင္ဘဲ Mini Bag ေလးတစ္လံုးကုိလြယ္ၿပီး လြင္႔ေမ်ာေနတာကလည္း Kendall ရဲ႕ Signature တစ္ခုပဲဲျဖစ္ပါတယ္။ ဒါကိုၾကည္႔ျခင္းအားျဖင္႔လည္း က်န္းမာေရးကိုလည္းလိုက္စားၿပီး ဖက္ရွင္ကိုလည္း အေလးေပးတဲ့ ေမာ္ဒယ္လ္တစ္ေယာက္ဆိုတာ ေပၚလြင္ပါတယ္။ Celine Nano Brand ထဲက Mini Bag ေလးေတြကို လြယ္ၿပီး ၿမိဳ႕ထဲသြားေနတဲဲ့ Kendall ကိုၾကည္႔ရတာ တက္ၾကြလန္းဆန္းမႈအျပည္႔နဲ႔ ေပါ့ပါးလြတ္လပ္ေနတာကို ျမင္ရပါတယ္။ တစ္ေနကုန္ေလွ်ာက္ၿပီး သြားရမယ့္ခရီးမ်ဳိးဆိုရင္ Kendall ရဲ႕ Signature အတိုင္းသာ လြယ္ၿပီးသြားၾကည္႔ရင္ လြတ္လပ္ေပါ့ပါးမႈနဲ႔ တက္ၾကြတဲ့ေျခလွမ္းေတြ ပိုင္ဆိုင္ေတာ့မွာ အေသအခ်ာပါပဲ။

Min bag

Ankle Booties

ကမာၻ႔ေက်ာ္ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္လို႔ Kendall ရဲ႕ Signature Style ကို Caged Sandals နဲ႔ High Heel ေတြျဖစ္မယ္ထင္ၾကေသာ္လည္း သူမအႀကိဳက္ဆံုး ဝတ္ဆင္တဲ့ဖိနပ္ကေတာ့ အနက္ေရာင္ Ankle Booties ပဲ ျဖစ္ပါတယ္။ သူမဝတ္ေလ့ဝတ္ထရွိတဲ့ Boots ကေတာ့ Alexander Wang Booties ျဖစ္ပါတယ္။ Booties ေတြကို ဝတ္ဆင္ၿပီး ယံုၾကည္မႈႈရွွိရွိနဲ႔ ေလွ်ာက္လွမ္းေနတဲ႔ Kendall ရဲ႕ပံုကလည္း ဘယ္သူနဲ႔မွမတူဘဲ လန္းလို႔ေနပါတယ္။ ဒီႏိုင္ငံမွာ Ankle Booties ဝတ္မယ္ဆိုရင္ေတာ့ Show ပဲြေတြမွာ ဝတ္ဆင္ရင္ ပိုၿပီးကိုက္ညီမယ္လို႔ေတာ့ ထင္ပါတယ္။

suede black ankle booties

အခုေဖာ္ျပထားတဲ႔ Kendall ရဲ႕ Signature Style ေတြက ျမန္မာႏိုင္ငံမွာ တုပၿပီး လိုက္ဝတ္ၾကည္႔ဖို႔ အဆင္ေျပသလို ေပါ့ေပါ့ပါးပါးနဲ႔ လန္းေစတဲ့ ဖက္ရွင္စတိုင္လ္ေတြျဖစ္လို႔ အခုပဲ Inspire ယူၿပီး ကိုယ္ပိုင္စတုိင္လ္ေတြနဲ႔ ေပါင္းစပ္ကာ ဘယ္သူနဲ႔မွမတူတဲ႔ ဖက္ရွင္အလန္းစားေတြကို ဖန္တီးၾကည္႔ၾကရေအာင္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Kendall Jenner ဝတ်လေ့ဝတ်ထရှိတဲ့ Signature Style Pieces များ

