[Zawgyi]

ငယ္စဥ္က ေျခဗလာနဲ႔ေဘာလုံးကစားခဲ့ၿပီး ၾကိဳးၾကာနီတပ္ဖဲြ႔၀င္သစ္ျဖစ္လာသူ Keita

ေအာင္ျမင္မႈအသီးအပြင့္ဆုိတာက ႏွစ္ေပါင္းမ်ားစြာ မဆုတ္မနစ္တဲ့ဇဲြ၊ ခုိင္မာတဲ့ယုံၾကည္ခ်က္၊ လုံလေတြ ေပါင္းစပ္ၿပီးေတာ့မွ ဆြတ္ခူးရရွိမယ့္အရာတစ္ခုပါ။ က႑အသီးသီးမွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့သူေတြရဲ႕ Biography ကုိ ျပန္ၾကည့္ရင္ အခက္အခဲေတြ၊ စိန္ေခၚမႈေတြကုိ ေက်ာ္ျဖတ္ၿပီးမွ ထိပ္ဆုံးေနရာေတြကုိ ေရာက္ရွိလာသူေတြခ်ည္းပါပဲ။ ႀကိဳးၾကာနီတို႔ရဲ႕ တပ္ဖဲြ႕၀င္သစ္ နာဘီကီတီ Naby Keita ေလွ်ာက္လွမ္းခဲ့ရတဲ့ ခရီးကလည္း ၾကမ္းတမ္းလြန္းခဲ့တယ္။ ကမၻာ႔အဆင္းရဲ႕ဆုံးႏုိင္ငံေတြထဲမွာ အပါအ၀င္ျဖစ္တဲ့ ဂီနီႏုိင္ငံက လုံၿခံဳစိတ္ခ်ရမႈလည္းမရွိ၊ ဆင္းရဲသားအမ်ားစုေနထုိင္တဲ့ Conakry ေဒသမွာ ႀကီးျပင္းခဲ့ရသူ၊ ငယ္စဥ္ကတည္းက ေဘာလုံး Crazy ျဖစ္ခဲ့သူ။

Growing-up-in-Conakry-was-hard-for-many-Africans-including-these-refugees-from-Sierra-Leone

Growing-up-in-Conakry-was-hard-for-many-Africans-including-these-refugees-from-Sierra-Leone

ငယ္စဥ္ဘ၀မွာ ကီတာဟာ လူ႐ႈပ္ေထြးေနတဲ့ လမ္းမေပၚမွာ ေျခဗလာနဲ႔ ေဘာလုံးကစားခဲ့ရၿပီး ဥဒဟုိ သြားေနတဲ့ ကားေတြကုိ ေရွာင္တိမ္းရင္း သူငယ္ခ်င္းေတြနဲ႔အတူတူ ေဘာလုံးကစားခဲ့ရတယ္။ တစ္ခါတစ္ေလ ကားနဲ႔၀င္တိုက္မိတာေတာင္ရွိခဲ့ဖူးတယ္။ ဒါေပမဲ့ အဲဒီအရာေတြက ကီတာရဲ႕ နာမည္ေက်ာ္ေဘာလုံးသမားျဖစ္ခ်င္တဲ့ စိတ္ကုိ မတားဆီးႏုိင္ခဲ့ဘူး။ သူဟာ ေအာင္ျမင္မႈခရီးလမ္းမွာ ဘယ္လုိအတားအဆီးေတြပဲရွိေနပါေစ မေရာက္ေရာက္ေအာင္ သြားဖုိ႔ ဆႏၵျပင္းျပေနတဲ့သူပါပဲ။

