[Zawgyi]

Harry Styles ရဲ႕ ရႈိးပြဲမွာ အားပါးတရ အားေပးေနတာေတြ႔ရတဲ့ Kendall Jenner

Harry Styles ရဲ႕ ပထမဆံုး Solo Tour ေနာက္ဆံုးပြဲျဖစ္တဲ့၊ ကယ္လီိဖိုးနီးယားျပည္နယ္၊ Inglewood ျမိဳ႕မွာလုပ္တဲ့ ရႈိးပြဲကို နာမည္ၾကီး ေမာ္ဒယ္ Kendall Jenner တစ္ေယာက္ သြားေရာက္အားေပးခဲ့ပါတယ္္။

Harry Styles

Harry Styles

Kendall Jenner ဟာ သူ႔ရဲ႕ မိသားစု Hairstylist လည္းျဖစ္၊ သူငယ္ခ်င္းလည္းျဖစ္တဲ့ Jen Atin ရယ္၊ ေနာက္ထပ္ေယာက္က်ားေလးသူငယ္ခ်င္းတစ္ေယာက္ရယ္နဲ႔ အဲဒီပြဲကို လာၾကည့္ၾကတာ ျဖစ္ပါတယ္။

Kendall Jenner

Kendall Jenner

Kendall Jenner

Kendall Jenner

သူတို႔ဟာ Harry Styles ရဲ႕ ေဖ်ာ္ေျဖမႈမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လိုက္စီးေမ်ာ ကခုန္ေနၾကျပီး သီခ်င္းေတြကိုလည္း မတ္တပ္ရပ္ျပီး အားပါးတရ သီဆိုခဲ့ၾကပါတယ္။ သီခ်င္းေတာ္ေတာ္မ်ားမ်ားကုိလည္း သီဆိုႏုိင္ျပီး Harry Styles နဲ႔ Ariana Grande တို႔ ပူးတြဲေရးဖြဲ႔ထားတဲ့ သီခ်င္းျဖစ္တဲ့ “Just a Little Bit of your Heart” သီခ်င္းကိုလည္း သီဆိုခဲ့ပါတယ္။

Harry နဲ႔ Kendall တို႔ သိကၽြမ္းတာ ႏွစ္ေပါင္းအေတာ္ၾကာျပီျဖစ္ျပီး ျငိေနသလိုလို ေကာလာဟလေတြ ထြက္ေနတာလည္း ၂ ႏွစ္ေလာက္ရွိေနျပီ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ ႏွစ္သစ္အားလပ္ရက္ေတြမွာ ကာရစ္ဘီယန္ပင္လယ္ထဲ သူတို႔ႏွစ္ေယာက္တူတူ အေပ်ာ္ခရီးထြက္ခဲ့ဖူးပါတယ္။ သူတို႔ႏွစ္ေယာက္ျပန္လည္ေတြ႔ဆံုတာကေတာ့ ၂၀၁၇ ခုႏွစ္မွာ ျပဳလုပ္တဲ့ Kings Of Leon Concert မွာပါ။

ပြဲၾကည့္စင္မွာ ေတြ႔ရတဲ့ Shawn Mendes နဲ႔ Kate Beckinsale

ပြဲၾကည့္စင္မွာ ေတြ႔ရတဲ့ Shawn Mendes နဲ႔ Kate Beckinsale

Harry ရဲ႕ ရႈိးပြဲကို တက္ေရာက္လာတဲ့ တျခားဆယ္လီေတြလည္း ရွိျပီး သူတို႔ကေတာ့ အဆုိေတာ္ Shawn Mendes ၊ မင္းသမီး Kate Beckinsale ၊ အဆိုေတာ္ Meghan Trainor တို႔လည္း လာေရာက္အားေပးခဲ့ၾကပါတယ္။ Harry နဲ႔ Kendall တို႔ရဲ႕ ဆက္ဆံေရးက ရုိးရိုးသားသားအားေပးရုံပဲလား၊ ဒီထက္ပိုလားဆိုတာေတာ့ ဆက္ၾကည့္ရမွာပါ။

Yoe Lu (Akhayar)

www.akhayar.com

Source : eonline.com
[Unicode]

Harry Styles ရဲ့ ရှိုးပွဲမှာ အားပါးတရ အားပေးနေတာတွေ့ရတဲ့ Kendall Jenner

Harry Styles ရဲ့ ပထမဆုံး Solo Tour နောက်ဆုံးပွဲဖြစ်တဲ့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Inglewood မြို့မှာလုပ်တဲ့ ရှိုးပွဲကို နာမည်ကြီး မော်ဒယ် Kendall Jenner တစ်ယောက် သွားရောက်အားပေးခဲ့ပါတယ်။

Harry Styles

Harry Styles

Kendall Jenner ဟာ သူ့ရဲ့ မိသားစု Hairstylist လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ Jen Atin ရယ်၊ နောက်ထပ်ယောက်ကျားလေးသူငယ်ချင်းတစ်ယောက်ရယ်နဲ့ အဲဒီပွဲကို လာကြည့်ကြတာ ဖြစ်ပါတယ်။

Kendall Jenner

Kendall Jenner

Kendall Jenner

Kendall Jenner

သူတို့ဟာ Harry Styles ရဲ့ ဖျော်ဖြေမှုမှာ ပျော်ပျော်ရွှင်ရွှင် လိုက်စီးမျော ကခုန်နေကြပြီး သီချင်းတွေကိုလည်း မတ်တပ်ရပ်ပြီး အားပါးတရ သီဆိုခဲ့ကြပါတယ်။ သီချင်းတော်တော်များများကိုလည်း သီဆိုနိုင်ပြီး Harry Styles နဲ့ Ariana Grande တို့ ပူးတွဲရေးဖွဲ့ထားတဲ့ သီချင်းဖြစ်တဲ့ “Just a Little Bit of your Heart” သီချင်းကိုလည်း သီဆိုခဲ့ပါတယ်။

Harry နဲ့ Kendall တို့ သိကျွမ်းတာ နှစ်ပေါင်းအတော်ကြာပြီဖြစ်ပြီး ငြိနေသလိုလို ကောလာဟလတွေ ထွက်နေတာလည်း ၂ နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် နှစ်သစ်အားလပ်ရက်တွေမှာ ကာရစ်ဘီယန်ပင်လယ်ထဲ သူတို့နှစ်ယောက်တူတူ အပျော်ခရီးထွက်ခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ပြန်လည်တွေ့ဆုံတာကတော့ ၂၀၁၇ ခုနှစ်မှာ ပြုလုပ်တဲ့ Kings Of Leon Concert မှာပါ။

ပွဲကြည့်စင်မှာ တွေ့ရတဲ့ Shawn Mendes နဲ့ Kate Beckinsale

ပွဲကြည့်စင်မှာ တွေ့ရတဲ့ Shawn Mendes နဲ့ Kate Beckinsale

Harry ရဲ့ ရှိုးပွဲကို တက်ရောက်လာတဲ့ တခြားဆယ်လီတွေလည်း ရှိပြီး သူတို့ကတော့ အဆိုတော် Shawn Mendes ၊ မင်းသမီး Kate Beckinsale ၊ အဆိုတော် Meghan Trainor တို့လည်း လာရောက်အားပေးခဲ့ကြပါတယ်။ Harry နဲ့ Kendall တို့ရဲ့ ဆက်ဆံရေးက ရိုးရိုးသားသားအားပေးရုံပဲလား၊ ဒီထက်ပိုလားဆိုတာတော့ ဆက်ကြည့်ရမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Source : eonline.com