
[Zawgyi]
ကုိယ္အေလးခ်ိန္ ၃၇ ေပါင္ေတာင္ က်သြားတဲ့ Kelly Clarkson ရဲ႕ ဝိတ္က်နည္းလွ်ိဳ႕ဝွက္ခ်က္
အဆုိေတာ္ Kelly Clarkson ဟာ ပင္ကုိပါရမီ အသံေကာင္းသလို ဟာသဥာဏ္လည္းရွိ၊ သီခ်င္းအမ်ိဳးအစားမ်ိဳးစံုလည္း ဆုိႏုိင္သူပါ။ သူ႔ရဲ႕ပင္ကိုစြမ္းရည္ကုို ၂၀၁၈ ခုႏွစ္ Billboard Music Awards မွာ ေဖ်ာ္ေျဖသြားတာမွာလည္း ၾကည့္ႏိုင္သလို The Voice မွာ နည္းျပလုပ္ခဲ့တုန္းက သူ႔ရဲ႕ ခ်စ္စရာေကာင္းပံုေလးနဲ႔ အာဝဇၨန္းရႊင္မႈကိုလည္း ေတြ႔ႏုိင္ပါတယ္။

Kelly Clarkson in 2018 Billboard Music Award
Kelly Clarkson ဟာ ဝဝျပည့္ျပည့္ေလးျဖစ္ေပမယ့္ သူ႔ရဲ႕ ကိုယ္ခႏၶာအတြက္ ဘယ္ေတာ့မွ စိတ္အားမငယ္ခဲ့သူပါ။ တခ်ိဳ႕ပရိသတ္ေတြက လူမႈကြန္ရက္ေပၚမွာ သူ႔ရဲ႕ ဝျဖိဳးမႈကို ေထာက္ျပေဝဖန္ၾကေပမယ့္ ဘယ္တုန္းကမွ ကိုယ့္ကိုယ္ကို ယံုၾကည္မႈမေပ်ာက္ဆံုးခဲ့သူပါ။ ခုေတာ့ လက္ရွိ ကေလး ၄ ေယာက္ကို အုပ္ထိန္းေနတဲ့ အသက္ ၃၆နွစ္အရြယ္ Kelly Clarkson ဟာ နဂိုထက္ အလွၾကြယ္လို႔ ေပါင္ ၃၀ ေက်ာ္ တိတိက်က်ေျပာရရင္ ၃၇ ေပါင္ေလာက္ ကိုယ္အေလးခ်ိန္ခ်ခဲ့ႏုိင္ပါျပီ။

Kelly Clarkson
Kelly Clarkson ရဲ႕ ၂၀၁၇ ခုႏွစ္ ေႏွာင္းပိုင္းကေန ၂၀၁၈ ခုႏွစ္အတြင္း ကိုယ္အေလးခ်ိန္က်သြားျပီး လွလာတာကို ဓာတ္ပံုေတြထဲမွာ သိသိသာသာကို ေတြ႔ႏုိင္ပါတယ္။ Kelly ရဲ႕ ေပါင္ ၃၀ ေက်ာ္က်တဲ့ ဝိတ္က်နည္းလွ်ိဳ႕ဝွက္ခ်က္ကေတာ့
- သၾကားကို သိသိသာသာျဖတ္ျပီး အသီးအရြက္ေတြကိုေတာ့ အရင္ကထက္ ပိုစားပါတယ္တဲ့။ သၾကားဟာ ကယ္လိုရီေတြတိုးေစသလို အာဟာရျဖစ္စရာလည္း မပါပါဘူး။
- ျပီးေတာ့ သူဟာ အစားအေသာက္ပမာဏကိုလည္း ေလွ်ာ့ခ်ခဲ့ျပီး ၾကက္သားနဲ႔ ငါးက ရတဲ့ ပရိုတိန္းကို အဓိကစားသံုးပါတယ္။
- ေန႔လည္စာကို အရြက္သုပ္စားျပီး ဆုိဒါေသာက္သံုးမႈကိုလည္း ျဖတ္ခဲ့ပါတယ္။