Keita-Childhood-

Keita-Childhood-

ကီတာက “ကၽြန္ေတာ္တို႔ကေတာ့ ေဘာလုံးကစားဖုိ႔ဆုိရင္ ဘာနဲ႔ပဲကစားရပါေစ ေဆာ့ၾကတာပါပဲ။ ကၽြန္ေတာ္လည္း ေျခဗလာနဲ႔ ကစားခဲ့ရၿပီး တစ္ခါတစ္ေလေတာ့ ေဟာင္းႏြမ္းစုတ္ျပတ္ေနတဲ့ ဖိနပ္ေတြ ၀င္ဆင္ကစားခဲ့ရတယ္။ ကၽြန္ေတာ့္မွာ ေဘာကန္ဖိနပ္မရွိဘူး။ လက္ေဆာင္ရတဲ့ ေဘာလုံးအက်ႌေတြဆုိ အရမ္းတန္ဖုိးထားတယ္။ အဲဒီအရာေတြက လက္ရွိအခ်ိန္မွာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားတစ္ဦးျဖစ္ဖုိ႔ ကၽြန္ေတာ့္ကုိ တြန္းအားေပးခဲ့တဲ့အရာေတြပါပဲ။ ငယ္ငယ္တုန္းကဆုိရင္ ကၽြန္ေတာ္က လူေကာင္ေသးတယ္။ အဲဒါေၾကာင့္ သူငယ္ခ်င္းေတြနဲ႔ကစားတဲ့ပဲြေတြမွာ ၀င္ကစားခြင့္ရဖုိ႔ အသည္းအသန္ႀကိဳးစားခဲ့ရတယ္။ ပဲြကစားခြင့္ရဖုိ႔၊ ေဘာလုံးရဖုိ႔၊ သူငယ္ခ်င္းေတြရဲ႕ ေလးစားမႈရဖုိ႔အတြက္ေပ့ါ။ အဲဒီအတြက္ လမ္းေပၚမွာ သြားေနတဲ့ ကားေတြကုိေတာင္ ကၽြန္ေတာ္ ဂ႐ုမစုိက္ေတာ့ဘူး”လုိ႔ ငယ္ဘ၀ကုိ ျပန္ေျပာင္းေျပာဆုိခဲ့တယ္။ ကီတာဟာ ဘယ္ေလာက္ေတာင္ ေဘာလုံးကန္ရတာ ၀ါသနာပါလဲဆုိရင္ သူ႔ေရွ႕မွာ ကန္လုိ႔ရတဲ့အရာေတြမွန္သမွ် ေလွ်ာက္ကန္ေနၿပီး သူ႔မိဘေတြက တစ္ခ်ိန္ခ်ိန္က်ရင္ ကီတာဟာ ပ႐ုိေဘာလုံးသမားတစ္ဦးျဖစ္လာမယ္လုိ႔ အခုိင္အမာယုံၾကည္ခဲ့တယ္။

Keita-first-played-for-Horoya-AC-in-Guinea

Keita-first-played-for-Horoya-AC-in-Guinea

အသက္(၉)ႏွစ္အရြယ္မွာ ေဒသတြင္းကလပ္ျဖစ္တဲ့ Horoya AC အသင္းဆီ ေရာက္ရွိခဲ့ၿပီး Conakry ေဒသမွာေတာ့ ကီတာက အေကာင္းဆုံးေဘာလုံးသမားတစ္ဦးျဖစ္ခဲ့ပါတယ္။ အသက္(၁၂)ႏွစ္အရြယ္ေလာက္မွာ ပရီးမီးယားလိဂ္ပဲြေတြကုိ TV ကေန တစ္ဆင့္ၾကည့္႐ႈခြင့္ရခဲ့ၿပီး တစ္ခ်ိန္ခ်ိန္က်ရင္ ထိပ္တန္းလိဂ္ၿပိဳင္ပဲြမွာ ကစားခြင့္ရဖုိ႔ အိပ္မက္က ပုိျပင္းထန္လာခဲ့တယ္။ “ကၽြန္ေတာ္ ေဘာလုံးသမားျဖစ္ခ်င္တာက ေဘာလုံးပဲြေတြကုိ ခ်စ္ျမတ္ႏုိး႐ုံတင္မဟုတ္ဘဲ မိသားစုကုိ ေထာက္ပံ့ေပးဖုိ႔ ရည္ရြယ္ခ်က္လည္းပါပါတယ္”။ ကီတာဟာ ဂီနီစစ္တပ္ရဲ႕ကေလးစစ္သားစုေဆာင္းေရးမွာ အဆဲြခံရဖုိ႔ နီးစပ္ခဲ့ေပမယ့္ ကံေကာင္းေထာက္မလုိ႔ လြတ္ေျမာက္ခဲ့တာျဖစ္ၿပီး မဟုတ္ရင္ ေဘာလုံးသမားမျဖစ္ဘဲ စစ္သားဘ၀နဲ႔ အဆုံးသတ္ရမယ့္ကိန္ပါပဲ။