ကမ္ဘာ့ကျော်မော်ဒယ်လ် Kendall Jenner က ခန္ဓာကိုယ်အချိုုးအစားလှပသလို ဝတ်ပုံစားပုံကလည်း ကမ္ဘာ့ကျော်မော်ဒယ်လ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ Fashion ကျကျနဲ့ ခပ်မိုက်မိုက်ဖြစ်အောင် ဝတ်ဆင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အလန်စားမော်ဒယ်လ် Kendall Jenner ရဲ့ Fashion ကို Inspire ယူပြီး ဝတ်ဆင်ကြည့်လို့ရအောင် Kendall ရဲ့ ဝတ်လေ့ဝတ်ထရှိတဲ့ Fashion လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

Crop Top

Kendall က သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ထုတ်ပြဖို့ ဝန်လေးတတ်သူတစ်ယောက်မဟုတ်ဘူးဆိုတာက Crop Top ဝတ်ပြီး သက်သေပြလေ့ရှိသူဖြစ်ပါတယ်။ ဒါအပြင် နွေရာသီမှာ Fashion Trend တစ်ခုအနေနဲ့ရော အပူသက်သာစေဖို့ရည်ရွယ်ပြီးတော့ရော ဝမ်းဗိုက်ကို အနည်းငယ်လှစ်ဟထားတဲ့ Crop Top မျိုးနဲ့ ဘောင်းဘီအပွမျိုးကို ဝတ်ဆင်တတ်ပါတယ်။ Crop Top တစ်ထည်ဝတ်ဆင်ပြီး အပေါ်ကနေ ကုတ်တစ်ခုခုလိုမျိုး ထပ်ဝတ်တဲ့ပုံစံကလည်း Kendall ရဲ့ Signature Style ပဲဖြစ်ပါတယ်။

Crop Top

Leather Leggings

Kendall က Leather Leggings တွေကို ချစ်မြတ်နိုးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ Leather Leggings တစ်ထည်ရှိရုံနဲ့ ဖက်ရှင်စတိုင်လ်မျိုးစုံဖန်တီးကာ အထာကျအောင် တွဲဖက်ဝတ်ဆင်တတ်သူဖြစ်ပါတယ်။ T-Shirt အဖြူဗြောင်တစ်ထည်နဲ့ Leather Leggings တစ်ထည် တွဲဖက်ဝတ်ဆင်ထားပြီဆိုရင် ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို လိုက်ဖက်မှုရှိမရှိ ပြန်စစ်ဆေးစရာမလိုအောင် ပြီးပြည့်စုံနေစေတယ်ဆိုတာကို Kendall က ယုံကြည်ထားသူဖြစ်ပါတယ်။ Leather အစစ်တွေက ဈေးအရမ်းကြီးလို့ လိုက်ဝတ်ဖို့ အဆင်မပြေမှာစိုးရိမ်နေရင် ဈေးနှုန်းချိုသာတဲ့ Leather leggings တွေနဲ့ Pleather Legging မျိုးတွေရှာဖွေပြီး Kendall လိုစတိုင်လ်မျိုး ဖန်တီးကြည့်နိုင်ပါတယ်။ ဖက်ရှင်စည်းမျဉ်းမှာ ဈေးနှုန်းက အရေးကြီးတဲ့အရာမဟုတ်ဘဲ မှန်ကန်တဲ့အတွဲအစပ်တွေကို သူနေရာနဲ့သူ ဝတ်ဆင်တတ်ဖို့က အရေးကြီးလို့ ဈေးနှုန်းတွေကို ထည့်သွင်းစဉ်းစာမနေသင့်ဘူးလို့ ထင်တယ်နော်။

fur coat and leather leggings

Skinny Jeans

ခန္ဓာကိုယ်လှတဲ့သူက ဘာဝတ်ဝတ်လှတယ်ဆိုတဲ့အတိုင်း Kendall က ရိုးရှင်းတဲ့ Skinny Jean ကိုတောင် ကြွေလောက်အောင် ဝတ်တတ်သူပါ။ Kendall ရဲ့ Signature Style တွေထဲက တစ်ခုဖြစ်တဲ့ Skinny Jean က လူတိုင်းလည်း အလွယ်တကူလိုက်တုပပြီး ဝတ်ဆင်လို့ရသလို လုံခြုံလွတ်လပ်ပေါ့ပါးပြီး Free Style အသွင်ကို ရရှိစေမှာ အသေအချာပါပဲ။