Kelly Clarkson
Kelly Clarkson ကေတာ့ ဝိတ္က်သြားတဲ့အတြက္လည္း ထူးျပီး ဂုဏ္ယူေနတာမ်ိဳးမရွိဘဲ သူ႔မူအတုိင္း က်န္းက်န္းမာမာေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထုိင္ဖုိ႔ကိုပဲ အာရံုစုိက္ေနတဲ့ တကယ့္ခ်စ္စရာအဆုိေတာ္မေလးပါပဲ။
Yoe Lu (Akhayar)
Ref : hollywoodlife.com
[Unicode]
ကိုယ်အလေးချိန် ၃၇ ပေါင်တောင် ကျသွားတဲ့ Kelly Clarkson ရဲ့ ဝိတ်ကျနည်းလျှို့ဝှက်ချက်
အဆိုတော် Kelly Clarkson ဟာ ပင်ကိုပါရမီ အသံကောင်းသလို ဟာသဉာဏ်လည်းရှိ၊ သီချင်းအမျိုးအစားမျိုးစုံလည်း ဆိုနိုင်သူပါ။ သူ့ရဲ့ပင်ကိုစွမ်းရည်ကို ၂၀၁၈ ခုနှစ် Billboard Music Awards မှာ ဖျော်ဖြေသွားတာမှာလည်း ကြည့်နိုင်သလို The Voice မှာ နည်းပြလုပ်ခဲ့တုန်းက သူ့ရဲ့ ချစ်စရာကောင်းပုံလေးနဲ့ အာဝဇ္ဇန်းရွှင်မှုကိုလည်း တွေ့နိုင်ပါတယ်။

Kelly Clarkson in 2018 Billboard Music Award
Kelly Clarkson ဟာ ဝဝပြည့်ပြည့်လေးဖြစ်ပေမယ့် သူ့ရဲ့ ကိုယ်ခန္ဓာအတွက် ဘယ်တော့မှ စိတ်အားမငယ်ခဲ့သူပါ။ တချို့ပရိသတ်တွေက လူမှုကွန်ရက်ပေါ်မှာ သူ့ရဲ့ ဝဖြိုးမှုကို ထောက်ပြဝေဖန်ကြပေမယ့် ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုမပျောက်ဆုံးခဲ့သူပါ။ ခုတော့ လက်ရှိ ကလေး ၄ ယောက်ကို အုပ်ထိန်းနေတဲ့ အသက် ၃၆နှစ်အရွယ် Kelly Clarkson ဟာ နဂိုထက် အလှကြွယ်လို့ ပေါင် ၃၀ ကျော် တိတိကျကျပြောရရင် ၃၇ ပေါင်လောက် ကိုယ်အလေးချိန်ချခဲ့နိုင်ပါပြီ။

Kelly Clarkson
Kelly Clarkson ရဲ့ ၂၀၁၇ ခုနှစ် နှောင်းပိုင်းကနေ ၂၀၁၈ ခုနှစ်အတွင်း ကိုယ်အလေးချိန်ကျသွားပြီး လှလာတာကို ဓာတ်ပုံတွေထဲမှာ သိသိသာသာကို တွေ့နိုင်ပါတယ်။ Kelly ရဲ့ ပေါင် ၃၀ ကျော်ကျတဲ့ ဝိတ်ကျနည်းလျှို့ဝှက်ချက်ကတော့
- သကြားကို သိသိသာသာဖြတ်ပြီး အသီးအရွက်တွေကိုတော့ အရင်ကထက် ပိုစားပါတယ်တဲ့။ သကြားဟာ ကယ်လိုရီတွေတိုးစေသလို အာဟာရဖြစ်စရာလည်း မပါပါဘူး။
- ပြီးတော့ သူဟာ အစားအသောက်ပမာဏကိုလည်း လျှော့ချခဲ့ပြီး ကြက်သားနဲ့ ငါးက ရတဲ့ ပရိုတိန်းကို အဓိကစားသုံးပါတယ်။
- နေ့လည်စာကို အရွက်သုပ်စားပြီး ဆိုဒါသောက်သုံးမှုကိုလည်း ဖြတ်ခဲ့ပါတယ်။

Kelly Clarkson
Kelly Clarkson ကတော့ ဝိတ်ကျသွားတဲ့အတွက်လည်း ထူးပြီး ဂုဏ်ယူနေတာမျိုးမရှိဘဲ သူ့မူအတိုင်း ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ကိုပဲ အာရုံစိုက်နေတဲ့ တကယ့်ချစ်စရာအဆိုတော်မလေးပါပဲ။
Yoe Lu (Akhayar)
Ref : hollywoodlife.com