Keita-wear-No-8-

Keita-wear-No-8-

ကီတာရဲ႕ဖခင္က လီဗာပူးလ္ Crazy Fan တစ္ဦးျဖစ္ၿပီး သူ႔အေဖရဲ႕ အားေပးမႈေၾကာင့္ ကီတာလည္း လီဗာပူးလ္ပရိသတ္တစ္ဦး ျဖစ္မွန္းမသိျဖစ္ခဲ့ရတယ္။ တစ္ဆက္တည္း သူ႔သူငယ္ခ်င္းေတြပါ လီဗာပူးလ္ပရိသတ္ေတြျဖစ္လာေတာ့တာပါပဲ။ ထိပ္သီးေဘာလုံးသမားျဖစ္ခ်င္ရင္ ျပည္ပကုိ ထြက္ကစားမွျဖစ္တာေၾကာင့္ အသက္(၁၆)ႏွစ္အရြယ္မွာ ကီတာ ျပင္သစ္ေျမကုိ စတင္ေျခခ်ခဲ့ပါေတာ့တယ္။ ကုိယ္မကၽြမ္းက်င္တဲ့နယ္ေျမ၊ မတူညီတဲ့ဘာသာစကား စတဲ့ျပႆနာေတြနဲ႔အတူ ကီတာအတြက္ စိန္ေခၚမႈေတြက စတင္ေတာ့တာပါပဲ။ ေလာ္ရီယန္႔အပါအ၀င္ ျပင္သစ္ကလပ္ေတာ္ေတာ္မ်ားမ်ားမွာ အစမ္းေလ့က်င့္မႈေတြလုပ္ခဲ့ေပမယ့္ ျငင္းဆန္ခံခဲ့ရတယ္။ ကီတာကုိ လီမန္႔စ္အသင္းက ေခၚယူလုိေပမယ့္လည္း သူတို႔အသင္းရဲ႕ ဘတ္ဂ်က္အေျခအေနအရ လက္လႊတ္ခဲ့ရၿပီး ကီတာအတြက္ ကံေကာင္းမႈတစ္ခုလုိ႔ပဲဆုိရမလား၊ ကစားသမားေကာင္းတစ္ဦးကုိ လက္လႊတ္ခဲ့ရတဲ့အတြက္ လီမန္႔စ္အသင္း ကံဆုိးမႈပဲ ဆုိရမလား။

Keita-and-Mane

Keita-and-Mane

၂၀၁၃ ခုႏွစ္မွာ ျပင္သစ္ကလပ္ FC Istres အသင္းက ကီတာကုိ ေခၚယူခဲ့ၿပီး တစ္ရာသီအၾကာမွာပဲ ၾသစႀတီးယားကလပ္ ဆာလ္ဘာ့ဂ္အသင္းဆီ ေရာက္ရွိခဲ့တယ္။ ဆာလ္ဘာ့ဂ္အသင္းမွာ သူ႔ရဲ႕အေကာင္းဆုံးသူငယ္ခ်င္းက အခု လီဗာပူးလ္အသငး္ေဖာ္ မာေနး Mane ပါ။ “မာေနးဟာ ကၽြန္ေတာ့္ကုိ အစစအရာရာ ကူညီခဲ့တယ္။ ဘာသာစကား၊ မိတ္ေဆြဖဲြ႕ဖုိ႔၊ အသင္းနဲ႔ဒီၿမိဳ႕အေၾကာင္းကုိ နားလည္ဖုိ႔ အားလုံးေပါ့။ မာေနးဟာ အရင္တုန္းကေရာ အခုအထိ ကၽြန္ေတာ့္ဘ၀အတြက္အေရးပါတဲ့သူတစ္ေယာက္ပါ။ ကၽြန္ေတာ့္အတြက္ေတာ့ သူဟာ အကုိႀကီးတစ္ေယာက္လုိပါပဲ”။၂၀၁၆ ခုႏွစ္မွာ ဂ်ာမန္ကလပ္ လုိက္ပ္ဇစ္အသင္းဆီေရာက္ရွိခဲ့ခ်ိန္မွာ ကီတာရဲ႕ကစားသမားဘ၀ ေအာင္ျမင္မႈခရီးလမ္း စတင္ခ်ိန္လုိ႔ဆုိရမယ္။ လုိက္ပ္ဇစ္အသင္းနဲ႔အတူ ေတာက္ပလာတဲ့ ကီတာကုိ ၿပီးခဲ့တဲ့ရာသီမွာပဲ လီဗာပူးလ္အသင္းက ေခၚယူဖုိ႔ သေဘာတူညီမႈရခဲ့တယ္။