kendall jenner skinny jeans

Mini Bag

အနားယူအပန်းဖြေဖို့ မြို့ထဲကိုလျှောက်ပတ်သွားမယ်ဆိုရင်တော့ လေးလံတဲ့အိတ်တွေကို ဘယ်တော့မှမကိုင်ဘဲ Mini Bag လေးတစ်လုံးကိုလွယ်ပြီး လွင့်မျောနေတာကလည်း Kendall ရဲ့ Signature တစ်ခုပဲဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်လည်း ကျန်းမာရေးကိုလည်းလိုက်စားပြီး ဖက်ရှင်ကိုလည်း အလေးပေးတဲ့ မော်ဒယ်လ်တစ်ယောက်ဆိုတာ ပေါ်လွင်ပါတယ်။ Celine Nano Brand ထဲက Mini Bag လေးတွေကို လွယ်ပြီး မြို့ထဲသွားနေတဲ့ Kendall ကိုကြည့်ရတာ တက်ကြွလန်းဆန်းမှုအပြည့်နဲ့ ပေါ့ပါးလွတ်လပ်နေတာကို မြင်ရပါတယ်။ တစ်နေကုန်လျှောက်ပြီး သွားရမယ့်ခရီးမျိုးဆိုရင် Kendall ရဲ့ Signature အတိုင်းသာ လွယ်ပြီးသွားကြည့်ရင် လွတ်လပ်ပေါ့ပါးမှုနဲ့ တက်ကြွတဲ့ခြေလှမ်းတွေ ပိုင်ဆိုင်တော့မှာ အသေအချာပါပဲ။

Min bag

Ankle Booties

ကမ္ဘာ့ကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်လို့ Kendall ရဲ့ Signature Style ကို Caged Sandals နဲ့ High Heel တွေဖြစ်မယ်ထင်ကြသော်လည်း သူမအကြိုက်ဆုံး ဝတ်ဆင်တဲ့ဖိနပ်ကတော့ အနက်ရောင် Ankle Booties ပဲ ဖြစ်ပါတယ်။ သူမဝတ်လေ့ဝတ်ထရှိတဲ့ Boots ကတော့ Alexander Wang Booties ဖြစ်ပါတယ်။ Booties တွေကို ဝတ်ဆင်ပြီး ယုံကြည်မှုှုရှှိရှိနဲ့ လျှောက်လှမ်းနေတဲ့ Kendall ရဲ့ပုံကလည်း ဘယ်သူနဲ့မှမတူဘဲ လန်းလို့နေပါတယ်။ ဒီနိုင်ငံမှာ Ankle Booties ဝတ်မယ်ဆိုရင်တော့ Show ပွဲတွေမှာ ဝတ်ဆင်ရင် ပိုပြီးကိုက်ညီမယ်လို့တော့ ထင်ပါတယ်။

suede black ankle booties

အခုဖော်ပြထားတဲ့ Kendall ရဲ့ Signature Style တွေက မြန်မာနိုင်ငံမှာ တုပပြီး လိုက်ဝတ်ကြည့်ဖို့ အဆင်ပြေသလို ပေါ့ပေါ့ပါးပါးနဲ့ လန်းစေတဲ့ ဖက်ရှင်စတိုင်လ်တွေဖြစ်လို့ အခုပဲ Inspire ယူပြီး ကိုယ်ပိုင်စတိုင်လ်တွေနဲ့ ပေါင်းစပ်ကာ ဘယ်သူနဲ့မှမတူတဲ့ ဖက်ရှင်အလန်းစားတွေကို ဖန်တီးကြည့်ကြရအောင်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

H.H(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။