Gerrard-and-Keita

Gerrard-and-Keita

အခုဆုိရင္ ကီတာဟာ ငယ္စဥ္ကတည္းက အားေပးခဲ့ရတဲ့ လီဗာပူးလ္အသငး္မွာ ကစားခြင့္ရၿပီ၊ သူကစားခ်င္တဲ့ ပရီးမီးယားလိဂ္လုိ ထိပ္သီးၿပိဳင္ပဲြမွာလည္း ကစားခြင့္ရၿပီ။ လီဗာပူးလ္အသင္းရဲ႕ဂႏၳ၀င္ကစားသမား ဂ်ရတ္ Gerrard ၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၈)ကုိလည္း ၀တ္ဆင္ခြင့္ရခဲ့ၿပီ ေနာက္ထပ္အိပ္မက္ျဖစ္တဲ့ နာမည္ေက်ာ္ေဘာလုံးသမားျဖစ္ဖုိ႔ အိပ္မက္ကလည္း ျဖစ္ခြင့္ရမလားဆိုတာေတာ့ . . .

REF:The Sun
Photo:AS,ducorsports,buzzercast.,TheSun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ငယ်စဉ်က ခြေဗလာနဲ့ဘောလုံးကစားခဲ့ပြီး ကြိုးကြာနီတပ်ဖွဲ့ဝင်သစ်ဖြစ်လာသူ Keita

အောင်မြင်မှုအသီးအပွင့်ဆိုတာက နှစ်ပေါင်းများစွာ မဆုတ်မနစ်တဲ့ဇွဲ၊ ခိုင်မာတဲ့ယုံကြည်ချက်၊ လုံလတွေ ပေါင်းစပ်ပြီးတော့မှ ဆွတ်ခူးရရှိမယ့်အရာတစ်ခုပါ။ ကဏ္ဍအသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့သူတွေရဲ့ Biography ကို ပြန်ကြည့်ရင် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီးမှ ထိပ်ဆုံးနေရာတွေကို ရောက်ရှိလာသူတွေချည်းပါပဲ။ ကြိုးကြာနီတို့ရဲ့ တပ်ဖွဲ့ဝင်သစ် နာဘီကီတီ Naby Keita လျှောက်လှမ်းခဲ့ရတဲ့ ခရီးကလည်း ကြမ်းတမ်းလွန်းခဲ့တယ်။ ကမ္ဘာ့အဆင်းရဲ့ဆုံးနိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ဂီနီနိုင်ငံက လုံခြုံစိတ်ချရမှုလည်းမရှိ၊ ဆင်းရဲသားအများစုနေထိုင်တဲ့ Conakry ဒေသမှာ ကြီးပြင်းခဲ့ရသူ၊ ငယ်စဉ်ကတည်းက ဘောလုံး Crazy ဖြစ်ခဲ့သူ။

Growing-up-in-Conakry-was-hard-for-many-Africans-including-these-refugees-from-Sierra-Leone

Growing-up-in-Conakry-was-hard-for-many-Africans-including-these-refugees-from-Sierra-Leone

ငယ်စဉ်ဘဝမှာ ကီတာဟာ လူရှုပ်ထွေးနေတဲ့ လမ်းမပေါ်မှာ ခြေဗလာနဲ့ ဘောလုံးကစားခဲ့ရပြီး ဥဒဟို သွားနေတဲ့ ကားတွေကို ရှောင်တိမ်းရင်း သူငယ်ချင်းတွေနဲ့အတူတူ ဘောလုံးကစားခဲ့ရတယ်။ တစ်ခါတစ်လေ ကားနဲ့ဝင်တိုက်မိတာတောင်ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီအရာတွေက ကီတာရဲ့ နာမည်ကျော်ဘောလုံးသမားဖြစ်ချင်တဲ့ စိတ်ကို မတားဆီးနိုင်ခဲ့ဘူး။ သူဟာ အောင်မြင်မှုခရီးလမ်းမှာ ဘယ်လိုအတားအဆီးတွေပဲရှိနေပါစေ မရောက်ရောက်အောင် သွားဖို့ ဆန္ဒပြင်းပြနေတဲ့သူပါပဲ။

Keita-Childhood-

Keita-Childhood-

ကီတာက “ကျွန်တော်တို့ကတော့ ဘောလုံးကစားဖို့ဆိုရင် ဘာနဲ့ပဲကစားရပါစေ ဆော့ကြတာပါပဲ။ ကျွန်တော်လည်း ခြေဗလာနဲ့ ကစားခဲ့ရပြီး တစ်ခါတစ်လေတော့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဖိနပ်တွေ ဝင်ဆင်ကစားခဲ့ရတယ်။ ကျွန်တော့်မှာ ဘောကန်ဖိနပ်မရှိဘူး။ လက်ဆောင်ရတဲ့ ဘောလုံးအကျႌတွေဆို အရမ်းတန်ဖိုးထားတယ်။ အဲဒီအရာတွေက လက်ရှိအချိန်မှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်ဖို့ ကျွန်တော့်ကို တွန်းအားပေးခဲ့တဲ့အရာတွေပါပဲ။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော်က လူကောင်သေးတယ်။ အဲဒါကြောင့် သူငယ်ချင်းတွေနဲ့ကစားတဲ့ပွဲတွေမှာ ဝင်ကစားခွင့်ရဖို့ အသည်းအသန်ကြိုးစားခဲ့ရတယ်။ ပွဲကစားခွင့်ရဖို့၊ ဘောလုံးရဖို့၊ သူငယ်ချင်းတွေရဲ့ လေးစားမှုရဖို့အတွက်ပေ့ါ။ အဲဒီအတွက် လမ်းပေါ်မှာ သွားနေတဲ့ ကားတွေကိုတောင် ကျွန်တော် ဂရုမစိုက်တော့ဘူး”လို့ ငယ်ဘဝကို ပြန်ပြောင်းပြောဆိုခဲ့တယ်။ ကီတာဟာ ဘယ်လောက်တောင် ဘောလုံးကန်ရတာ ဝါသနာပါလဲဆိုရင် သူ့ရှေ့မှာ ကန်လို့ရတဲ့အရာတွေမှန်သမျှ လျှောက်ကန်နေပြီး သူ့မိဘတွေက တစ်ချိန်ချိန်ကျရင် ကီတာဟာ ပရိုဘောလုံးသမားတစ်ဦးဖြစ်လာမယ်လို့ အခိုင်အမာယုံကြည်ခဲ့တယ်။

Keita-first-played-for-Horoya-AC-in-Guinea

Keita-first-played-for-Horoya-AC-in-Guinea

အသက်(၉)နှစ်အရွယ်မှာ ဒေသတွင်းကလပ်ဖြစ်တဲ့ Horoya AC အသင်းဆီ ရောက်ရှိခဲ့ပြီး Conakry ဒေသမှာတော့ ကီတာက အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ အသက်(၁၂)နှစ်အရွယ်လောက်မှာ ပရီးမီးယားလိဂ်ပွဲတွေကို TV ကနေ တစ်ဆင့်ကြည့်ရှုခွင့်ရခဲ့ပြီး တစ်ချိန်ချိန်ကျရင် ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရဖို့ အိပ်မက်က ပိုပြင်းထန်လာခဲ့တယ်။ “ကျွန်တော် ဘောလုံးသမားဖြစ်ချင်တာက ဘောလုံးပွဲတွေကို ချစ်မြတ်နိုးရုံတင်မဟုတ်ဘဲ မိသားစုကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်လည်းပါပါတယ်”။ ကီတာဟာ ဂီနီစစ်တပ်ရဲ့ကလေးစစ်သားစုဆောင်းရေးမှာ အဆွဲခံရဖို့ နီးစပ်ခဲ့ပေမယ့် ကံကောင်းထောက်မလို့ လွတ်မြောက်ခဲ့တာဖြစ်ပြီး မဟုတ်ရင် ဘောလုံးသမားမဖြစ်ဘဲ စစ်သားဘဝနဲ့ အဆုံးသတ်ရမယ့်ကိန်ပါပဲ။

Keita-wear-No-8-

Keita-wear-No-8-

ကီတာရဲ့ဖခင်က လီဗာပူးလ် Crazy Fan တစ်ဦးဖြစ်ပြီး သူ့အဖေရဲ့ အားပေးမှုကြောင့် ကီတာလည်း လီဗာပူးလ်ပရိသတ်တစ်ဦး ဖြစ်မှန်းမသိဖြစ်ခဲ့ရတယ်။ တစ်ဆက်တည်း သူ့သူငယ်ချင်းတွေပါ လီဗာပူးလ်ပရိသတ်တွေဖြစ်လာတော့တာပါပဲ။ ထိပ်သီးဘောလုံးသမားဖြစ်ချင်ရင် ပြည်ပကို ထွက်ကစားမှဖြစ်တာကြောင့် အသက်(၁၆)နှစ်အရွယ်မှာ ကီတာ ပြင်သစ်မြေကို စတင်ခြေချခဲ့ပါတော့တယ်။ ကိုယ်မကျွမ်းကျင်တဲ့နယ်မြေ၊ မတူညီတဲ့ဘာသာစကား စတဲ့ပြဿနာတွေနဲ့အတူ ကီတာအတွက် စိန်ခေါ်မှုတွေက စတင်တော့တာပါပဲ။ လော်ရီယန့်အပါအဝင် ပြင်သစ်ကလပ်တော်တော်များများမှာ အစမ်းလေ့ကျင့်မှုတွေလုပ်ခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်။ ကီတာကို လီမန့်စ်အသင်းက ခေါ်ယူလိုပေမယ့်လည်း သူတို့အသင်းရဲ့ ဘတ်ဂျက်အခြေအနေအရ လက်လွှတ်ခဲ့ရပြီး ကီတာအတွက် ကံကောင်းမှုတစ်ခုလို့ပဲဆိုရမလား၊ ကစားသမားကောင်းတစ်ဦးကို လက်လွှတ်ခဲ့ရတဲ့အတွက် လီမန့်စ်အသင်း ကံဆိုးမှုပဲ ဆိုရမလား။

Keita-and-Mane

Keita-and-Mane

၂၀၁၃ ခုနှစ်မှာ ပြင်သစ်ကလပ် FC Istres အသင်းက ကီတာကို ခေါ်ယူခဲ့ပြီး တစ်ရာသီအကြာမှာပဲ သြစတြီးယားကလပ် ဆာလ်ဘာ့ဂ်အသင်းဆီ ရောက်ရှိခဲ့တယ်။ ဆာလ်ဘာ့ဂ်အသင်းမှာ သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းက အခု လီဗာပူးလ်အသင်းဖော် မာနေး Mane ပါ။ “မာနေးဟာ ကျွန်တော့်ကို အစစအရာရာ ကူညီခဲ့တယ်။ ဘာသာစကား၊ မိတ်ဆွေဖွဲ့ဖို့၊ အသင်းနဲ့ဒီမြို့အကြောင်းကို နားလည်ဖို့ အားလုံးပေါ့။ မာနေးဟာ အရင်တုန်းကရော အခုအထိ ကျွန်တော့်ဘဝအတွက်အရေးပါတဲ့သူတစ်ယောက်ပါ။ ကျွန်တော့်အတွက်တော့ သူဟာ အကိုကြီးတစ်ယောက်လိုပါပဲ”။၂၀၁၆ ခုနှစ်မှာ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းဆီရောက်ရှိခဲ့ချိန်မှာ ကီတာရဲ့ကစားသမားဘ၀ အောင်မြင်မှုခရီးလမ်း စတင်ချိန်လို့ဆိုရမယ်။ လိုက်ပ်ဇစ်အသင်းနဲ့အတူ တောက်ပလာတဲ့ ကီတာကို ပြီးခဲ့တဲ့ရာသီမှာပဲ လီဗာပူးလ်အသင်းက ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တယ်။

Gerrard-and-Keita

Gerrard-and-Keita

အခုဆိုရင် ကီတာဟာ ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ လီဗာပူးလ်အသင်းမှာ ကစားခွင့်ရပြီ၊ သူကစားချင်တဲ့ ပရီးမီးယားလိဂ်လို ထိပ်သီးပြိုင်ပွဲမှာလည်း ကစားခွင့်ရပြီ။ လီဗာပူးလ်အသင်းရဲ့ဂန္ထဝင်ကစားသမား ဂျရတ် Gerrard ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၈)ကိုလည်း ဝတ်ဆင်ခွင့်ရခဲ့ပြီ နောက်ထပ်အိပ်မက်ဖြစ်တဲ့ နာမည်ကျော်ဘောလုံးသမားဖြစ်ဖို့ အိပ်မက်ကလည်း ဖြစ်ခွင့်ရမလားဆိုတာတော့ . . .

REF:The Sun
Photo:AS,ducorsports,buzzercast.,TheSun
Naing Linn(Akhayar)
www.akhayar.com